Entries by webmaster

သမီးလေး နေပြန်ကောင်းမယ့်ရက် ဆုတောင်းရင်း စောင့်နေရတဲ့ ရိုဟင်ဂျာမိခင်

“အမေမှာလည်း နို့ကောင်းကောင်းမထွက်ဘူး။ နို့ဘူး ဝယ်တိုက်ဖို့ကလည်း ပိုက်ဆံ မရှိဘူး။ ဆေးခန်းသွားမယ် ဆိုရင်တောင် တက္ကစီခပေးဖို့ ပိုက်ဆံ မရှိဘူး။” လို့ သူက ပြောပါတယ်။

ဘဝကို ပြန်လည်ထူထောင်နေကြတဲ့ CDM စစ်သားဇနီးများ

“တပ်ထဲက ထွက်လာတော့ ကောင်းကောင်းခံစားလိုက်ရတာက လွတ်လပ်မှု ရှိတယ်။ တစ်ခုခု လုပ်မယ်ဆိုရင် ဟိုလူ့ကို ကြည့်ရ ဒီလူ့ကို ကြည့်ရတာမျိုး မလုပ်ရဘူး။ စကားပြောရင်လည်း အထက်အောက် မဟုတ်ဘူး။ တန်းတူ ဆက်ဆံတာ ခံရတယ်။”

HI Podcast အစီအစဉ် – Episode 10

ဒီအပတ် ပေါ့ကတ်အစီ အစဉ်မှာတော့ ဘဝကို ပြန်ထူထောင်နေကြတဲ့ CDM စစ်သား ဇနီး မယား အသံတွေနဲ့အတူ စစ်ကြောရေးမှာ ပျောက်ဆုံးနေတဲ့ အမျိုးသမီးလေးတွေဆိုတဲ့ သတင်းဆောင်းပါး တစ်ပုဒ်ကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။

ပြာပုံတွေကြားက တော်လှန်ပန်းခင်းတစ်စုံ

အညာမြေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရွာလုံးကျွတ် မီးရှို့ လူ့အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ပြုလုပ်နေပေမဲ့လည်း ပြည်သူတွေအနေနဲ့ နောက်ဆုတ်သွားမှာ မဟုတ်ဘဲ တော်လှန်ရေးဟာ အောင်မြင်မယ်လို့ သူက ယုံကြည်ပါတယ်။

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဇူလိုင် ၁၇ ရက်နေ့ကနေ ဇူလိုင်၂၃ ရက်အတွင်း တစ်ပတ်တာအမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့ အကြောင်းအရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ရပါတယ်။

ရိုးမတောမှာ ကြွေခဲ့ရတဲ့သူနာပြုဆရာမလေး

“ကျနော်တို့က ဆရာမလေးအလောင်းကို သေပြီးတပတ်လောက်ကြာမှတွေ့တာဆိုတော့ အတော်ကိုအခြေအနေဆိုးနေ ပြီ။ နံရိုးတွေဆိုလည်း ခွေးတွေဆွဲထားတယ်။ လက်တွေပေါင်တွေဆို ဟိုတပိုင်းဒီတစနဲ့ဗျာ”

HI Podcast အစီအစဉ် – Episode 9

ဒီအပတ် ပေါ့ကတ်အစီ အစဉ်မှာတော့ စစ်ရှောင်နေရတဲ့ အမျိုးသမီးတွေ အတွင်းခံမလုံလောက်တာကြောင့် ကျန်းမာရေးပြသာနာတွေကြုံတွေ့နေရတဲ့ အသံတွေနဲ့အတူ လူမှုဘဝဆောင်းပါးတစ်ပုဒ်ကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်ရှင်။

အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု

အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံခြင်းအားလုံးဟာဆိုရင် တိုက်ရိုက် သော်လည်းကောင်း သွယ်ဝိုက် ၍ သော်လည်းကောင်း ပုံစံအမျိုးမျိုးနဲ့ ခွဲခြားဆက်ဆံမှုတွေ ရှိနေပါတယ်။

ရေခြားမြေခြားအခက်အခဲကြားကနေ တောင့်ခံနေကြတဲ့ CDM အမျိုးသမီးများ

စိတ်ကို ဘယ်လိုအားတင်းပြီးနေရသလဲဆိုတော့ တော်လှန်ရေးမှာ မိသားစု မစုံတော့တဲ့ သူတွေရယ်၊ ကိုယ်လက်အင်္ဂါ မရှိတော့တဲ့ သူတွေရယ်၊ ကိုယ့်သားအရွယ် သမီးအရွယ်လေးတွေ တောထဲ၀င်ပြီး အသက်စွန့်ပြီး တိုက်ပွဲ၀င်နေတဲ့ သူတွေရယ်နဲ့ စာရင် ကျမတို့ ဒုက္ခဆိုတာ ဘာမှ မဟုတ်ပါဘူး။