Entries by webmaster

စစ်တွေမြို့ ဗျိုင်းဖြူရွာကအမျိုးသမီး ၃ဦးကိုစစ်ကောင်စီတပ်အဓမ္မပြုကျင့်ပြီး ၁ဦးကိုသတ်ခဲ့

စစ်တွေမြို့ ဗျိုင်းဖြူရွာက အမျိုးသမီး၃ဦးကို စစ်ကောင်စီတပ်က အဓမ္မပြုကျင့်ပြီးနှစ်ဦးကိုပြန်လွှတ်ပေးခဲ့ပြီး အမျိုးသမီးတစ်ဦး အသတ်ခံခဲ့ရတယ်လို့ ရွာသားတွေက ပြောပါတယ်။

အာဏာရှင်စနစ်တော်လှန်ခြင်းနှင့်အတူ စုံလင်ကွဲပြားမှုကို လေးစားသည့် လူ့ဘောင်အသိုက်အဝန်း တည်ဆောက်ကြပါစို့။

အာဏာရှင်စနစ်တော်လှန်ခြင်းနှင့်အတူ စုံလင်ကွဲပြားမှုကို လေးစားသည့် လူ့ဘောင်အသိုက်အဝန်း တည်ဆောက်ကြပါစို့။

ပဋိပက္ခဒေသတွင်းက ကျောင်းဖွင့်ချိန်နှင့် မိဘတွေရဲ့သောက

မြို့ပြဒေသမှာငွေကြေးတက်နိုင်တဲ့ မိဘတွေက နိုင်ငံတကာနဲ့ ပုဂ္ဂလိကကျောင်းတွေရွေးချယ်နိုင်ကြပေမယ့် ငွေကြေးမတက်နိုင်တဲ့ မိဘတွေက စစ်ကောင်စီလက်အောက်ခံ အစိုးရကျောင်းတွေမှာလည်း မထားချင်၊ နိုင်ငံတကာနဲ့ ပုဂ္ဂလိက ကျောင်းတွေလည်း မတက်နိုင်၊ အခြားအားကိုးစရာပြည်သူ့အစိုးရရဲ့ အွန်လိုင်းကျောင်း အချို့ကလည်း နည်းပညာနဲ့ အလှမ်း ဝေးပြီး လက်လှမ်းမမှီနိုင်တဲ့အတွက် ကလေးပညာရေးအတွက် စိတ်ပူပန်နေရပါတယ်။

တရားမျှတမှုရရှိဖို့ ထည့်သွင်းစဉ်းစားရမယ့် အချက်များ

ဒီကနေ့မှာတော့ မှတ်သားစရာ အသိပညာ အစီအစဉ်ကနေ ပဋိပက္ခကာလအတွင်း အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး တရားမျှတမှု အတွက်စီမံဆောင်ရွက်ရာမှာ ထည့်သွင်းစဉ်းစားရမယ့် လိုအပ်ချက် အခြေအနေလေးတွေကို ဆွေးနွေးပေးသွားမှာပဲ ဖြစ်လို့ အတူတူကြည့်ရှုလိုက်ရအောင်နော်။

အမြင်အာရုံဆုံးရှုံးသွားခဲ့ရင်တောင် စာတွေဆက်‌ရေးနေမယ့် စာရေးဆရာမ

မေ စာအုပ်တွေအပြည့်ရှိနေတဲ့အခန်းတစ်ခုရဲ့ အလယ် စားပွဲခုံတစ်ခုပေါ်မှာ အမျိုးသမီးတစ်ဦးဟာ တစ်စုံတစ်ခုကို အာရုံစိုက်ပြုလုပ်နေပါတယ်။ အမျိုးသမီးပြုလုပ်နေတာကတော့ စာရေးနေတာပါ။ သူရဲ့စာရေးပုံကတော့ ထူးခြားပါတယ်။ စာရွက် ဘောပင်တွေ ၊ ကွန်ပျူတာတွေနဲ့ရေးတာမျိုးမဟုတ်ဘဲနဲ့ Tablet တစ်ခုပေါ်မှာ စာလုံးတစ်လုံးချင်းစီရေးသားနေတာပါ။ အဲ့ဒီအမျိုးသမီးကတော့ အသက်(၄၀)အရွယ် စာရေးဆရာမတစ်ဦးဖြစ်တဲ့ ဧကြည်ဖြူပါ။ စာရေးဆရာမ ဧကြည်ဖြူဟာ မွေးရာပါအမြင်အာရုံအားနည်းသူတစ်ဦးပါ။ ဒါကြောင့်စာတွေကိုအကြီးချဲ့ကာ စာလုံးတစ်လုံးချင်းစီရေးသားနေတာဖြစ်ပါတယ်။ သူဟာ အမြင်အာရုံလုံးဝမမြင်ရတာမျိုးမဟုတ်ပေမယ့် မွေးရာပါအမြင်လွှာပါးတာကြောင့် တချို့အရာတွေကို အနီးကပ်ကြည့်ရင်တော့မြင်ရတာမျိုးပါ။ အကွာအဝေး သုံးပေ၊ ငါးပေလောက်အထိတော့မြင်ရပါတယ်။ ကျောင်းနေအရွယ်ရောက်တော့ ပါဝါ (၁၆၀၀)ရှိတဲ့ မျက်မှန်ကိုစတပ်တဲ့အခါ ဆယ်ပေကျော်အထိ လူရုပ်တွေကိုကောင်းကောင်းမြင်ခဲ့ရတယ်။ ကျောင်းမှာစာသင်တဲ့အခါ ကျောက်သင်ပုန်းကစာကိုမမြင်ရလို့ သူငယ်ချင်းဆီက စာတစ်ဆင့်ပြန်ကူးရင် ပညာသင်ယူခဲ့ရပါတယ်။ အမြင်အာရုံအားနည်းမှုကြောင့် လမ်းသွားတိုင်းချော်လဲတဲ့ အဖြစ်နဲ့လည်း အမြဲရင်ဆိုင်ခဲ့ရပါတယ်။ “စာသင်ရင်ကျောက်သင်ပုန်းက စာကိုမမြင်ရတာကတော့ အခက်ခဲဆုံးပါ။ မျက်ရည်လည်းအမြဲကျရတယ်”လို့ စာရေးဆရာမ […]

ရိုးရာဗိုင်းငင်ဓလေ့မပျောက်ကွယ်အောင် ထိန်းသိမ်းချင်သူ အမျိုးသမီး

“အကြီးအတွက်ကတော့ ခက်ခဲလေ တန်ဖိုးရှိလေဆိုသလိုပေါ့၊ ကွာလတီလည်းကောင်းတယ်၊ လုပ်ရင်လုပ်နိုင်သလောက် ကောင်းတယ်ဆိုတာသိတယ်၊ နိုင်ငံခြားသားကလည်း ဒီလိုမျိုးကို တန်ဖိုးထားတယ်”

ရခိုင်တိုက်ပွဲ ခြောက်လတာကာလအတွင်း အမျိုးသမီး ၇၄ ဦးသေဆုံးခဲ့ပြီး ၂၇၀ ကျော် ထိခိုက်ဒဏ်ရာရရှိ

ရခိုင်မှာ စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA)တို့ ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲခြောက်လအတွင်း အမျိုးသမီး ၇၄ ဦး သေဆုံးခဲ့ပြီး ၂၇၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရက္ခိုင်အမျိုူသားအဖွဲ့ချုပ်(ULA)ရဲ့ လူသားချင်းစာနာ ထောက်ထားမှုနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က မေလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ရခိုင်မှာ တိုက်ပွဲပြန်လည်ဖြစ်ပွါးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်ကနေ ၂၀၂၄ ခုနှစ် မေလ ၁၃ ရက်ထိ ခြောက်လတာအတွင်း သေဆုံး၊ဒဏ်ရာရရှိမှုတွေကို ထုတ်ပြန်ထားတာဖြစ်ပြီး အမျိုးသမီး ၇၉ ဦး ဖမ်းဆီးခံထားရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သေဆုံးခဲ့သူတွေနှင့် ဒဏ်ရာရသူတွေထဲမှာ ရခိုင်အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးက မွတ်ဆလင်တွေဖြစ် တယ်လို့ ရေးသားထားပါတယ်။ ဒါ့အပြင် တိုက်ပွဲတွေကြောင့် စစ်ရှောင်သူဦးရေဟာ ၅၇၀,၀၀၀ ကျော်ရှိပြီး အဲ့ဒီအထဲမှာ အမျိုးသမီးဦးရေဟာ […]

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

မေလ ၂၀ ရက်မှ ၂၅ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။ ထောင်ဒဏ်တသက်တကျွန်းချမှတ်ခံရသောCDMဆရာမအပါဝင်နိုင်ကျဥ်း၂ဦးကိုချင်းပူးပေါင်းတပ်များကယ်ထုတ် ထောင်ဒဏ်တသက်တကျွန်းချမှတ်ခဲ့ရတဲ့ CDM ကျောင်းဆရာမအပါအဝင် နိုင်ငံရေးအကျဉ်းသားနှစ်ဦးကို ချင်းပူးပေါင်းတပ်ဖွဲ့တွေကကယ်ထုတ်ခဲ့တယ်လို့ တွန်ဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရပါတယ်။ CDM မူလတန်းပြဆရာမ ဒေါ်ဝုန်ဟွဲကိမ်နဲ့သူ့ရဲ့ဖခင်ကို စစ်ကောင်စီကလာရောက်ဖမ်းဆီးခဲ့ပြီးနောက်  အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၅၀(ည)၊ ၅၂(က) တို့နဲ့စွဲချက်တင်ကာတွန်းဇံမြို့စစ်ခုံရုံးမှထောင်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါ တယ်။ Source – Mizzima ဒေါ်အောင်ဆန်းစုကြည်အိမ်ကို ဈေးလျော့ပြီး လေလံပြန်တင်ဖို့ ပြင်ဆင် တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ ခြံအမှတ် ၅၄ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ကို ကျပ်ငွေ ၃၁၅ ဘီလီယံကနေ ဘီ လီယံ၃၀လျော့ပြီး လေလံကြမ်းခင်းစျေးသစ်ကို တင်လိုက်တာ ဖြစ်ပါတယ်။ ဒီဈေးနှုန်းသစ်ကို ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေက လက်ခံမခံကို လာမယ့် မေ ၃၁ […]

အင်းဆက်နဲ့လူတွေကိုအကျိုးပြုချင်တဲ့ သုတေသနပညာရှင်မအိဖြူ

အင်းဆက်သုတေသနပညာရှင်ဆိုတာ မြန်မာနိုင်ငံမှာမရှိသလောက်နည်းတဲ့အပြင် အမျိုးသမီးတစ် ယောက်ဖြစ်တာ ကြောင့် ဒီလုပ်ငန်း လုပ်ကိုင်လာတဲ့ ၁၂ နှစ်ကာလတလျှောက်လုံး စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ခဲ့ရတယ်လို့ဆိုပါတယ်။