မောင်တောမှာ ပထွေးကအဓမ္မပြုကျင့်ခဲ့မှု ခြောက်လခန့်အကြာမှာ ဖော်ထုတ်နိုင်

သန့်ရှင်းထွန်း

မောင်တောမြို့နယ် ခရေမြိုင်(ချရားတန်း)ကျေးရွာက အသက် ၁၂ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို ပထွေး ဖြစ်သူက အဓမ္မပြုကျင့်ခဲ့တဲ့ဖြစ်စဉ်ကို ခြောက်လခန့်အကြာမှာ ဖော်ထုတ်နိုင်ခဲ့ပြီး ပြစ်မှုကျူးလွန်သူကို အာရက္ခ တပ်တော်(AA)က ဖမ်းဆီးထားတယ်လို့ ရွာခံတွေက ပြောပါတယ်။

မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့တဲ့ဖြစ်စဉ်ဟာ ပြီးခဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလကဖြစ်ပွါးခဲ့တာဖြစ်ပေမယ့် အမှု မပေါ် ဖို့ ကလေးရော၊ ကလေးအမေကိုပါ ခြိမ်းခြောက်ထားခဲ့တာလို့ဆိုပါတယ်။

ပြစ်မှုကျူးလွန်သူဟာ မိန်းကလေးငယ်ရဲ့ မိခင်၏နောက်အိမ်ထောင်ဖြစ်ပြီး သားသမီးသုံးယောက်ရှိတယ်လို့ ရွာသားတွေက ပြောပါတယ်။

မိန်းကလေးငယ်ကို အဓမ္မပြုကျင့်တဲ့ ဖြစ်စဉ်ကို သိရှိနေကြတဲ့ ရွာသားတွေဟာ မျက်မြင်သက်သေတွေနဲ့အတူ အာရက္ခတပ်တော်(AA)ဆီကို သွားရောက်တိုင်တန်းခဲ့တာကြောင့် ယမန်နေ့ ဧပြီ ၂၇ ရက်မှာ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ရခိုင်ပြည်မှာ သက်ငယ်မုဒိမ်းမှုတွေ မကြာခဏဖြစ်ပွါးနေတာကို တွေ့ရပြီး ပြစ်မှုကျူးလွန်သူအများစုဟာ ဆွေ မျိုးသားချင်းတွေ၊ အိမ်ကိုမကြာခဏ အဝင်အထွက်ရှိသူတွေ၊ မူးယစ်ဆေးဝါးသုံးစွဲသူတွေဖြစ်တယ်လို့ ရခိုင် အခြေစိုက် အမျိုးသမီးအဖွဲ့အစည်းက တာဝန်ရှိသူတချို့က ပြောပါတယ်။

Author: