Entries by webmaster

အမျိုးသမီးနိုင်ငံရေးအကျဉ်းသူတွေအခွင့်အရေးချိုးဖောက်ခံရမှုများနဲ့ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်(PPNM)နှင့် တွေ့ဆုံမေးမြန်းခြင်း

“အကျဉ်းသူတွေကို သူတို့နဲ့အတူနေဖို့မြူဆွယ်တယ်။ ခြိမ်းခြောက်တယ်။ လက်မခံရင်တော့ အာဏာသုံးပြီး အဓမ္မပြုကျင့်တာပေါ့။”

Honest Information အမျိုးသမီးသတင်းဌာန၊ လူမှုဘဝဆောင်းပါး အစီအစဉ် (Episode-11)

ကျွန်မတို့ HIဌာနရဲ့ ဒီအပတ် လူမှုဘဝဆောင်းပါးအစီအစဉ်မှာတော့ “မုန်းတီးခွဲခြားမှုတွေကြား ရုန်းကန်ရှင်သန်နေကြတဲ့သက်တံရောင် LGBT တွေ “ ဆိုတဲ့ လူမှုဘဝဆောင်းပါးတစ်ပုဒ်ကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။

LGBT ဆိုတာကိုဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုချင်လဲ?

ဒီကနေ့ရဲ့ “မှတ်သားစရာ အသိပညာ” အစီအစဉ်မှာတော့ LGBT များကိုလက်ရှိ အချိန်ထိ ကြောက်ရွံ့မုန်းတီးခွဲခြားဆက်ဆံမှုတွေရှိနေသေးတာကို အသိပညာပေး တင်ဆက်သွားမှာဖြစ်ပါတယ်။

စစ်တွေမြို့ ဗျိုင်းဖြူရွာကအမျိုးသမီး ၃ဦးကိုစစ်ကောင်စီတပ်အဓမ္မပြုကျင့်ပြီး ၁ဦးကိုသတ်ခဲ့

စစ်တွေမြို့ ဗျိုင်းဖြူရွာက အမျိုးသမီး၃ဦးကို စစ်ကောင်စီတပ်က အဓမ္မပြုကျင့်ပြီးနှစ်ဦးကိုပြန်လွှတ်ပေးခဲ့ပြီး အမျိုးသမီးတစ်ဦး အသတ်ခံခဲ့ရတယ်လို့ ရွာသားတွေက ပြောပါတယ်။

အာဏာရှင်စနစ်တော်လှန်ခြင်းနှင့်အတူ စုံလင်ကွဲပြားမှုကို လေးစားသည့် လူ့ဘောင်အသိုက်အဝန်း တည်ဆောက်ကြပါစို့။

အာဏာရှင်စနစ်တော်လှန်ခြင်းနှင့်အတူ စုံလင်ကွဲပြားမှုကို လေးစားသည့် လူ့ဘောင်အသိုက်အဝန်း တည်ဆောက်ကြပါစို့။

ပဋိပက္ခဒေသတွင်းက ကျောင်းဖွင့်ချိန်နှင့် မိဘတွေရဲ့သောက

မြို့ပြဒေသမှာငွေကြေးတက်နိုင်တဲ့ မိဘတွေက နိုင်ငံတကာနဲ့ ပုဂ္ဂလိကကျောင်းတွေရွေးချယ်နိုင်ကြပေမယ့် ငွေကြေးမတက်နိုင်တဲ့ မိဘတွေက စစ်ကောင်စီလက်အောက်ခံ အစိုးရကျောင်းတွေမှာလည်း မထားချင်၊ နိုင်ငံတကာနဲ့ ပုဂ္ဂလိက ကျောင်းတွေလည်း မတက်နိုင်၊ အခြားအားကိုးစရာပြည်သူ့အစိုးရရဲ့ အွန်လိုင်းကျောင်း အချို့ကလည်း နည်းပညာနဲ့ အလှမ်း ဝေးပြီး လက်လှမ်းမမှီနိုင်တဲ့အတွက် ကလေးပညာရေးအတွက် စိတ်ပူပန်နေရပါတယ်။

တရားမျှတမှုရရှိဖို့ ထည့်သွင်းစဉ်းစားရမယ့် အချက်များ

ဒီကနေ့မှာတော့ မှတ်သားစရာ အသိပညာ အစီအစဉ်ကနေ ပဋိပက္ခကာလအတွင်း အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး တရားမျှတမှု အတွက်စီမံဆောင်ရွက်ရာမှာ ထည့်သွင်းစဉ်းစားရမယ့် လိုအပ်ချက် အခြေအနေလေးတွေကို ဆွေးနွေးပေးသွားမှာပဲ ဖြစ်လို့ အတူတူကြည့်ရှုလိုက်ရအောင်နော်။

အမြင်အာရုံဆုံးရှုံးသွားခဲ့ရင်တောင် စာတွေဆက်‌ရေးနေမယ့် စာရေးဆရာမ

မေ စာအုပ်တွေအပြည့်ရှိနေတဲ့အခန်းတစ်ခုရဲ့ အလယ် စားပွဲခုံတစ်ခုပေါ်မှာ အမျိုးသမီးတစ်ဦးဟာ တစ်စုံတစ်ခုကို အာရုံစိုက်ပြုလုပ်နေပါတယ်။ အမျိုးသမီးပြုလုပ်နေတာကတော့ စာရေးနေတာပါ။ သူရဲ့စာရေးပုံကတော့ ထူးခြားပါတယ်။ စာရွက် ဘောပင်တွေ ၊ ကွန်ပျူတာတွေနဲ့ရေးတာမျိုးမဟုတ်ဘဲနဲ့ Tablet တစ်ခုပေါ်မှာ စာလုံးတစ်လုံးချင်းစီရေးသားနေတာပါ။ အဲ့ဒီအမျိုးသမီးကတော့ အသက်(၄၀)အရွယ် စာရေးဆရာမတစ်ဦးဖြစ်တဲ့ ဧကြည်ဖြူပါ။ စာရေးဆရာမ ဧကြည်ဖြူဟာ မွေးရာပါအမြင်အာရုံအားနည်းသူတစ်ဦးပါ။ ဒါကြောင့်စာတွေကိုအကြီးချဲ့ကာ စာလုံးတစ်လုံးချင်းစီရေးသားနေတာဖြစ်ပါတယ်။ သူဟာ အမြင်အာရုံလုံးဝမမြင်ရတာမျိုးမဟုတ်ပေမယ့် မွေးရာပါအမြင်လွှာပါးတာကြောင့် တချို့အရာတွေကို အနီးကပ်ကြည့်ရင်တော့မြင်ရတာမျိုးပါ။ အကွာအဝေး သုံးပေ၊ ငါးပေလောက်အထိတော့မြင်ရပါတယ်။ ကျောင်းနေအရွယ်ရောက်တော့ ပါဝါ (၁၆၀၀)ရှိတဲ့ မျက်မှန်ကိုစတပ်တဲ့အခါ ဆယ်ပေကျော်အထိ လူရုပ်တွေကိုကောင်းကောင်းမြင်ခဲ့ရတယ်။ ကျောင်းမှာစာသင်တဲ့အခါ ကျောက်သင်ပုန်းကစာကိုမမြင်ရလို့ သူငယ်ချင်းဆီက စာတစ်ဆင့်ပြန်ကူးရင် ပညာသင်ယူခဲ့ရပါတယ်။ အမြင်အာရုံအားနည်းမှုကြောင့် လမ်းသွားတိုင်းချော်လဲတဲ့ အဖြစ်နဲ့လည်း အမြဲရင်ဆိုင်ခဲ့ရပါတယ်။ “စာသင်ရင်ကျောက်သင်ပုန်းက စာကိုမမြင်ရတာကတော့ အခက်ခဲဆုံးပါ။ မျက်ရည်လည်းအမြဲကျရတယ်”လို့ စာရေးဆရာမ […]

ရိုးရာဗိုင်းငင်ဓလေ့မပျောက်ကွယ်အောင် ထိန်းသိမ်းချင်သူ အမျိုးသမီး

“အကြီးအတွက်ကတော့ ခက်ခဲလေ တန်ဖိုးရှိလေဆိုသလိုပေါ့၊ ကွာလတီလည်းကောင်းတယ်၊ လုပ်ရင်လုပ်နိုင်သလောက် ကောင်းတယ်ဆိုတာသိတယ်၊ နိုင်ငံခြားသားကလည်း ဒီလိုမျိုးကို တန်ဖိုးထားတယ်”