Home စကားဝိုင်း “သားကိုသခင် လင်ကိုဘုရား” ဆိုသည့် စကားပုံသည် အမျိုးသမီးတို့၏ ဦးဆောင်မှု အခန်းကဏ္ဍကို ကန့်သတ်ထားသည်

“သားကိုသခင် လင်ကိုဘုရား” ဆိုသည့် စကားပုံသည် အမျိုးသမီးတို့၏ ဦးဆောင်မှု အခန်းကဏ္ဍကို ကန့်သတ်ထားသည်

Stereotype လို့ခေါ်တဲ့ ရှေးရိုးစွဲအယူအဆသွပ်သွင်းခံခဲ့ရမှုများဟာ ယနေ့ခေတ်အခြေအနေနဲ့ကိုက်ညီမှု ရှိ/ မရှိပြန်လည်သုံးသပ်သွားဖို့လိုအပ်နေပါတယ်။ “တချို့သောဆိုရိုးစကား၊စကားပုံများသည်အမျိုးသမီးများအပေါ် အကြမ်းဖက်နေမှု၊ဖိနှိပ်ခွဲခြားနေမှု၊ အမျိုးသမီးများ၏အခွင့်အရေးချိုးဖောက်နေမှုများဖြစ်နေသည်ကို သတိပြုမိစေရန်” ရည်ရွယ်ပြီး ဒီဘိတ်ကိုပြုလုပ်ရခြင်း ဖြစ်ပါတယ်။ ဒီ ဒီဘိတ်အစီစဉ်ဟာဆိုရင်လူ့အသိုင်းအဝိုင်းအတွင်းလက်ရှိလက်ခံကျင့်သုံးနေဆဲဖြစ်တဲ့ အယူအဆ/ အတွေးအမြင်တွေကို ဆွေးနွေးခဲ့ပြီး တဖက်ကလဲ ဒီအယူအဆအတွေးအမြင်တွေကနေအကြမ်းဖက်မှုတွေ နဲ့ ဖိနှိပ်ခွဲခြားနေမှုတွေရှိနေတယ်ဆိုတာကို ဆွေးနွေးတင်ပြခဲ့ကြတဲ့ လူငယ်လေးဦးရဲ့ဆွေးနွေးတင်ပြမှုတွေ ကိုကြည့်ရှုရင်း မိမိတို့ရဲ့အတွေးအမြင်များကိုcomment မှတဆင့် အပြန်အလှန်ဆွေးနွေးသွားကြဖို့ ဖိတ်ခေါ် ပါရစေ။

Author:

Related Articles