
အရှက်ရခဲ့သည့် လိုင်းကားပေါ်က ရက်စွဲများ
“လိုင်းကားပေါ်မှာ ပညာပေးမှုတွေက အမြဲလုပ်စေချင်တယ်။ အမျိုးသမီးတွေကို ကိုယ်ထိလက်ရောက် လုပ်ရင် ဥပဒေဘယ်လောက်နဲ့ တရားစွဲလို့ရတယ်။ နောက်ပြီး အကြမ်းဖက်မှုတွေနဲ့ ပက်သက်တဲ့ ပညာပေးမှုတွေ လုပ်ပေးစေချင်တယ်”

ဒါရိုက်တာဦးဝင်းဖေရဲ့သက်ကြီးစကား
မြန်မာနိုင်ငံမှာ စကားတွေကအစ အမျိုးသမီး တွေကို နှိမ့်ချတန်ဖိုးဖြတ်ထားတာတွေ အတော်များများရှိပါတယ်။ “ မိန်းမကျင့်မိန်းမကြံနဲ့ မကောက်ကျစ်ချင်နဲ့” ဆိုတာမျိုး…။ လောကမှာကောက်ကျစ်တဲ့မိန်းမတွေရှိနိုင်သလို ကောက်ကျစ်တဲ့ ယောကျ်ားတွေလည်းအများကြီး ရှိပါတယ်။

ကိုရိုနာနဲ့ ဂျင်ဒါ
စိတ်ဖိစီးမှုတွေ အများကြီးကြုံတွေ့ရတဲ့ အမျိုးသားတွေမှာ တခါတလေမှာ စိတ်ဖိစီးမှုကို ဖြေ ဖျောက်ဖို့အတွက် အရက်သေစာ သောက်စားတာ၊ မူးယစ်ဆေးဝါးသုံးစွဲတာတွေ ရှိတတ်ပါတယ်။ စိတ်ဖိစီးမှု လျော့ချနိုင်ဖို့ အရက်သောက်ကြတယ်၊ အရက်မူးတဲ့အခါမှာ စိတ်ထွက်ပေါက်အနေနဲ့ မိန်းမကို အကြမ်းဖက် လာကြတာ တွေ့ရပါတယ်။

သူလိုအမျိုးသမီးတစ်ယောက် ရှိခဲ့တယ်လို့ မှတ်မိစေချင်တဲ့ ကယန်းသူ ဖိုက်တာ
သန်မာတဲ့ မိန်းမ ဖြစ်အောင် နေရမယ်။ တိုတို တို့ရဲ့ စိတ်၊ဦးနှောက်တွေကို strong ဖြစ်အောင်နေရမယ်။ ဒါမှ ကြုံလာတဲ့ အခက်ခဲတွေကို အနိုင်နဲ့ ရင်ဆိုင်ကျော်လွှားနိုင်မှာပါ..........

ကျားမရေးရာအမြင်များ ဖွံံဖြိုးတိုးတက်ခြင်းဖြင့် ကာတွန်းလောက ထွန်းကားပါစေ
ဒီဖြစ်ရပ်ကြောင့် ကာတွန်းဆရာတွေဟာ အမျိုးသမီးတွေနဲ့ပါတ်သက်ပြီး ကာတွန်းရေးဆွဲမှုတွေအပေါ် သတိထားလာကြမယ်လို့ မျှော်လင့်ရပေမယ့်လည်း ကျားမရေးရာဆိုင်ရာ အယူအဆတွေကို နားလည်ဖို့နဲ့ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာအရ ေ၀ ဖန်သရော်လိုတဲ့အမူအကျင့်တွေကိုတော့ အများကြီးပြင်ဆင်ဖို့လိုအပ်နေပါသေးတယ်။

ပအိုဝ်းဓလေ့ထုံးတမ်းက မုဒိမ်းမှုအပေါ် တရားမျှတမှု ရယူခွင့်ရှိသလား…
ပေါင်းသင်းလက်ထပ်ဖို့ တဖက်ဖက်က အဆင်မပြေဖြစ်ခဲ့ရင်တော့ အတင်းအကြပ်ယူခိုင်းတာ မျိုး မရှိပေမယ့် ကျူးလွန်သူဖက်က လက်ထပ်ဖို့ လက်ခံရင်တော့ အမျိုးသမီးရဲ့အသံကို ထည့်သွင်းစဉ်းစားမှု မလုပ်တော့ပဲ အမှုကို လက်ထပ်ပေါင်းသင်းခြင်းနဲ့ အဆုံးသတ်ကြပါတယ်။

ကင်းဘတ်စပေါ်က အမျိုးသမီးတွေရဲ့ ဘဝကောက်ကြောင်း
ရွှေရည်။ ။
“နေ့စဉ်ရုန်းကန်လှုပ်ရှားရတဲ့…

ကိုရိုနာနဲ့ အဖြေမရှိတဲ့ပုစ္ဆာ
”စစ်စဖြစ် တုံးက ဒီကိုပြေးလာကြတယ်။ အဲဒီတုံးက ကလေးတွေက သေးသေးလေး အခု (၈) နှစ်ကျော်သွား ပြီလေ သူတို့တွေကြီးလာကြပြီး အခန်းက အရင်အတိုင်း သေးသေးလေးပဲ။ မဆန့်တော့ဘူး ကြပ် ပိတ်ပြီးနေနေရတယ်”

ကျောက်တံတားမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် မကြည်ပြာ… (သို့မဟုတ်) အမျိုးသမီးတစ်ယောက်ရဲ့ နိုင်ငံရေးလမ်းကြောင်း ဘယ်လောက်ဖြောင့်ဖြူးမလဲ..
“ပါတီမှာလည်း အခုချိန်ထိ ကျမအသက် အခုဆို (၄၀)ပြည့်သွားပြီ။ ဒါပေမယ့် ကလေးလို့ပဲထင်တယ်။ ပြီးတော့ အမျိုးသမီးတွေဆိုတော့ အများကြီးလုပ်နိုင်လိမ့်မယ်လို့ သိပ်ယုံကြည်ထားကြတာမရှိဘူး။ အော် သူလုပ်နေ တယ်၊ ကိုင်နေတယ်၊ ဒီလောက်ပဲ။ တကယ်တမ်း တာဝန်တစ်ခုကိုပေးဖို့အတွက် ပါတီအတွင်းမှာဆိုရင် အမျိုး သမီးတစ်ယောက်ကို ရဲရဲဝံ့ဝံ့နဲ့ပေးတာမျိုးမရှိဘူး။ ကျမတို့ကို အမြဲတမ်းအနောက်မှာထားပြီး စဉ်းစားလေ့ရှိ တယ်။ ငယ်တာရယ်၊ အမျိုးသမီးဖြစ်တာရယ်ကြောင့် အမြဲတမ်း ဒုတိယပေါ့နော်။ အခုအမတ်ဖြစ်တော့လည်း လူ ငယ်အချင်းချင်းတူရင်တောင် အမျိုးသားကို ပိုပြီးဦးစားပေးတာမျိုးက လက်ရှိ ကျမကိုယ်တိုင်လွှတ်တော်ထဲမှာ ကြုံနေရတာတွေရှိပါတယ်”

မန္တလေးက “မီနီအိုးဝေ” သုံးဘီးမောင်းတဲ့ ခွန်အားရှိသူ မရွှေစင်သူ….
“ကိုယ့်အမျိုးသမီးအချင်းချင်းကူညီပေးတာမျိုးဆိုတော့ ကျွန်တော်တို့အတွက် စည်းစည်း လုံးလုံးရှိမယ်။ တစ်ယောက်နဲ့တစ်ယောက် အခက်အခဲတွေ ကူညီဖြေရှင်းပေးနိုင်မယ်လေ၊ အဖွဲ့ကို သေချာလေးလုပ် ချင်တယ်၊ ခုလောလောဆယ်တော့ စည်းရုံးရေးဘဲ လုပ်နိုင်သေးတယ်။ အဖွဲ့ကို အကောင်အထည် မဖော်နိုင်သေးဘူး၊ အမျိုးသမီးသုံးဘီးမောင်းသမားစစ်စစ်တွေရှာနေသေးတယ်”


