
ကျခဲ့ရတဲ့မျက်ရည်တွေအတွက် တန်ပြန်လာမယ့် အမျိုးသမီးတွေရဲ့တိုက်ပွဲ
“ ပြည်သူတွေကို ကာကွယ်ရင်းဖြစ်တာဆိုတော့ ဂုဏ်ယူတယ်။ ဝမ်းနည်းမှုတော့ မရှိဘူး။ စစ်အာဏာရှင် လက်ထဲတော့ အာဏာပြန်မပေးနိုင်ဘူး။ မရမခြင်းတော့ တော်လှန်ရေးကို ဆက်လုပ်သွားမယ်”

စစ်အာဏာရှင်ကို အံတုနေရင်း ကာယိန္ဒြေပျက်အကြမ်းဖက်ခံနေရတဲ့ အမျိုးသမီးတွေ
“ ရဲတွေ တပ်သားတွေဟာ စည်းမျဉ်းစည်းကမ်းတွေကို အသုံးမပြု မလိုက်နာဘဲနဲ့ အခုလိုမျိုး ပြုလုပ်နေတဲ့ အကြမ်းဖက် မှုအားလုံးကို ကျွန်မတို့ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတွေအနေနဲ့ ပြင်းပြင်းထန်ထန်ကန့်ကွက်ဆန့်ကျင်ပါတယ်”

သည်အချိန်မှာ တိုက်ပွဲရှောင်များကိုလည်း ပစ်ပယ်မထားစေချင်ဘူး
“ ကျွန်မက စေတီပြင်တိုက်ပွဲရှောင်စခန်းမှာ နေထိုင်နေသူ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်ဆိုတာက စားချင်သောက်ချင်တဲ့စိတ်ကလေး ချဉ်ခြင်းတက်တာမျိုးတွေရှိတာပေါ့… ဒါပေမယ့် ချဉ်ခြင်းတက်တာလေးတစ်ခုကို အာရုံဖြေနိုင်ဖို့တောင် ကျွန်မတို့မှာ မတတ်နိုင်ပါဘူး… အလုပ်အကိုင် မရှိ၊ ဝင်ငွေမရှိတော့ အစစအရာရာမှာ အခက်အခဲဖြစ်ပါတယ်”

မတရားတာကို လက်ပိုက်ကြည့်မနေနိုင်လို့ လမ်းပေါ်ထွက်လာကြတဲ့ မသန်စွမ်းအမျိုးသမီးတွေ
“ တကယ်တမ်းကျ ကျွန်မတို့အပြင်ထွက်ရတာ မလွယ်ဘူး။ ကျွန်မဆို အောက်ပိုင်းသေတာဖြစ်တဲ့အတွက် ဆီးဝမ်းကိစ္စ တွေရှိတယ်။ ကျွန်မတို့ ဒါတွေကိုလုံးဝမမှုဘဲနဲ့ ထွက်တာ ဒါတွေကို ဒုက္ခခံပြီးထွက်တာ မသန်စွမ်းတွေအတွက်က ဒီလို တကယ်ကိုခက်ခက်ခဲခဲနဲ့ ဆန္ဒပြင်းပြလွန်းလို့ထွက်တာ”

ရိုးရာဓလေ့နဲ့ စစ်အာဏာရှင်ကို တိုက်ထုတ်နေတဲ့ အမျိုးသမီးတွေ
“ ဒီခေတ်မိန်းကလေးငယ်လေးတွေရဲ့ ဆန်းပြားတဲ့စိတ်ကူးနဲ့ တီထွင်ဖန်တီးတောင်းဆိုမှုတွေဟာ နည်းမျိုးစုံနဲ့မို့ ခေတ်အဆက်ဆက် ဆန္ဒပြမှုတွေထက်ပိုထူးခြားတယ်”

အမျိုးသမီးအုပ်ချုပ်ရေးမှူးအိပ်မက် ပျယ်လွင့်ခဲ့ရသူ
“ ကျွန်မပြန်အရွေးခံဖို့တော့မရှိဘူး။ ဘာလို့လဲဆို ကျွန်မလည်း စစ်အာဏာအောက်မှာမနေချင်ဘူး။ မကြိုက်ဘူး စစ်အုပ်ချုပ်တာကို။ လာလုပ်ခိုင်းရင်လည်း လက်မခံဘူး။”

ပြည်သူ့နှလုံး တုန်လှုပ်သွားစေခဲ့တဲ့ အာဂသားအမိ
" မေ့မေ့ကိုမဖမ်းနဲ့။ သားသားမာမားက လူကောင်းနော်။ မေ့မေ့ကိုမဖမ်းနဲ့ခင်ဗျားတို့ကမယုံရဘူး"

ရပ်ရွာလုံခြုံရေး စိတ်မအေးနိုင်တဲ့ အမျိုးသမီးကင်းသမားတွေ
“ မိန်းကလေးလူငယ်တွေ ထွက်တာက တခုခုများလမ်းထိပ်မှာ တခြားအဖွဲ့အစည်းက တိုက်ခိုက်တာ မျိုးရှိရင် ဒေါသ အလျောက်တုံ့ပြန်တာက ယောကျာ်းလေးအများစုက တုံ့ပြန်တတ်တယ်။ အဲ့လိုမလုပ်ဖြစ်အောင် မိန်းကလေး တွေက ထိန်းတဲ့သဘောမျိုးနဲ့ စောင့်ဖြစ်တာ”

စစ်အာဏာရှင်ကို အံတုတွန်းလှန်နေကြတဲ့ အမျိုးသမီးသတင်းသမားတွေ
“ မိသားစုအတွက် ဒီအလုပ်မလုပ်ရလို့ ငတ်မယ်ဆိုလည်း ငတ်ပါစေတော့ဆိုပြီး ထွက်လိုက်တာ။ ကျွန်မစိတ်ထဲမှာ ကျွန်မ မြဝတီသတင်းစာကပါလို့ အင်တာဗျူးလုပ်လိုက်တဲ့အခါမျိုးမှာ သူတို့ဘက်က တိတ်ဆိတ်သွားတာက နားထောင်ပြီးတော့ ကိုယ်တိုင်အပြစ်သားတယောက်လို ခံစားရတယ်”

အမှောင်ခေတ်ထဲ ပြန်ရောက်မှာကြောက်နေတဲ့ တိုင်းရင်းသူတွေရဲ့သောက
“ သူတို့ကတော့ လက်နက်ကြီးတွေနဲ့ကိုင်ပြီး အာဏာသိမ်းတယ်။ အမေတို့မှာ လက်နက်မပြောနဲ့ပညာတောင်မရှိတော့ အမှားလုပ်မိမှာပဲ စိုးရိမ်နေရတယ်။” - ပအိုဝ်းတိုင်းရင်းသူကြီး မွိုးအုတ်


