လက်ကျိုးခဲ့ပေမယ့် စိတ်ဓါတ်ကျိုးမကြေခဲ့တဲ့ ဆရာမနှစ်ဦး

ဆရာမ နှစ်ဦးကို ဘယ်ပုဒ်မတွေနဲ့ဖမ်းဆီးခဲ့တယ်ဆိုတာတွေကို အတိအကျမသိရပေမယ့် သူတို့နှစ်ဦးကို ခံဝန် ချက်နဲ့ “ရုံးမတင်သောတရားခံ”ဆိုတဲ့ ခေါင်းစဉ်နဲ့ပြန်လွှတ်ပေးတယ်ဆိုပါတယ်။ ကျမအနေနဲ့က ဥပဒေပညာ ရှင်လည်းမဟုတ်တော့ ဒီခံဝန်ချက်၊ ရုံးမတင်သောတရားခံစတဲ့ အသုံးအနှုန်းခေါင်းစဉ်အပေါ်ကို သေချာနားမ လည်သလို ငြင်းချက်ထုတ်ရှင်းလင်းမှုလည်း မလုပ်လိုပါဘူး။

အမျိုးသမီးအုပ်ချုပ်ရေးမှူးအိပ်မက် ပျယ်လွင့်ခဲ့ရသူ

“ ကျွန်မပြန်အရွေးခံဖို့တော့မရှိဘူး။ ဘာလို့လဲဆို ကျွန်မလည်း စစ်အာဏာအောက်မှာမနေချင်ဘူး။ မကြိုက်ဘူး စစ်အုပ်ချုပ်တာကို။ လာလုပ်ခိုင်းရင်လည်း လက်မခံဘူး။”

ပြည်သူ့နှလုံး တုန်လှုပ်သွားစေခဲ့တဲ့ အာဂသားအမိ

" မေ့မေ့ကိုမဖမ်းနဲ့။ သားသားမာမားက လူကောင်းနော်။ မေ့မေ့ကိုမဖမ်းနဲ့ခင်ဗျားတို့ကမယုံရဘူး"

နေပြည်တော်ဆန္ဒပြပွဲတွင်ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသည့် အမျိုးသမီးများနှင့်မေးမြန်းချက်

“ ညီမတို့ကို အခုလို ဖမ်းလိုက်လို့ ညီမတို့က ရပ်တန့်သွားမှာတော့မဟုတ်ဘူး။ ညီမတို့ကို အပြင်ပန်းသဏ္ဍာန်ကိုသာ ဖမ်းလို့ ရတာလေ။ စိတ်ပိုင်းဆိုင်ရာခံစားချက်ကိုတော့ သူတို့တားလို့မရပါဘူး။” - မသက်နှင်း (CDM ဝန်ထမ်းတစ်ဦး)

ရပ်ရွာလုံခြုံရေး စိတ်မအေးနိုင်တဲ့ အမျိုးသမီးကင်းသမားတွေ

“ မိန်းကလေးလူငယ်တွေ ထွက်တာက တခုခုများလမ်းထိပ်မှာ တခြားအဖွဲ့အစည်းက တိုက်ခိုက်တာ မျိုးရှိရင် ဒေါသ အလျောက်တုံ့ပြန်တာက ယောကျာ်းလေးအများစုက တုံ့ပြန်တတ်တယ်။ အဲ့လိုမလုပ်ဖြစ်အောင် မိန်းကလေး တွေက ထိန်းတဲ့သဘောမျိုးနဲ့ စောင့်ဖြစ်တာ”

စစ်အာဏာရှင်ကို အံတုတွန်းလှန်နေကြတဲ့ အမျိုးသမီးသတင်းသမားတွေ

“ မိသားစုအတွက် ဒီအလုပ်မလုပ်ရလို့ ငတ်မယ်ဆိုလည်း ငတ်ပါစေတော့ဆိုပြီး ထွက်လိုက်တာ။ ကျွန်မစိတ်ထဲမှာ ကျွန်မ မြဝတီသတင်းစာကပါလို့ အင်တာဗျူးလုပ်လိုက်တဲ့အခါမျိုးမှာ သူတို့ဘက်က တိတ်ဆိတ်သွားတာက နားထောင်ပြီးတော့ ကိုယ်တိုင်အပြစ်သားတယောက်လို ခံစားရတယ်”

အမှောင်ခေတ်ထဲ ပြန်ရောက်မှာကြောက်နေတဲ့ တိုင်းရင်းသူတွေရဲ့သောက

“ သူတို့ကတော့ လက်နက်ကြီးတွေနဲ့ကိုင်ပြီး အာဏာသိမ်းတယ်။ အမေတို့မှာ လက်နက်မပြောနဲ့ပညာတောင်မရှိတော့ အမှားလုပ်မိမှာပဲ စိုးရိမ်နေရတယ်။” - ပအိုဝ်းတိုင်းရင်းသူကြီး မွိုးအုတ်

အိပ်မက်တွေအတွက် အာဏာရှင်ကို တွန်းလှန်မယ့် အမျိုးသမီးငယ်တွေ

“အာဏာသိမ်းတဲ့အတွက်ညီမတို့ ပညာရေးတွေအများကြီးထိခိုက်မယ်။ ပညာရေးတွေဆုံးခန်းမတိုင်ဘဲ တဝက်တပြက်ပဲ ရပ်သွားမလား ဆိုတာ တွေးမိရုံနဲ့ စိတ်တိုတယ်” - မဧကရီ

အာဏာရှင်ကိုတော်လှန်ဖို့ လမ်းမပေါ်ရောက်လာရတဲ့ သားသည်မိခင်တွေ

မိခင်တွေဟာ လသားအရွယ် ကလေးငယ်တွေကို ချီပိုး၊ အရွယ်ငယ်ငယ်ကလေးငယ်တွေကို လက်ဆွဲပြီး ရာသီဥတုဒဏ် ကို အံတုကာ လမ်းလျှောက်ဆန္ဒပြဖို့ ကိစ္စဟာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အဲ့ဒီအခက်အခဲတွေ မမှုဘဲ အာဏာရှင်စနစ်တွန်းလှန်မှုမှာ တစ်တပ်တစ်အား ပါဝင်လာကြတာပါ။ မူလက ကလေးတွေရဲ့ ပညာရေး၊ ကျန်းမာရေးအတွက် ဆွေးနွေးဖို့ မိခင်တွေစုပေါင်းထားတဲ့ အစုအဖွဲ့ကနေ စစ်အာဏာသိမ်းတဲ့ ဖြစ်စဉ်မှာတော့ တစ်ထောင့်တစ်နေရာက ပါဝင်ဖို့လိုအပ်တယ်လို့ ယူဆတဲ့အတွက် လမ်းပေါ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ကြ တယ်လို့ နိုင်င်ငံလုံးဆိုင်ရာမိခင်များသမဂ္ဂ အဖွဲ့ဝင်တွေကဆိုပါတယ်။ မိခင်တွေအနေနဲ့ ရင်သွေးငယ်တွေကို စစ်ကျွန်ပညာရေး အမွေမပေးလိုတဲ့အတွက် ရင်သွေးငယ်တွေရဲ့ အနာဂတ်အတွက် နိုင်ငံလုံးဆိုင်ရာ မိခင်များသမဂ္ဂကို ရန်ကုန်၊မန္တလေး၊ စစ်ကိုင်းနဲ့ ဧရာဝတီတိုင်းတွေမှာရှိတဲ့ မိခင်တွေစုပေါင်းပြီး ဖေဖော်ဝါရီလ (၅)ရက်နေ့က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ နိုင်ငံလုံးဆိုင်ရာ မိခင်များသမဂ္ဂအဖွဲ့ဝင်နှစ်ရာနီးပါး ရှိပြီဖြစ်ပါတယ်။