Entries by webmaster

လက်ထပ်ခြင်းကို တန်ဖိုးထားတဲ့ LGBTQ စုံတွဲ ဉာဏ်နဲ့မယ် 

သူတို့ဆုံးဖြတ်ချက်က အာဏာရှင် အုပ်စိုးနေတဲ့ မြန်မာနိုင်ငံမှာဆိုရင် ဖြစ်နိုင်ဖို့ မလွယ်ကူပေမယ့် သူတို့ရဲ့ ဖြစ် တည်မှု၊ LGBTQ အခွင့်အရေးတွေနဲ့ပတ်သတ်လို့ စိုးရိမ်ရမှုမရှိဘဲ စိတ်လွတ်လပ်စေတဲ့ ထိုင်းနိုင်ငံက လိင်စိတ်ခံ ယူမှုကွဲပြားသူတွေရဲ့ အထင်ကရ ပွဲတော်တစ်ခုမှာ လူထုအားကိုယူပြီး သိရှင်ကြားလက်ထပ်ဖို့ရွေးချယ်ခဲ့တာပါ။

ဝါသနာပါတဲ့စက်ဘီးစီးခြင်း အသုံးချကာ Delivery လုပ်ငန်းဦးစီးနေသူ အမရာ

မေ ရာသီဥတုဒဏ်ခံနိုင်တဲ့ပေါ့ပါးတဲ့အကျီနဲ့ခေါင်းဆောင်းဦးထုတ်ဝတ်ဆင်ထားတဲ့ အမျိုးသမီးငယ်တစ်ဦးဟာ ကားလမ်းမပေါ်မှာ စက်ဘီးတစ်စီးကိုသွက်လက်စွာနင်းနေပါတယ်။ လက်ထဲမှာလည်းအထုတ်တွေသယ်ထားပါသေး တယ်။ သူကတော့အသက်(၂၄)နှစ်အရွယ်အမရာလို့ခေါ်တဲ့အမျိုးသမီးငယ်ပါ။ သူဟာရန်ကုန်မြို့အနှံ့အစားအသောက်တွေ၊ ကုန်ပစ္စည်းတွေကို စက်ဘီးတစ်စီးနဲ့သွားရောက်ပို့ဆောင်နေသလို  Quick & Easy Delivery Service ကိုတည်ထောင်ထားသူ အမျိုးသမီးတစ်ဦးလည်းဖြစ်ပါတယ်။ အမရာဟာ အရင်က Special Nurse အနေနဲ့ကျန်းမာ‌ရေးမကောင်းတဲ့ လူတွေကိုကြည့်ရှု့စောင့်ရှောက်တဲ့အလုပ်ကို လုပ်ကိုင်ခဲ့ရာကနေ အသက်(၂၀)အရွယ်လောက်ကစပြီး Delivery Service လုပ်ငန်းကို စတင်ဦးစီးတည်ထောင်ခဲ့တာဖြစ်ပါတယ်။ နဂိုကတည်းကစက်ဘီးစီးဝါသနာပါတဲ့ အမရာဟာ ကိုဗစ်ကာလတုန်းက ကျန်းမာရေးကြောင့်အပြင်ထွက်ဈေးဝယ်ဖို့ခက်ခဲတဲ့သူတွေ၊ အဘိုးအဘွားတွေအတွက် စားသောက်ကုန်၊ ဆေးဝါး၊ လူသုံးကုန်တွေဝယ်ယူပြီး စက်ဘီးနဲ့ပို့ ဆောင်ပေးတဲ့အလုပ်ကို သူငယ်ချင်းတွေနဲ့စုပြီးလုပ်ကိုင်ခဲ့ပါတယ်။ ကိုဗစ်ကာလအပြီးမှာတော့သူအရင်ကကူညီခဲ့တဲ့သူတွေကဖုန်းဆက်ပြီးဝန်ဆောင်ခယူကာပို့ဆောင်ပေးဖို့အကူအညီတောင်းရာကနေ Delivery လုပ်ငန်းလေး စတင်အကောင်အထည်ဖော်ဖြစ်ခဲ့ပါတယ်။ လုပ်ငန်းအတည်တကျထူထောင်တဲ့အခါမှာ အမရာဟာဘဝတူအလုပ်လိုအပ်သူတွေကိုအလုပ်ပေးနိုင်ခဲ့ပါတယ်။ တခြားအလုပ်လုပ်ရင်း အပိုဝင်ငွေရှာလိုသူတွေ သင်တန်းတက်ရင်းအချိန်ပိုင်းအလုပ်လုပ်လိုသူလူငယ်တွေကိုအမရာက အလုပ်ပေးနိုင်ခဲ့ပါတယ်။ Delivery အလုပ်စလုပ်တုန်းကအခက်အခဲကလမ်းကြောင်းမကျွမ်းကျင်တာပါ။ ဒါ့အပြင် ဒီအလုပ်က […]

မြေမြုပ်မိုင်းဒဏ်ခံနေရတဲ့ပြည်သူတွေအတွက် ဘယ်သူတွေမှာတာဝန်ရှိနေလဲ

ဒီနှစ်ဇန်နဝါရီ ၂၁ရက် ကနေ မေ ၁၈ရက်အတွင်း ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်၊ ညောင်ရွှေ၊ ဟိုပုံး၊ ပင်လောင်းမြို့နယ်တွေအတွင်းမြေမြုပ်မိုင်း၊ လက်နက်ကြီးကြောင့် အရပ်သားထိခိုက်ဒဏ်ရာရရှိသူ (၉၉) ဦးရှိခဲ့ပြီး၊ အဲ့ထဲမှာ ဆီဆိုင်မြို့နယ်သို့ နေရပ်ပြန်သွားသူ ၅၀ ရာခိုင်နှုန်းပါဝင်ကြောင်း ပအိုဝ်း လူငယ်အစည်းအရုံးက မေလ ၂၈ရက်နေ့ မှာ ထုတ်ပြန်ထားပါတယ်။

စစ်မှုထမ်းဥပဒေအပေါ် အမျိုးသမီးတွေရဲ့စိုးရိမ်မှု စကားသံ

စစ်မှုထမ်းဥပဒေကြောင့်အမျိုးသမီးတွေကြုံတွေ့လာနိုင်တဲ့စိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီး HI က ဆက်သွယ်မေးမြန်းထားပါတယ်။

ကုန်ဈေးနှုန်းအတက်ကြမ်းလို့ ပူပန်သောကရောက်နေကြတဲ့ ပူတာအိုဒေသခံများ

ပူတာအိုဒေသမှာတိုက်ပွဲတွေကြောင့်ကားလမ်းပိတ်ရာကနေအစပြုပြီး ကုန်စျေးနှုန်းတရိပ်ရိပ်တက် လာခဲ့တာလက်ရှိ အခြေအနေမှာ မြန်မာနိုင်ငံရဲ့ ကုန်စျေးနှုန်းအမြင့်ဆုံးမြို့ဖြစ်လာတာကြောင့် အိမ် ထောင်စုအများအပြား စားစရာ ပြတ်လပ်တဲ့ ဒဏ်ကြုံနေကြရပါတယ်။

အသွေးအသားရင်းကာ တော်လှန်ရေးလုပ်နေတဲ့ နိုင်ကျဉ်းမိခင်သီချင်းရှင်

သူကစိတ်ဓါတ်မာမာနဲ့ ဝါသနာပါတဲ့ အနုပညာနဲ့တစ်မျိုး၊ ဘဝတူနိုင်ငံရေးအကျဉ်းသူတွေကို ကူညီလို့တသွယ်သန်မာတဲ့အမျိုးသမီးတစ်ဦးအဖြစ် ရှင်သန်ရပ်တည်နိုင်ခဲ့တဲ့ တော်လှန်ရေးမိခင်တစ်ဦးဖြစ်ပါတယ်။

ရွာလုံးကျွတ်နီးပါးအသတ်ခံရတဲ့ထဲက ခင်ပွန်းသည်တွေ ပေးဆပ်လိုက်ရတဲ့ဗျိုင်းဖြူရွာမှအမျိုးသမီးတွေ

အဲဒီဖြစ်စဉ်ထဲမှာ ဗျိုင်းဖြူရွာက အိမ်ထောင်သည်အမျိုးသမီးတစ်ဦးနှင့် အပျိုအမျိုးသမီးနှစ်ဦးကို စစ်ကောင်စီ တပ် ဖွဲ့ဝင်တွေက ထမင်းချက်ခိုင်းဖို့ခေါ်သွားပြီး မုဒိမ်းကျင့်ပြီး အိမ်ထောင်သည်အမျိုးသမီးကို သတ်ပစ်လိုက်ကာ ကျန် အပျိုအမျိုးသမီးနှစ်ဦးကိုတော့ပြန်လွတ်လိုက်ပါတယ်။