Tag Archive for: စစ်ဘေးရှောင်

သားသမီးပညာရေး စိုးရိမ်ပူပန်နေကြရတဲ့ ရခိုင်ကမိခင်များ

မြန်မာနိုင်ငံမှာအဆင်းရဲဆုံးဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် အသက်ဆုံးရှုံးမှုတွေ၊ ပစ္စည်းဥစ္စာဆုံးရှုံးမှုတွေ၊ စီးပွားရေးဆုံးရှုံးမှုတွေနှင့်အတူ ပညာရေးဆုံးရှုံးမှုတွေကိုပါ ဆက်ပြီးခံနေရတာကြောင့် သားသမီးပညာရေးကိုတော့ မဆုံးရှုံးချင်ဘူးလို့ ဒေါ်ညိုက ပြောပါတယ်။

ပဋိပက္ခဒေသတွင်းက ကျောင်းဖွင့်ချိန်နှင့် မိဘတွေရဲ့သောက

မြို့ပြဒေသမှာငွေကြေးတက်နိုင်တဲ့ မိဘတွေက နိုင်ငံတကာနဲ့ ပုဂ္ဂလိကကျောင်းတွေရွေးချယ်နိုင်ကြပေမယ့် ငွေကြေးမတက်နိုင်တဲ့ မိဘတွေက စစ်ကောင်စီလက်အောက်ခံ အစိုးရကျောင်းတွေမှာလည်း မထားချင်၊ နိုင်ငံတကာနဲ့ ပုဂ္ဂလိက ကျောင်းတွေလည်း မတက်နိုင်၊ အခြားအားကိုးစရာပြည်သူ့အစိုးရရဲ့ အွန်လိုင်းကျောင်း အချို့ကလည်း နည်းပညာနဲ့ အလှမ်း ဝေးပြီး လက်လှမ်းမမှီနိုင်တဲ့အတွက် ကလေးပညာရေးအတွက် စိတ်ပူပန်နေရပါတယ်။

ရခိုင်တိုက်ပွဲ လေးလကျော်အတွင်း အမျိုးသမီး ၆၀ ကျော်သေဆုံးပြီး ၂၀၀ နီးပါးထိခိုက်ဒဏ်ရာရရှိ

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၃ ရက်က စတင်ဖြစ်ပွါးခဲ့တဲ့ ရခိုင်တိုက်ပွဲလေးလကျော်ကာလအတွင်းမှာ အမျိုးသမီး ၆၀ ကျော်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ (၁၉၈ ဦး) ၂၀၀ နီးပါးထိရှိတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က ဧပြီလ ၃ ရက် နေ့ မှာ ထုတ်ပြန်ခဲ့ပါတယ်။

ကိုယ်ဝန်သည် ကလေးမွေးဖွားခြင်းကို လက်မခံနိုင်သေးတဲ့ ရှေးဓလေ့ထုံးစံတွေ

“ မိန်းမက ဗိုက်နာလို့ ကလေးမွေးချင်နေပြီ။ ရွာကသက်ကြီးအများစုက မွေးခွင့်မပေးတဲ့ကြားမှာ ကျနော်ဘာလုပ်လို့ လုပ်ရမှန်း မသိဖြစ်သွားတယ်။ လက်နက်ကြီးကိုကြောက်လို့ထွက်ပြေးလာတာ၊ ရွာကလူတွေက လက်နက်ကြီးထက် ကြောက်စရာ ကောင်းနေတယ်။”

လောက်ကိုင်ကနေ တိုက်ပွဲတွေကြား အသက်လုပြေးခဲ့ရတဲ့ အမျိုးသမီးများ

လောက်ကိုင်မြို့ ဟာ စစ်ရေးပဋိပက္ခ မဖြစ်ခင်မှာတော့ အွန်လိုင်း လိမ်လည်မှု (ကျားဖြန့်)၊ ကာစီနို၊ ဖဲရှိုး၊ ဖဲဝေတဲ့ လုပ်ငန်းတွေ၊ ပန်းရံလုပ်သားတွေ၊ ဟိုတယ်ဝန်ထမ်းတွေ၊ သန့်ရှင်းရေး လုပ်သားတွေနဲ့ အသက်အရွယ်အစုံ ဝင်ငွေ ရှာကောင်းတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

စစ်ပွဲကြားက မေ့လျော့ခံ စစ်ရှောင်အမျိုးသမီးတွေ

တိုက်ပွဲဖြစ်တိုင်းမှာ စစ်တပ်ရဲ့ မုဒိမ်းကျင့်၊ သတ်ဖြတ်တာတွေ၊ နှိပ်စက်ညှင်းပန်းတာ၊ အတင်းအဓ္ဓမ ခိုင်းစေတာ ပေါ်တာဆွဲခံရတာ စတဲ့ အကြမ်းဖက်မှုတွေကို အမျိုးသမီးတွေက နည်းမျိုးစုံနဲ့ ခံနေကြရတယ်။

အာဏာရှင်ကြောင့် အာဟာရပြည့်ဖို့ တိုက်ပွဲဝင်နေရတဲ့ လူမမယ်တွေ

“ကလေးက အစာလည်းမစားဘူး။ ထမင်းလည်းမစားဘူး။ နို့ကောင်းကောင်းလည်းမစို့ဘူး။ ဒါပေမယ့် ဘာမှလည်း မဝယ်ပေး နိုင်ဘူး။”

တိုက်ပွဲတွေကြား ရတက် မအေးရတဲ့ ရခိုင်ပြည်သူတွေ 

“စစ်ကောင်စီက ရခိုင်ပြည်မှာ ရှိတဲ့သူတွေကို သေနတ်နဲ့ ပစ်သတ်တာထက် အစာရေစာ ငတ်ပြီး သေအောင် လုပ်နေတာလို့ မြင်တယ်။ ကိုယ့်ကိုယ်ကိုတော့ အစိုးရလုပ်ပြီး ပြည်သူတွေအတွက်က ဘာမှမလုပ်ပေးနိုင်ဘူး။”

ဖျားနာမှုကြောင့် သေဆုံးမှုရှိလာတဲ့စစ်ရှောင်တွေ

“ ဒီမှာဘာဆေးမှမရှိဘူး။ ဆေးအလှူရှိပေမယ့် အဖျားပျောက်ဆေးပဲရှိတာ။ ဌက်ဖျားဆေးက ဖြစ်တဲ့သူများတော့ မျှသောက် ရတယ်။ ဆေးမရှိလို့သေရတာတဲ့ တကယ်ရင်နာရတယ်။”