အခက်အခဲတွေကြားက မေတ္တာရိပ်မြုံ

စိန်ခေါ်မှုတွေ အများကြီးထဲက သူ့အတွက်အကြီးမားဆုံး အခက်အခဲကတော့ မြေနေရာ အပိုင်မရှိတာပါ။ လက်ရှိနေရာက သူများ‌မြေကို ငှားပြီး အိမ်ဆောက်ထားတာဖြစ်ပါတယ်။

“Rafting on a large expanded polystyrene sheet in Nga-Moe-Yeik Creek for a Living”

A group of women and children are collecting plastic cans, beer cans, and other useful items among the trash floating in the current of Nga-moe-yeik Creek in Yangon, rowing a throwaway expanded polystyrene sheet as a raft.

ငမိုးရိပ်ချောင်းထဲက ဖော့ချပ်စီးကာ ဝမ်းစာရှာနေကြတဲ့ မဗေဒါများ

အမှိုက်တွေ တိရိစ္ဆာန်အသေကောင်တွေနဲ့ အညစ်အကြေးတွေ ရောထွေးနေတဲ့ ချောင်းရေထဲမှာ သူတို့အတွက်အသုံးတည့်မယ့် ပစ္စည်းတွေကို ရွေးချယ်ပြီး လိုက်ကောက်နေကြတာပါ။ သူတို့ရဲ့ စားဝတ်နေရေးကို ဖြေရှင်းဖို့အတွက် ချောင်းထဲက စွန့်ပစ်ပစ္စည်းတွေ(ပလုံ) လိုက်ကောက်နေကြတာပဲ ဖြစ်ပါတယ်။

စစ်ပွဲက အမျိုးသမီးနဲ့ ကလေးတွေအပေါ် ဘယ်လို သက်ရောက်မှုတွေ ဖြစ်စေနိုင်သလဲ

လက်ရှိ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ကြောင့် အမျိုးသမီးတွေရဲ့နေ့တဓူ၀ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးတွေကို ဘယ်လိုသက်ရောက်မှုရှိနေသလဲ၊ အမျိုးသမီးနဲ့ ကလေးတွေ ဘယ်လို ဆိုးရွားစွာခံစားနေရသလဲ

လုပ်ငန်းခွင် အန္တရာယ်ကြားက အလုပ်ကြမ်းသမား အမျိုးသမီ;

အမျိုးသမီးတစ်ဦးအနေနဲ့ အလုပ်ကြမ်းစလုပ်တဲ့အခါ လက်တွေပေါက်ပြီး ထမင်းကိုလက်နဲ့မစားနိုင်အောင် ခံစားခဲ့ရပေမယ့် တခြားအလုပ်တွေဟာ ဝင်ငွေနည်းတာကြောင့် ဒီအလုပ်ကိုပဲ ဆက်လုပ်ဖြစ်ခဲ့တယ်လို့ သူကဆိုတယ်။

ယိုယွင်းလာတဲ့ တရားဥပဒေစိုးမိုးမှုရဲ့အောက်က ညငှက်တို့ဘဝ

ဒီအထဲမှာ သိသာထင်ရှားတာက နိုင်ငံသားတိုင်းဟာ တရားဥပဒေရဲ့ အစောင့်အရှောက်ကို အပြည့်အဝမရရှိတော့သလို လုံခြုံစွာနေထိုင်ခွင့်လည်း ဆုံးရှံးခဲ့ရပါတယ်။ အထူးသဖြင့် ခန္ဓာရင်းပြီး စီးပွားရှာနေကြတဲ့ လိင်အလုပ်သမတွေမှာ လူဆိုး-လူမိုက်တွေရဲ့ တရားမဲ့အနိုင်ကျင့်မှုတွေကို ခံနေရပြီး ကူရာမဲ့ဘဝကို ကျရောက်နေပါတယ်။

ချွတ်ခြုံကျလာတဲ့ နိုင်ငံကနေ ထွက်ခွာဖို့ကြိုးစားနေကြတဲ့ အမျိုးသမီးအလုပ်သမများ

မြန်မာအမျိုးသမီးများရဲ့ အလုပ်အကိုင်ဆုံးရှုံးမှုဟာ ပိုမိုမြင့်မားလျက်ရှိတယ်လို့ ILO Myanmar ရဲ့ ၂၀၂၂ ပထမလဝက် မြန်မာနိုင်ငံ အလုပ်အကိုင်အခြေအနေအစီရင်ခံစာက ဆိုပါတယ်။ ရန်ကုန်က နိုင်ငံကူးလက်မှတ်ပြုလုပ်ပေးတဲ့ ရုံးမှာလည်း နေ့စဉ်လူထောင်ဂဏန်းခန့်ဟာ ကြိတ်ကြိတ်တိုး တန်းစီကာ နိုင်ငံကူးလက်မှတ် ပြုလုပ်နေကြတာကို တွေ့ရပါတယ်။ တရားဝင်သွားကြတဲ့သူတွေမှာ လုပ်ငန်းခွင်ဆိုင်ရာပြဿနာတွေကို သက်ဆိုင်ရာအေဂျင်စီများနှင့် ဖြေရှင်း ဆောင်ရွက်နိုင်ပေမယ့် တရားမဝင် မှောင်ခိုလမ်းက သွားကြသူတွေမှာတော့ ပွဲစားပြဿနာနဲ့ ဖမ်းဆီး ခံရ တာတွေကြုံတွေ့နေရပါတယ်။ ဒီလိုပြဿနာတွေကြုံတွေ့နေရပေမယ့်လည်း တဖြေးဖြေးချွတ်ခြုံကျလာတဲ့ မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ ကြိုးစားနေကြသူတွေဟာ နေ့စဉ်နဲ့အမျှပါပဲ။

“နွေဦးတော်လှန်ရေးခရီးစဉ်အတွင်းက တော်လှန်သူအမျိုးသမီးများရဲ့ မှတ်တမ်း ”

၂၀၂၁ ဖေဖေါ်ဝါရီလမှစတင်ခဲ့သောနွေဦးတော်လှန်ရေးလှုပ်ရှားမှုသည် ယခုအချိန်ထိ ကာလအားဖြင့် ၈ လနီးပါးရှိလာပြီဖြစ်သော်လည်း၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး လှုပ်ရှားမှုများတွင် အမျိုးသမီးများ၏ တက်ကြွစွာဦးဆောင်ပါဝင်မှုများမှာ ယနေ့ထိ အရှိန်မလျှော့သွားသေးဘဲ ဆက်လက်အားကောင်းနေသည်။ ခေတ်အဆက်ဆက် ဒီမိုကရေစီအရေး၊ တရားမျှတရေးနှင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးတိုက်ပွဲများတွင်ပါဝင်ခဲ့သော အလွှာအသီးသီးမှ အမျိုးသမီးများ၊ နည်းမျိုးစုံဖြင့် တိုက်ပွဲဝင်ပေးဆပ်ခဲ့ကြသော အမျိုးသမီးများသည် သမိုင်းသစ်ကိုရေးဆွဲကြရန် မှတ်တမ်းဝင်ခဲ့ကြပြီဖြစ်ပြီး၊ ဤပေးဆပ်မှုများက မြန်မာနိုင်ငံမှအမျိုးသမီးများအတွက် ဂုဏ်ယူစရာ မှတ်တမ်းအဖြစ်ကျန်ခဲ့မည်ဖြစ်ပါသည်။

“အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အတွက် စစ်ဘေးရှောင်အမျိုးသမီးများ၏ ရင်တွင်းစကားသံများနှင့်မျှော်လင့်ချက်များ”

စက်တင်ဘာ ၂၁ ဟာ နိုင်ငံတကာငြိမ်းချမ်းရေးနေ့ဖြစ်ပြီး ကမ္ဘာနဲ့တစ်ဝန်းမှာ ငြိမ်းချမ်းရေးနေ့ကို ပုံစံမျိုးစုံနဲ့အထိမ်းအမှတ်ပွဲ တွေ ပြုလုပ်နေကြမှာဖြစ်ကြပေမယ့်လည်း လက်ရှိမြန်မာနိုင်ငံကပြည်သူတွေကတော့ ကိုဘစ်ဘေး၊ စစ်ဘေးတွေအောက် မှာ မငြိမ်းချမ်းတဲ့ ဒုက္ခတွေကိုခံစားနေကြရတဲ့အတွက် ငြိမ်းချမ်းရေးနေ့ဆိုတာ သူတို့နဲ့ဘာမှ မသက်ဆိုင်နေသလိုဖြစ်နေ ပါတယ်။ ထို့အတူ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနဲ့အတူ စစ်ဘေးရှောင်ပြည်သူတွေလည်း တိုးသထက် တိုးလာနေပြီး စစ်ရှောင်စခန်းတွေမှာ ခက်ခဲစွာနဲ့ခိုလှုံရှင်သန်နေထိုင်နေရပါတယ်။ ဒါကြောင့် ယခုနှစ် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အတွက် လက်ရှိစစ်ဘေးရှောင်အမျိုးသမီးတွေရဲ့ လက်ရှိ တိုင်းပြည်မငြိမ်းချမ်းမှုအပေါ် ခံစားချက်၊ သူတို့ရဲ့မျှော်လင့်ချက်တွေ၊ သူတို့ရဲ့ဖြစ်ချင်တဲ့စိတ်ဆန္ဒတွေကို Honest Information က စုစည်းကာ ကောက်နုတ် ဖော်ပြပေးလိုက်ရပါတယ်။