
ဂျဲန်ဒါအရေး ဒိုင်ယာလော့ စကားဝိုင်း – Gender Dialogue
ဂျန်ဒါ ဒိုင်ယာလော့အစီအစဉ်ဟာဆိုရင် ဂျဲန်ဒါအရေးကို ပြည်သူလူထုတွေက အမျိုးသမီးနဲ့ပဲ ဆိုင်တယ်လို့ မမြင်ပဲ အားလုံးနဲ့ ဆိုင်တာကို အတွေးအခေါ် /အမြင်တွေ မြင်လာစေဖို့နဲ့ တော်လှန်ရေး ကာလအတွင်းမှာ ဂျဲန်ဒါအရေးကိုလည်း အရေးကြီးသည့်ကဏ္ဍတခုအဖြစ် ထည့်သွင်းစဉ်းစားလာဖို့အတွက် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ပါတယ်။

ကျောင်းဖွင့်ရာသီကပေးတဲ့ စစ်ဘေးရှောင်မိခင်များအတွက် သောကအပူမီး
ကလေးကျောင်းတက်နေတာ ၃ ယောက်တော့ ရှိတယ်။ စစ်ရှောင်လာတာကလည်း ဘာမှ မပါလာတော့ ဘာမှမ မရှိဘူးလေ။ အလုပ်လည်း မရှိ ခြံလည်း မရှိတော့ ဘာလုပ်စားရမှန်း မသိ။ စားဝတ်နေရေးက တစ်ဖက်နဲ့ ကျောင်းစရိတ်ကလည်း များတော့ မလွယ်ဘူး။
ကျမတို့မှာ ရွေးချယ်စရာ များများစားစား မရှိဘူး။ သားသမီးအတွက် ကျောင်းစရိတ်က တစ်ဖက်နဲ့ဆိုတော့ တော်တော်လေးတော့ ရုန်းကန်နေရတယ်။ အိမ်လည်း ဘယ်အချိန်မှ ပြန်ရမှာလဲ မသိဘူး။

ရဲဝံ့စွန့်စား ကျန်းမာရေး စေတနာ့ဝန်ထမ်း အမျိုးသမီးများ
ကိုယ့်လုံခြုံရေးက မကောင်းဘူး။ ဒါပေမယ့် ကျမ ဒီအလုပ်ကို ဆက်မလုပ်ရင် ဆေးပေးခန်းမရှိတဲ့ ဒေသခံတွေ တော်တော်လေး ခက်ခဲနေလိမ့်မယ်။ ဆေးရုံသွားဖို့ကလည်းဝေး လမ်းခရီးက ကြမ်းဆိုတော့။ ဒါကြောင့်လည်း ဒီအလုပ်ကိုတော့ ဆက်လုပ်နေအုန်းမယ်။ အာဏာရှင် မပြုတ်သရွေ့ ကျမ လုပ်ငန်းခွင်ထဲ ပြန်ဝင်မှာ မဟုတ်ဘူး။

အပြည်ပြည်ဆိုင်ရာလိင်တူချစ်သူများအပေါ်ကြောက်ရွံ့မုန်းတီးမှုများအား ဆန့်ကျင်ရေးနေ့ အမှတ်တရစကားများ
မြန်မာနိုင်ငံမှာလည်း ရှေးရိုးစွဲအယူအဆ၊ ဘာသာရေးနဲ့ဓလေ့ထုံးတမ်းတွေအောက် မှာ လိင်တူချစ်သူများရဲ့ အခွင့်အရေးတွေ ရပိုင်ခွင့်တွေဟာ ဘယ်လိုအနေအထားရှိနေလဲ၊ လက်ရှိ မြန်မာနိုင်ငံက လိင်တူချစ်တူများရဲ့ အခွင့်အရေးချိုး ဖောက်ခံရမှုအခြေအနေတွေ ပိုဆိုးရွားလာနေသလား ၊ မြန်မာ့လူမှုအသိုင်းအဝိုင်းမှာ လိင်တူခြင်းချစ်ခြင်းကို ဘယ်လို သဘောထား သတ်မှတ်ချက် တွေရှိနေသလဲ ၊ လိင်တူချစ်သူများအပေါ်ကြောက်ရွံ့မုန်းတီးမှုတွေ ပပျောက်လျော့နည်းသွား အောင်ရော ဘယ်လိုနည်းလမ်းတွေနဲ့ လုပ်ဆောင်သင့်သလဲ ဆိုတာတွေကို လူငယ်တချို့ကို မေးမြန်းထားပါတယ်။

“အမေကိုကောင်းကောင်းမွန်မွန်ထားနိုင်တဲ့နေ့ အမေ့အနားနေမယ်”
"အမေများနေ့မှာ အမေနဲ့ အတူမရှိပေးနိုင်တာက ကျမအတွက် အရမ်းဝမ်းနည်းဖို့ အရမ်းကောင်းတယ်။ စိတ်ဓာတ်တွေ ကျရင် အမေနဲ့ စကားပြောပြီး ခွန်အားပြန်ယူတယ်။ အမေက ကျမတွက် အကောင်ဆုံးပါ။ အမေကို ချစ်တယ်လို့ ပြောချင်တယ်။"

စစ်ဒဏ်နဲ့ သဘာဝရာသီဥတုဒုက္ခဒဏ်ကို တပြိုင်နက် ရင်ဆိုင်နေရတဲ့ စစ်ရှောင်အမျိုးသမီးများ
ကျမတို့က ကိုယ့်အိမ်မှာ နေတုန်းကလည်း သေနတ်တွေ၊ လက်နက်ကြီးတွေကြောင့် အသက်ရှင်ဖို့ ထွက်ပြေးလာကြတယ်။ ဒီရောက်တော့လည်း ရာသီဥတု ဖောက်ပြန်ပြီး မိုးသီးတွေကျတော့ ထပ်ပြေးပြန်ရတယ်။ ဘဝကလည်း မလွယ်လိုက်တာ။

ရေရှားပါးမှုဒဏ်ကို ရင်ဆိုင်ကြုံတွေ့နေရတဲ့ စစ်ရှောင် အမျိုးသမီးများ
ရေကို ချွေတာနေရတယ်။ တနေကုန်ရေမသောက်ရတဲ့ ရက်ရှိတယ်။ ရေကို ပုံမှန်မသောက်ရတော့ ဆီးအောင့်တာလည်း ဖြစ်တာပဲ။ ရေရှားတော့အမျိုးသမီးတွေ အတွင်းခံအဝတ်တွေ အဝတ်ပုံမှန် မလျှော်နိုင်ဘူး။

သင်္ကြန်အပေါ် စစ်ရှောင်အမျိုးသမီးများ၏ ရင်တွင်းခံစားချက်စကားသံများ
နေအိမ်ကိုစွန့်ခွာပြီး စစ်ရှောင်စခန်း၊ တောထဲ တောင်ထဲမှာ စစ်ရှောင်နေကြရတဲ့ စစ်ရှောင် အမျိုးသမီးတွေရဲ့ သင်္ကြန်နဲ့ ပတ်သက်ပြီး သူတို့ရဲ့ ရင်တွင်းခံစားချက်တွေကို စုစည်းကောက်နုတ် ဖော်ပြလိုက်ပါတယ်။

နိုင်ငံတကာအမျိုးသမီးများနေ့ တိုက်ပွဲဝင်အမျိုးသမီးများအသံ
“ အမျိုးသမီးတွေရဲ့ခွန်အားကို ယုံကြည်လေးစားပြီး သူတို့လုပ်နိုင်တဲ့နေရာ၊ စွမ်းဆောင်နိုင်တဲ့နေရာတွေ တိုက်ခွင့်ပေးစေ ချင်တယ်။ လုပ်နိုင်ရင်လုပ်နိုင်သလောက် အခွင့်အရေးပေးတာမျိုးဖြစ်စေချင်တယ်။ အသက်တွေရင်းတိုက်ရတဲ့ စစ်ပွဲတွေကို သေမှာကြောက်ရက်နဲ့ ကိုယ်တိုင်လက်နက်ကိုင်တိုက်နေ တိုက်ပွဲဝင်နေတယ်ဆိုတာ တော်ရုံသတ္တိမဟုတ်ပါဘူး။ ဒါ့ကြောင့် အမျိုးသမီးစစ်မေတွေကို ခွဲခြားပြီးမဆက်ဆံစေချင်ဘူး။”

နွေဦးတော်လှန်ရေးထဲက ရဲဝင့်စွန့်စား အမျိုးသမီးများ
စစ်အာဏာရှင်ပြုတ်ကျဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်တော်လှန်နေတဲ့နေရာမှာ အမျိုးသမီးတွေပါဝင်ခဲ့ကြသလို လက် နက်ကိုင်တိုက်ပွဲဝင်ဖို့ စစ်သင်တန်းတက်ကြတဲ့နေရာမှာလည်း အမျိုးသမီးတွေပါဝင်ခဲ့ကြတယ်။ ယခုဆိုရင်တော့ အမျိုးသမီး အချို့ဟာ ရှေ့တန်းစစ်မြေပြင်ကိုရောက်ရှိနေပါပြီ။


