Entries by webmaster

ကရင်နီ ထောက်ပို့အမျိုးသမီးငယ်လေးတစ်ဦးရဲ့တော်လှန်ခရီးလမ်း

ကမ်ပိန်းအတွက်ရည်မှန်းထားတဲ့ သတ်မှတ်ချက်(target) မပြည့်မှာ၊ လိုအပ်တာတွေကို အချိန်မီမဖြည့်ဆည်းပေးနိုင်မှာ စတာတွေစိတ်ပူရပါတယ်။ ဒါ့အပြင် မိထော်ရဲ့ပုံတွေကိုယူသုံးကာ အလှူခံတဲ့လူလိမ်တွေရဲ့ အန္တရာယ်က လည်းရှိပါသေးတယ်။ ထောက်ပို့လုပ်ငန်းတွေကိုဆောင်ရွက်ရင်းကြုံတွေရတဲ့အခက်အခဲများစွာကို အတက်နိုင်ဆုံး အကောင်းဆုံးကြိုးစားနေပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)သတင်းနှင့်ပြန်ကြားရေးဌာနမှ လွေးယေဦးနှင့်ဆက်သွယ်မေးမြန်းခြင်း

TNLAအနေနဲ့ စစ်ပွဲတွေမစတင်မီမှာ လူထုထိခိုက်မှုမရှိအောင် ဘယ်လိုစီစဉ်ဆောင်ရွက်ထားသလဲ။ စစ်တပ်ရဲ့စစ်ရာဇဝတ်မှုကျူးလွန်မှုတွေ၊ စစ်ရှောင်တွေနဲ့ပတ်သက်လို့ လုပ်ဆောင်ထားမှုအခြေအ နေတွေနဲ့ပတ်သတ်ပြီးတအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ သတင်းနှင့် ပြန်ကြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို HIကဆက်သွယ်မေးမြန်းထားပါတယ်။

အရှေ့တောင်အာရှကိုယ်စားပြု News Editorial Leadership Award ချီးမြှင့်ခံရတဲ့ အမျိုးသမီးအယ်ဒီတာချုပ် နန်းဖော့ဂေ

အမျိုးသမီးတွေအနေနဲ့ဦးဆောင်သူနေရာကိုရောက်ဖို့ ဌာနရဲ့မူဝါဒအပေါ်မှာမူတည်ပြီး ဌာနရဲ့မူဝါဒထဲမှာခိုင်ခိုင်မာမာချမှတ်ကျင့်သုံးတာမျိုး၊ အမျိုးသမီးတွေကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်နဲ့ ဂုဏ်သိက္ခာရှိရှိ လုပ်ဆောင်မယ်ဆိုရင် ဦးဆောင်သူနေရာရောက်ရှိဖို့က မခဲယဉ်းဘူးလို့ နန်းဖော့ဂေက မှတ်ချက်ပေးပါတယ်။

လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ကျူးလွန်သူတွေ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတာဟာ အမျိုးသမီးရဲမေတွေအတွက် ကြီးမားတဲ့စိန်ခေါ်မှုဖြစ်နေ

တော်လှန်ရေးတပ်ဖွဲ့ဝင်အမျိုးသမီးတွေအနေနဲ့ အများဆုံးကြုံတွေ့နေရတာက Sexual Harassment လို့ခေါ်တဲ့ လိင်ပိုင်းဆိုင်ရာ ထိကပါးရိကပါးစော်ကားတာတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဝန်ခံထွက်ဆိုခဲ့ကြတာဖြစ်ပါတယ်။

ဗုံးသံ၊ သေနတ်သံ၊ပစ်ခတ်မှုတွေကြားက အမျိုးသမီးစစ်သတင်းထောက်

“သမိုင်းမှတ်တမ်းမှာဆိုရင် အကြီးမားဆုံးကာလလို့ ပြောရမှာပေါ့။ ဒီလိုအချိန်ကာလမှာ ကျမကအဝေးမှာရှိနေတာထက် စစ်ပွဲအတွေ့အကြုံရချင်တယ်။ ကိုယ်တိုင်လည်း ကြုံချင်တယ်။ ဒါက ကျမအတွက် အဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံဖြစ်တယ်။ ဒီအခြေအနေမှာ ကိုယ်တိုင်ရှိနေတာက သတင်းသမားအတွက်ပိုပြီးတော့ကောင်းတယ် လေ။”လို့ သူထွက်လာရတဲ့ အကြောင်းအရင်းကို ပြောပြပါတယ်။

စစ်ဘေးအပြင် ရေဘေးပါကြုံတွေ့နေရတဲ့ စစ်ရှောင်ဘဝများ

နန်းဆိုင်နွမ် “ မိုးရွာရင် စိတ္တဇလိုပဲ။ မြစ်ရေကိုသွားသွားကြည့်နေရတယ်။ ညဆိုရင် အိပ်ရမှာတောင် ကြောက်နေပြီ” လို့ ဒေါ်ခွန်ဂျာတစ်ယောက် စိတ်ပျက်လက်ပျက်နဲ့ ပြောလာပါတယ်။ ဒေါ်ခွန်ဂျာတို့နေထိုင်တဲ့ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် လဘန်ကျေးရွာက စစ်ရှောင်စခန်းဟာ ဇွန်လကုန်ပိုင်းမှာ ဧရာဝတီမြစ်ရေ ရုတ်တရက်မြင့်တက်မှုကြောင့် စခန်းထဲက ယာယီတည်ဆောက်ထားတဲ့ ဝါးတဲတွေပျက်စီးခဲ့သလို အချို့တဲတွေရေထဲမျှောပါသွားခဲ့ပါတယ်။ “ကျမတို့ရဲ့ တဲရေထဲတော့မျှောမပါပေမယ့် တဲပြိုကျတာတော့ကြုံရတယ်။ မိုးရောလေရောကြီးတော့ တဲကမခိုင်တော့ ပြိုကျတာပေါ့။ မိုးရွာရင်လန့်နေရတယ်” လို့ ဒေါ်ခွန်ဂျာက ပြောပါတယ်။ ဒေါ်ခွန်ဂျာတို့ဟာ မတ်လ ၉ရက်မှာ စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ ဝိုင်းမော်မြို့နယ် အောင်မြေ (၁) ကျေးရွာ နဲ့ ရွှေညောင်ပင်ရွာကြား တိုက်ပွဲပြင်းထန်မှုကြောင့် လဘန်ကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်လာကြသူတွေ ဖြစ်ပါတယ်။ သူတို့မိသားစုဟာ လဘန်ကျေးရွာက စစ်ရှောင်စခန်းကို ရောက်ရှိလာတာ […]

သားသမီးပညာရေး စိုးရိမ်ပူပန်နေကြရတဲ့ ရခိုင်ကမိခင်များ

မြန်မာနိုင်ငံမှာအဆင်းရဲဆုံးဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် အသက်ဆုံးရှုံးမှုတွေ၊ ပစ္စည်းဥစ္စာဆုံးရှုံးမှုတွေ၊ စီးပွားရေးဆုံးရှုံးမှုတွေနှင့်အတူ ပညာရေးဆုံးရှုံးမှုတွေကိုပါ ဆက်ပြီးခံနေရတာကြောင့် သားသမီးပညာရေးကိုတော့ မဆုံးရှုံးချင်ဘူးလို့ ဒေါ်ညိုက ပြောပါတယ်။