HI ရဲ့ ပရိသတ်များအားလုံး မင်္ဂလာပါရှင်
သတင်းပေးချင်တာဖြစ်ဖြစ် ရင်ဖွင့်ချင်တာဖြစ်ဖြစ် HI ပေးစာ/ပြန်စာကဏ္ဍကို ဆက်သွယ်ပေးပို့နိုင်ပါပြီရှင်။
This author has not written his bio yet.
But we are proud to say that webmaster contributed 1391 entries already.
သတင်းပေးချင်တာဖြစ်ဖြစ် ရင်ဖွင့်ချင်တာဖြစ်ဖြစ် HI ပေးစာ/ပြန်စာကဏ္ဍကို ဆက်သွယ်ပေးပို့နိုင်ပါပြီရှင်။
မေလ ၅ ရက်ကနေ ၁၁ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီး ဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI ကစုစည်းဖော်ပြလိုက်ပါတယ်။
စစ်မှုထမ်းဖို့ တပ်သားသစ်တွေစုဆောင်းသွားပြီးတဲ့နောက်မှာပဲ တိုက်ကြီးမြို့နယ်က ဘာသာခြား လူငယ် တစ်ဦး ကို သင်တန်းမှာဝက်သားမစားလို့ ဆိုတဲ့အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်သားတွေက ဝိုင်းဝန်းရိုက်နှက် ခဲ့တဲ့ အတွက် မင်္ဂလာဒုံစစ်ဆေရုံမှာဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့တဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တဲ့အတွက် စစ်မှုထမ်း ခေါ်သွားခံရတဲ့သူတွေရဲ့ မိသားစုတွေမှာ စိုးရိမ်ရေချိန်မြင့်တက်နေကြတာပါ။
စစ်အာဏာသိမ်းပြီးနောက် အာဏာရှင်ဆန့်ကျင်တော်လှန်ရေးမှာ အမျိုးသမီးတွေဟာ နေရာပေါင်းစုံ ၊ဘက် ပေါင်း စုံကနေပါဝင်ခဲ့ကြပါတယ်။လက်ရှိအချိန်ထိလည်း တော်လှန်ရေးရဲ့ ကဏ္ဍတိုင်းမှာ အမျိုးသမီးပါဝင်မှုရာခိုင်နှုန်း (၆၀)ဝန်းကျင်ရှိတယ်လို့ အမျိုးသမီးအရေးလှုပ်ရှားသူတွေကပြောဆိုထားပါတယ်။
အားလုံးရဲ့မိခင်တွေကို မေးကြည့်ရင် ဘွဲ့တံဆိပ် ကို လိုချင်သလား။ သားကို လိုချင်လားဆိုရင် သားကိုပဲလိုချင်ပါလိမ့်မယ်။ အာဇာနည်ဆိုတဲ့ဘွဲ့ကို မလို ချင်ပါဘူး။
စစ်မှုထမ်းဉပဒေကြောင့် သောကရောက်နေကြတဲ့အမျိုးသမီးများ
သူတို့ကတော့ အဲဒီငွေကို ခွဲတမ်းကောက်တယ်လို့ ပြောတာပေါ့။ စစ်ထဲပါသွားတဲ့သူရဲ့ ကျန်ရစ်တဲ့မိသားစုအတွက် ထောက်ပံ့ငွေကို တစ်ရပ်ကွက်လုံးက စုခံရတာ”
စစ်မှုထမ်းဉပဒေကြောင့် သောကရောက်နေကြတဲ့အမျိုးသမီးများ
ဧပြီလ ၂၉ ရက်မှ မေလ ၄ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့ အကြောင်း အရာ တွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။
လက်ရှိ ရခိုင်မှာ လွန်စွာမတည်မငြိမ်ဖြစ်နေတဲ့ အခြေအနေမှာ ပြန်လည်ပေါ်ပေါက်လာနေတဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခအန္တရာယ်နှင့် တင်းမာတွေ ပိုမိုတိုးပွါးလာနေချိန် လူမှုသဟဇာတဖြစ်မှုကို မြှင့်တင်ဖို့ နှစ်ဆကြိုးပမ်းနေကြတဲ့ ရခိုင်ပြည်နယ်အတွင်းက အမျိုးသမီးနှင့် လူငယ်တွေကို အပြည့်အဝ ထောက်ခံ အားပေးကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ်။ ရခိုင်မြောက်ပိုင်းမှာ သတင်းတု၊ သတင်းမှားနှင့် အမုန်းစကားတွေ ပြန့်ပွါးနေတဲ့အတွက် ကုလသမဂ္ဂအဖွဲ့အနေနဲ့ စိုးရိမ်မကင်းဖြစ်မိတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric က မေလ ၁ ရက်နေ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ “လူမှုသဟဇာတဖြစ်မှု(Social cohesion)ကို မြှင့်တင်ရန် နှစ်ဆတိုး ကြိုးပမ်းနေကြပြီး အတူတကွ လက်တွဲ လုပ်ဆောင်နေကြသည့် ရခိုင်ပြည်နယ်တွင်းက ရပ်ရွာခေါင်းဆောင်များ၊ အထူးသဖြင့် အမျိုးသမီးများနှင့် လူငယ် […]

အမျိုးသမီးတွေရဲ့ တရားမျှတမှုအတွက် အမျိုးသမီး အသံများကို ဖော်ထုတ်ရာနေရာတခုဖြစ်ပါတယ်။ သတင်းမီဒီယာတွေ အများကြီးရှိပေမယ့် အမျိုးသမီးတွေရဲ့ အသံတွေကို အဓိကထား ဖော်ထုတ်ပေးတဲ့ မီဒီယာတွေ နည်းပါတယ်။ အမျိုးသမီးတွေဟာ အကြမ်းဖက်ခံရတာတွေ၊ မတရားတာတွေ၊ ဓလေ့ထုံးတမ်း ယဉ်ကျေးမှု အခက်အခဲတွေကြားထဲမှာ ကြုံတွေ့နေရတဲ့အတွေ့အကြုံတွေကို ဖော်ပြပေးရာနေရာဖြစ်ပါတယ်။
အမျိုးသမီးရေးဆိုင်ရာ သတင်းဆောင်းပါး၊ ဓာတ်ပုံ၊ ကဗျာ၊ ကာတွန်းများ ပေးပို့လိုပါက
[email protected] သို့ ဆက်သွယ်နိုင်ပါသည်။