ဆောင်းပါး

စိန်ခေါ်မှုကြားက ရဲရင့်ကြတဲ့ ရှမ်းပြည်နယ်က သတင်းထောက် အမျိုးသမီးများ

“ ခံယူချက်တစ်ခုနဲ့ မီဒီယာဟာလည်း ဒီလောက်အရေးပါပါလားဆိုပြီး ထွက်လာတဲ့ သတင်းထောက် အခုထိကျွန်မ မတွေ့ သေးဘူး။ ကျွန်မတို့ သတင်းထောက်တွေသာမရှိတော့ရင် မီဒီယာတော့ပျောက်တော့မှာပဲဆိုပြီး ကျွန်မကို သတင်းထောက် လုပ်ဖို့ ပိုခိုင်မာလာစေတဲ့ အချက်တစ်ခုဖြစ်လာစေခဲ့တယ်”

ကိုယ်ဝန်သည်တွေပါမကျန် ခံစားလာရတဲ့ အိမ်တွင်းအကြမ်းဖက်မှု

“ဘဝမှာ တစ်ခါမှ မကြားဖူးတာတွေ ကြားရတယ်။ အမျိုးသားက အရက်သောက်လာတော့ စကားအခြေအတင်များရာ ကနေ ကိုယ်ဝန်သည်အမျိုးသမီးကို သွေးထွက်သံယို ဖြစ်အောင်ရိုက်တာတွေ့ရတယ်။ အရင်က ကာမလိမ်လည်မှုတွေပဲ များတာ”

တော်လှန်ရေးကြောင့်ရတဲ့ အမျိုးသမီးတွေရဲ့စိတ်ဒဏ်ရာ

"စစ်ကြောရေးမှာဖြတ်သန်းရမှုပုံစံတွေ စစ်ဆေးမေးမြန်းပုံတွေ၊စစ်ကြောရေးမှာ တိုက်တဲ့ရေ၊ ကျွေးတဲ့ ထမင်း စတာတွေက အရင်စစ်အာဏာရှင် လက်ထက်နဲ့ပုံစံအတူတူ ပဲဆိုပေမယ့် ရက်စက်ယုတ်မာမှုကတော့ အခုတခါက အဆိုးဝါးဆုံးဖြစ်တယ်"

ကန့်သတ်မှုကြား ခရီးဆက်နေသူများ

“ဆေးကုသဖို့အတွက်ဆိုရင် သုံးရက်၊ သာမန်ကိစ္စဆိုရင်တော့ ၇ ရက်၊ ၁၀ ရက်ထိ စောင့်ရတယ်။ ပုံစံ ၄ ရဲ့ သက်တမ်းက ၁၄ ရက်ဖြစ်ပြီးတော့ အဲဒီထက်ကြာသွားရင် ကိုယ်ရောက်နေတဲ့မြို့နယ် လဝကမှာ သက်တမ်းတိုးရတယ်။ အဲလိုမဟုတ်ရင်တော့ ပြန်လာရင်ဒဏ်ကြေးပေးရတယ်”

ဒုက္ခပင်လယ်တွင်း လှော်ခတ်နေရင်းက တက်ကျိူးခဲ့ရသူတွေ

“ကျမသွားမယ်ဆိုတော့ အဖေကသူ့အမတွေဆီအကူအညီတောင်းတော့ သူတို့ကတဆင့်တခြားသူဆီမှာ ၅ ကျပ်တိုးနဲ့ သိန်း၂၀ ယူလိုက်တယ်။ တစ်လစာအတိုးတခါထဲပေးခဲ့ရတယ်။ ကျန်တာကအိမ်အတွက်နဲ့ ကျမအတွက်ငွေတစ်သောင်းယူ လာတယ်”

“အိမ်ပြန်ချင်သော်လည်း အခွင့်မသာသေးသည့် စစ်ဘေးရှောင်များ”

"အထုတ်တွေကို ကြိုတင်ပြင်ဆင်ထားဖို့ ဘုန်းကြီးက ကျွန်မတို့ကိုပြောတယ်။ နောက်ထပ်စစ်ရှောင်နေ ရာတစ်ခု ကိုပြောင်းရင်လည်းပြောင်းရမယ်တဲ့။ ဒါပေမယ့် ကျွန်မဆက်ပြီးမပြေးနိုင်တော့ဘူး။ အရမ်းပင်ပန်းနေပြီ"

စစ်ကောင်စီနင်းခြေခဲ့သည့်ဘဝများ

"အိမ်ချိတ်ပိတ်လိုက်ပြီဆိုတာ ကြားတော့ မျက်ရည်ကျမိတယ်။ ယုံကြည်ချက်နဲ့အတူ ရပ်တည်ကြတဲ့အတွက်အားတော့ မငယ်ပါဘူး။ အိမ်မရှိဘူးဆိုတော့လည်း မိသားစုရှိတဲ့နေရာက အမ တို့အတွက် အိမ်ပါပဲ"

တော်လှန်ရေးမုန်တိုင်းအောက်က နွေဦးသက်တန့်များ

" နောက်ဆုတ်ဖို့လုံးဝမဖြစ်နိုင်ဘူး ရှေ့ဆက်သွားနေမယ် ခြေထောက်လေးတစ်ကွက်ဝင်လို့ရရင် ခြေတချောင်းစာလုပ်မယ် လက်လေးတစ်ကွက်ဝင်လို့ရရင် လက်တစ်ကွက်စာလုပ်မယ်။ ဆက်လုပ်နေဦးမှာ၊ အားလုံးနဲ့ အတူတူရပ်တည်နေဦးမှာပဲ။"

ကမ္ဘာကိုတုန်လှုပ်စေခဲ့တဲ့ မြန်မာပြည်ကလူ့အခွင့်အရေးအခြေအနေ

“လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လူ့အခွင့်အရေးဆုံးရှူံးမှုတွေက တနိုင်ငံလုံးမှာ စစ်အာဏာသိမ်းပြီးချိန်ကစလို့ ပိုမိုဆိုးရွာလာတယ်။ အထူးသဖြင့်နွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေကိုဖမ်းဆီးတဲ့အခါမှာ တကယ့်ကို ရက်ရက်စက်စက်နဲ့ ဖမ်းဆီးမှုတွေ၊ နောက်အမျိုးသမီးမှန်းသိရဲ့သားနဲ့ လိင်ပိုင်းဆိုင်ရာအသား ယူပြီးတော့ ဖမ်းဆီးကိုင်ဆွဲပြီးတော့ ပြောဆိုတာလုပ်ဆောင်တာတွေ ရှိခဲ့တယ်”

ပလုံးကောက်နေရတဲ့ ထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုပ်သမများ

“ အရင်ကတော့ သူဌေးအိမ်မှာ အိမ်ဖော်အလုပ်လုပ်တယ်။ အိမ်သန့်ရှင်းရေးလုပ်တဲ့အလုပ်ပေါ့။ အခုအိမ်ရှင်က အလုပ် မခန့်တော့ ကျမမှာ အလုပ်မရှိတော့တာ ရှစ်လကျော်ရှိပြီ။ အဲ့ဒါနဲ့ မိသားစုဝင်ငွေတစ်ခုရဖို့ ကျမတို့ အမှိုက်လိုက်ကောက် နေတာပါ”