
HI Podcast အစီအစဉ် − Episode 14
HIသတင်းဌာနရဲ့ ဒီအပတ်ပေါ့ကတ်အစီအစဉ်မှာတော့ အိုမန်နိုင်ငံရောက် မြန်မာအိမ်အကူ အမျိုးသမီးတွေရဲ့ အသံနဲ့အတူ ရိုးမတောမှာ ကြွေလွင့်ခဲ့ရတဲ့ သူနာပြုဆရာမလေးဆိုတဲ့ လူမှုဆောင်းပါးတစ်ပုဒ်ကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။

မြွေတွေကို ထိန်းသိမ်းကယ်ဆယ်ချင်သူ
“ မြွေတွေအကြောင်းကိုပြောပြမှ လူတွေကပိုပြီးတော့ အော်မြွေတွေက ဒီလိုမျိုးပါလား။ ဒီမြွေကတော့အဆိပ်မရှိပါလား။ ဒီမြွေ ကတော့အဆိပ်ရှိပေမယ့် အရမ်းအဆိပ်မပြင်းပါလား။ ဒီမြွေရဲ့အမူအရာကတော့ ဘယ်လိုမျိုး အဲ့လိုမျိုးတွေသိလာပြီးတော့ မြွေ ကြောက်တဲ့စိတ်လေး လျော့နည်းသွားမယ်လို့ထင်ပါတယ်။”

စစ်ကောင်စီက ထောက်ပံ့ငွေလျော့ချလိုက်တာကြောင့် စားဝတ်နေရေးအခက်တွေ့နေရတဲ့ ဘိုးဘွားတွေ
“ပင်စင်လျော့တာတော့မသိဘူး။ မပေးတာကတော့ သုံးနှစ်ရှိပြီ။ အဖွားတို့တွေက အဲ့ဒီပင်စင်လေးမှီစားနေရတာ။ အသက် ကြီးလာတော့ ကျန်းမာရေးကမကောင်းတော့ဘူး။ အဲ့တော့ဈေးလည်း အမြဲထွက်မရောင်းနိုင်ဘူးလေ။”

စစ်မီးလျှံတွေကြား မရပ်မနား ပြေးလွှားနေရသူတွေ
“သားသမီးမြေးမြစ်တွေကိုတော့ ကျမလိုစစ်ပွဲတွေကို ကြောက်ရွံ့ရတာတွေမဖြစ်စေချင်ဘူး။ သူတို့တွေ ငြိမ်းချမ်းရေးရပြီး လွတ်လွတ်လပ်လပ်နဲ့ ပျော်ရွင်တာကိုတော့ မသေခင်မြင်သွားချင်တယ်။”

ဒုက္ခသည်စခန်းက မျှော်လင့်ချက်မဲ့ ရိုဟင်ဂျာအမျိုးသမီးတွေရဲ့ အနာဂတ်
“အဓိကတော့ အမျိုးသမီးလေးတွေက ရုန်းထွက်ချင်ကြတယ်။ မလေးရှားမှာ ဘယ်လို အခြေအနေပဲ ရောက်ရောက် ဒီစခန်းက ထွက်သွားရရင်ပြီးရောဆိုတဲ့ စိတ်ကူးမျိုးနဲ့ သွားကြတယ်။ အဲဒီမှာ လူကုန်ကူးတဲ့ သူတွေက သူတို့ကို ချိတ်ပြီးတော့ လူကုန်ကူးကြတယ်။”

အားကစားနဲ့ အမျိုးသမီးတွေကို ကာကွယ်ပေးမယ့် ဗိုဗီနမ်လက်ရွေးစင်
“ ယောကျ်ားလေးတွေက မိန်းကလေးတွေကို နှောင့်ယှက်ရင်ဖြစ်ဖြစ်၊ အကြမ်းဖက်လာရင်ဖြစ်ဖြစ် ဘယ်လိုခုခံတိုက်ခိုက်ရ မယ်ဆိုတဲ့ပြကွက်တွေပါလို့ သင်ယူသင့်တာပါ။”

HI Podcast အစီအစဉ် – Episode 12
BWU သတင်းနှင့် မှတ်တမ်းတင်ဌာနက ပြုစုထားတဲ့ ဇွန်လိုင်လရဲ့ အမျိုးသမီးများဆိုင်ရာ အချက်အလက်သုံးသပ်ချက်နဲ့အတူ ခွပ်ဒေါင်းအလံကိုကိုင်ကာ ဖောက်ပြန်တဲ့ အုပ်ချုပ်သူလူတန်းစားကို တော်လှန်နေတဲ့ တော်လှန်လူငယ်ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို တင်ဆက်ပေးထားပါတယ်။

“ကလေးတွေကို စိတ်လုံခြုံစွာ ပညာ သင်စေချင်တယ်”
“စစ်တပ်က နေ့တိုင်း လေယာဥ်နဲ့လာပျံနေတော့ ကျောင်းလည်း မဖွင့်ဘူး။ ကလေးတွေလည်း ကျောင်းမသွားရဲကြဘူး။ စစ်တပ်က ပစ်ချင်တဲ့နေရာ ပစ်နေတာ။ ကလေးစာသင်ကျောင်းလည်း မရှောင်ဘူး။ ကလေးတွေအတွက် စာမတတ်မှာလည်း စိတ်ပူရ။ ကျောင်းသွားလို့ ဗုံးထဲပါသွားမှာလည်း စိုးရိမ်နေရတယ်။”

ကလေးတွေအတွက် ဂျုံမင်းသမီး
" အပြင်မှာ ရောင်းတဲ့သူက ပင်ပန်းတယ်။ ဒီပုံးကြီးနဲ့ လျှောက်သွားရတယ် တစ်နေရာနဲ့တစ်နေရာလှည့်ရတော့ ပင်ပန်းတယ်။ ပြီးတော့ ဂျုံအရုပ်ကို လုပ်ရောင်းချင်တဲ့သူတွေလည်း သိပ်မရှိသလောက်ပဲ။"

သမီးဖြစ်သူအတွက် အာဏာရှင်ကို ဆက်တော်လှန်နေတဲ့မိခင်
စစ်ကောင်စီသာ အာဏာမသိမ်းခဲ့ရင် မသီတာတို့လို လူငယ် လူရွယ်တွေဟာ ဘဝတက်လမ်းအတွက် ကြိုးစား ပညာရှာရ မယ့်အရွယ်တွေပါ။ ဒါပေမယ့် သူတို့ဘဝတွေကို စစ်ကောင်စီက နင်းချေဖျက်စီးလိုက်တဲ့နောက် ပြန်လည်ခုခံ တိုက်ခိုက်ဖို့ လမ်းကိုပဲ ရွေးချယ်ကြရပါတော့တယ်။


