Entries by webmaster

မတရားမှုကိုလုံးဝလက်မခံတဲ့ CDM အမျိုးသမီးတရားသူကြီး  ဒေါ်သဥ္ဇာမြ  

မဲဆောက်ရောက်တဲ့အခါ အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့တယ်။ မဲဆောက် ရောက်တဲ့အခါမှာလည်း ပြည်တွင်းက CDM တွေအတွက်အပိုငွေထွက်အောင် အတက်နိုင်ဆုံးချွေ တာ နေထိုင်ခဲ့ပါတယ်။CDM တွေအတွက်အပိုဝင်ငွေထွက်အောင် MOJ ကငှားပေးတဲ့အိမ်အကောင်းမှာမနေပဲ ဈေး သက်သာတဲ့အိမ်မှာပြောင်းနေတာ၊ ခရီးစရိတ်မယူတာမျိုးတွေပါ။

လငန်းကျွန်းအမှိုက်သိမ်းစနစ်ကို စီမံဦးဆောင်နေတဲ့လူငယ်များ

“တစ်ရွာလုံးမှာရှိတဲ့ အမျိုးသမီးလေးတွေကဝိုင်းဝန်းပါဝင်ကြလို့ အဖွဲ့ရဲ့သုံးပုံနှစ်ပုံက အမျိုးသမီးငယ်လေးတွေပါ၊ အမျိုး သမီးငယ်တွေက တာဝန်မရွေးပါဘူး။ သူတို့လုပ်နိုင်တဲ့တာဝန်တွေကို အကုန်တာဝန်ယူ လုပ်ဆောင်နိုင်ကြတယ်။”လို့ အဏ္ဏဝါ ပြည့်စုံ- ပရဟိတအမှိုက်စီမံမှုအဖွဲ့ ဝင်တစ်ဦးဖြစ်တဲ့ ဆရာကိုစိုးကျော်ကပြောပါတယ်။

Honest Information အမျိုးသမီးသတင်းဌာန၊ Podcast အစီအစဉ် (Episode – 55)

HIဌာနရဲ့ ဒီအပတ် ပေါ့ကတ်အစီအစဉ်မှာတော့ “မုန်းတီးခွဲခြားဆက်ဆံမှုတွေရှိနေတဲ့ကြားကနေ ရုန်းထွက်ရပ်တည်နေတဲ့ LGBTIQတွေရဲ့ ရင်တွင်းခံစားချက် စကားသံ” ကို နားဆင်ရမှာပဲ ဖြစ်ပါတယ်ရှင်။

စစ်အုပ်စုရဲ့ငွေကြေးယန္တရားကို သုတ်သင်ရှင်းလင်းမယ့် အမျိုးသမီးစစ်သူကြီး မူလန်

“MOGE က နိုင်ငံခြားဝင်ငွေ ၈၀ ရာခိုင်နှုန်းရတယ်။ အဲ့ဒီငွေတွေနဲ့ စစ်အုပ်စုက လက်နက်ဝယ်တယ်။ လေယာဉ် ဆီဝယ်တယ်။ တိုက်လေယာဉ်တွေ ဝယ်တယ်။ စစ်ဆင်ရေးတွေမှာ သုံးတယ်။ အကြမ်းဖက်စစ်အုပ်စု ယန္တရား လည်ပတ်တယ်။ အဲ့ဒီအတွက် MOGE ကို ဖြိုဖို့လိုတယ်။”လို့ မူလန်က ဆိုပါတယ်။

မယိုင်မလဲတဲ့စိတ်ဓာတ်နဲ့ တော်လှန်ခရီးဆက်နေတဲ့ CDM ကျောင်းဆရာမ

လက်ရှိမှာ ဘဝတူ CDM ဆရာမတွေနဲ့အတူနေထိုင်ပြီး ဖက်ဒရယ် ကျောင်းတွေမှာ Online ကနေစာသင်တာ၊ မြေ ပြင်မှာလည်းရွေ့ပြောင်းနဲ့စစ်ဘေးရှောင်ကလေးတွေကိုစာသင်ပေးနေတာတွေပြုလုပ်နေပါတယ်ဒါ့အပြင် CDM ဆ ရာမတွေနဲ့အတူအာလူးကြော်၊ငှက်ပျော်ကြော်၊ငါးခြောက်ကြော်၊ပုဇွန်ခြောက်ကြော်၊သရက်သီးသနပ်တွေကို“ဟီး ရိုး”အမှတ်တံဆိပ်နဲ့ရောင်းချနေပါတယ်။ ရတဲ့အမြတ်တွေကိုစားဝတ်နေရေးအတွက်အသုံးပြုသလိုတဖက်မှာလည်းတော်လှန်ရေးအတွက် လှူဒါန်းနေပါတယ်။

အမျိုးသမီးနိုင်ငံရေးအကျဉ်းသူတွေအခွင့်အရေးချိုးဖောက်ခံရမှုများနဲ့ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်(PPNM)နှင့် တွေ့ဆုံမေးမြန်းခြင်း

“အကျဉ်းသူတွေကို သူတို့နဲ့အတူနေဖို့မြူဆွယ်တယ်။ ခြိမ်းခြောက်တယ်။ လက်မခံရင်တော့ အာဏာသုံးပြီး အဓမ္မပြုကျင့်တာပေါ့။”

Honest Information အမျိုးသမီးသတင်းဌာန၊ လူမှုဘဝဆောင်းပါး အစီအစဉ် (Episode-11)

ကျွန်မတို့ HIဌာနရဲ့ ဒီအပတ် လူမှုဘဝဆောင်းပါးအစီအစဉ်မှာတော့ “မုန်းတီးခွဲခြားမှုတွေကြား ရုန်းကန်ရှင်သန်နေကြတဲ့သက်တံရောင် LGBT တွေ “ ဆိုတဲ့ လူမှုဘဝဆောင်းပါးတစ်ပုဒ်ကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။

LGBT ဆိုတာကိုဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုချင်လဲ?

ဒီကနေ့ရဲ့ “မှတ်သားစရာ အသိပညာ” အစီအစဉ်မှာတော့ LGBT များကိုလက်ရှိ အချိန်ထိ ကြောက်ရွံ့မုန်းတီးခွဲခြားဆက်ဆံမှုတွေရှိနေသေးတာကို အသိပညာပေး တင်ဆက်သွားမှာဖြစ်ပါတယ်။