
နိုင်တဲ့အထိ ဒီတိုက်ပွဲကို ဆက်တိုက်မှာပဲ
“ လူတွေကိုသတ်ပြလို့ ကျွန်မတို့ကကြောက်နေမယ်။ အဖမ်းခံရတဲ့အမျိုးသမီးတွေကို လိင်စော်ကားမှုတွေလုပ်လို့ ကြောက်ရမယ်စသဖြင့်… ကြောက်လားလို့မေးရင် ကြောက်တာပေါ့။ ဒါပေမယ့် ကြောက်လို့ ပြီးသွားမယ့်ဟာမဟုတ်ဘူး။ ဒီအတွက် ကျွန်မစွမ်းသလောက် တိုက်ခိုက်တယ် ”

ဒီတိုက်ပွဲ ပြည်သူတွေနိုင်ကိုနိုင်မှဖြစ်မယ်လို့ကြုံးဝါးလိုက်တဲ့ ကျန်ရစ်သူ ဇနီးသည်အမျိုးသမီးများ
" ကလေးတွေကြီးပြင်းအောင် ကိုယ်ကပဲစောင့်ရှောက်ရတော့မယ်။ သူ့တို့အဖေရဲ့နေရာရော အရင်ထက် နှစ်ဆပိုစောင့်ရှောက်သွားမယ်"

ရခိုင်တိုက်ပွဲရှောင် အမျိုးသမီးတို့၏ ခါးသီးလှသောနေ့ရက်များ
“ အိမ်ပြန်ချင်ပါတယ်။ ကိုယ့်ရပ်ကိုယ့်ရွာမှာ အရင်လိုပဲ လုံလုံခြုံခြုံ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုပ်ကိုင်စားသောက်ချင်ပါတယ်။ အခုလိုဖြစ်ပျက်ခဲ့တာတွေအတွက်လည်း ဘယ်ဖက်ကိုမှ အပြစ်မမြင်ပါဘူး။ ရွာကိုပြန်ရင်လည်း အရင်လိုမျိုး တောတောင်မြစ်ချောင်းတွေမှာ တဝမ်းတခါး လုပ်ကိုင်စားသောက်ဖို့က အခက် အခဲရှိနေပါတယ်။ မြေမြှုပ်မိုင်း အန္တရာယ်ကို စိုးရိမ်ရပါတယ် ”

အင်အားသုံးအကြမ်းဖက်မှုတွေကြောင့် ပိုမိုခက်ခဲခဲ့ရတဲ့ လှိုင်သာယာကအလုပ်သမများ
"သေနတ်သံတွေက တစ်ညလုံး မိုးလင်းတဲ့အထိပဲ အသံတွေကြားနေရတော့ ကိုယ့်ကိုဘယ်တော့များဝင်ဆွဲမလဲဆိုပြီး မအိပ်ရဲဘူး။ ရပ်ကွက်ထဲတွေများ ဝင်လာမလားဆိုပြီး ငြိမ်နေရတဲ့အနေအထားဖြစ်နေတယ်"

“ရဲနဲ့ စစ်သားက လူဆိုးတွေလားမေမေ…”
“ကလေးက ညညဆိုအိပ်မပျော်ဘူး၊ ရဲတွေလာနေပြီလားဆိုတာ ခဏခဏ ထထ မေးတယ်၊ တံခါးတွေပိတ်ထား နော်ဆို တာမျိုး သူမအိပ်ခင်မှာ ထပ်ခါထပ်ခါပြောတယ်၊ တကယ်လို့ ရဲတွေလာရင် မေမေက ဘာလုပ်ပေးမှာလဲ ဆိုတာမျိုးမေးတယ်၊ မေမေ့ကို ရဲတွေက သတ်လိုက်ကြပြီလားလို့ မေးတယ်”

CDM လုပ်တာ တစ်စုံတစ်ယောက်ရဲ့ စည်းရုံးမှုကြောင့် မဟုတ်ဘူး
“ရဲမို့မယုံကြည်တာ၊ လက်ခံရမှာကြောက်တာတွေက ပြည်သူတွေအပြစ်မဟုတ်ဘူး။ လက်ရှိမှာလည်း ယုံချင်စရာအခြေ အနေလည်း မဟုတ်ဘူးလေ။ ရဲယူနီဖောင်းနဲ့လူသတ်နေကြတာ ပုံပြင်တွေမှမဟုတ်ဘဲ”

စစ်တွေမြို့က စေတနာ့ဝန်ထမ်း သုဘရာဇာအမျိုးသမီးငယ်များ
" ကျွန်မတို့ အလောင်းထမ်းစကဆိုရင် လူတစ်ချို့က ရွံ့ရှာတဲ့ မျက်လုံးတွေနဲ့ ကြည့်ခဲ့တယ်။ ဒီအလုပ်က စေတနာအရင်းခံ တဲ့ ပရဟိတစိတ်ရှိသူတွေသာ လုပ်လို့ရတာကို သူတို့သဘောမပေါက်ကြပါဘူး၊ ကျွန်မတို့အမျိုး သမီးအနေနဲ့ ဘာမဆိုလုပ် နိုင်တယ်ဆိုတာကိုသက်သေပြချင်တယ်၊ ပြီးတော့ ကိုယ့်နောက်က လူငယ်အမျိုးသမီးတွေကို အတုယူစေချင်တဲ့ ရည်ရွယ်ချက်လည်းပါပါတယ်"

ဘုန်းစွဲ
“ထဘီဟာ စစ်အာဏာရှင်ရူးတွေအတွက် အဓိက တော်လှန်ရေးလက်နက်ဖြစ်လာတာကို သဘောကျတယ်။ ဘာလို့လည်းဆိုတော့ အာဏာရူးတွေ သေမလောက်ကြောက်ကြတဲ့အရာ ဖြစ်နေလို့ပဲ။”

ထဘီဆိုတာ အဝတ်တန်ဆာတခုမျှသာ
“ ခန္ဓာဗေဒသဘောတရားကွဲပြားတာတစ်ခုနဲ့တော့ လူလူချင်းအတူတူ နှိမ်ချချင်တဲ့ စိတ်တွေတော့ ဖျောက်သင့်တယ်။ ပုဆိုးလည်းအဝတ်ပဲ၊ ထဘီလည်း အဝတ်ပဲ။ အရာတိုင်းဟာ တန်းတူတန်ဖိုးထားနိုင်ရမှာပေါ့”

အမျိုးသမီးဝတ် ထဘီနဲ့ပတ်သက်တဲ့အယူအဆတွေကို ခြေဖျက်တော်လှန်လိုက်တဲ့ အမျိုးသားတွေ
“ငယ်ငယ်ထဲကဒီအတွေးအမြင်ကိုလက်မခံပါဘူး။ ယောကျာ်းလေးတွေရဲ့ ပုဆိုးကဘာမှမဖြစ်ဘူးဆိုရင် မိန်းကလေး တွေရဲ့ ထဘီက ဘာမှဖြစ်စရာအကြောင်းမရှိပါဘူး။”


