Entries by webmaster

လွှတ်တော်မှသည် နွေဦးသို့ခြေလှမ်းများ

“အမျိုးသမီးဖြစ်နေတဲ့အတွက်ကြောင့် ကျွန်မတို့က အားငယ်ဖို့‌တော့မလိုဘူး။ ဒါပေမယ့် ကျွန်မတို့ကိုယ် ကျွန်မတို့လည်းမားမားမတ်မတ်ရပ်တည်နိုင်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်တယ် ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်တယ်ဆိုတာ မေ့ဖို့မလိုအောင်အမြဲတမ်း ထက်မြက်အောင်တော့ သွေးထားဖို့လိုတယ်”

အရွေ့တစ်ခုအတွက် စွန့်လွတ်အနစ်နာခံပြီး ယုံကြည်ရာလျောက်လှမ်းနေသူ အမျိုးသမီးတွေ

“ကိုယ့်အပေါင်းအသင်းတွေဆိုလည်း အာဏာသိမ်းတာမှားတယ်ဆိုတာသိတယ်။ ဒါပေမယ့် ဘဝအပျက်မခံနိုင်တဲ့အတွက် သူတို့က နဂိုအလုပ်ပဲဆက်လုပ်တယ်။ ကျွန်မတို့စိတ်ကျတော့ ဘဝပျက်ရင်ပျက် သူများတွေဆို အသက်တွေတောင် ပေးဆပ်နေကြတာလေ။ နောက်ဆုံး အသက်ပါပေးမှဖြစ်မယ်ဆိုတဲ့ စိတ်နဲ့လုပ်ခဲ့တာဆိုတော့ ငါကျော်ဖြတ်မယ်ဆိုတဲ့စိတ် ငါ့မှာ ခွန်အားတွေရှိတယ်ဆိုတဲ့စိတ်နဲ့ ကျော်ဖြတ်တယ်။ စိတ်ဓာတ်တွေကျခဲ့တဲ့၊ ကြိတ်ငိုခဲ့ ရတဲ့အချိန်တွေလည်းရှိတယ်”လို့ဒေါ်မူမူကဖွင့်ဟပါတယ်။

ငြိမ်းချမ်းရေးနှင့် လူမှုသဟဇာတအတွက် လမ်းပြနေသူ

“ရခိုင်တွေအကုန်လုံးက ရိုဟင်ဂျာရွာထဲက ဈေးဝယ်ကြတယ်။ ရိုင်ဟင်ဂျာတွေကလည်း ရခိုင်အိမ်တွေကိုလာပြီး ငါးရောင်းကြတယ်။ အသီးအရွက်ရောင်းကြတယ်။ ဒါက နှစ်ဖက်လူမှုအသိုင်းဝိုင်းမှာ အလွန်ချစ်ဖို့ကောင်းတဲ့ အလေ့ အကျင့်ပါ”လို့ သူကပြောပါတယ်။

လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုက အချိန်မရွေး၊ နေရာမရွေး ဖြစ်နိုင်ပြီး မည်သူမဆို ကျူးလွန်နိုင်သည်။

လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု ဖြစ်ပွားတတ်သည့်နေရာများမှာ လုပ်ငန်းခွင်၊ ကုမ္ပဏီ၊ ကျောင်း၊ အိမ်၊ လမ်း (ကား-ရထား-လေယာဉ်-သင်္ဘော၊ စျေး၊ ရုပ်ရှင်ရုံ၊ စားသောက်ဆိုင်၊ အစိုးရဌာနများ) စသဖြင့်.. ကြုံတွေ့နိုင်သော ပုဂ္ဂိုလ်များမှာ – သူစိမ်း၊ မိတ်ဆွေသူငယ်ချင်း၊ အထက်အရာရှိ၊ အလုပ်ရှင်၊ ဆွေမျိုး မိသားစုဝင်များ၊ ကျေးဇူးရှိသူများ စသဖြင့်….. လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုများကို ဖြစ်ရိုးဖြစ်စဉ်ကဲ့သို့ သဘောထားနေခြင်းက ကျူးလွန်သူများကို လူမှုအသိုင်းဝိုင်းတွင် ပြစ်ဒဏ်ကင်းလွတ်ခွင့်များ ရှိနေစေပြီး အကျူးလွန်ခံရသူများကို ပြစ်တင်ဝေဖန်မှုများ ပိုမိုဖြစ်စေသည်။

ရေဘေးမှာ ကူကယ်ရာမဲ့ကြုံတွေခံစားခဲ့ရတဲ့ စစ်ဘေးရှောင်အမျိုးသမီးတွေ

 ရှင်ငြိမ်း   “ဆယ်ရက်လုံးလုံး ရေထဲမှာနေရင်း စိတ်ဓါတ်တွေလည်းကျပေါ့။ အိမ်လေးရေထဲမြုပ်မသွားဖို့လည်း ဆုတောင်းရတယ်။ စားဖို့မရှိတော့မှာလည်းကြောက်ရနဲ့။ အရေးထဲ ကလေးမွေးချင်လာလို့ ကိုယ့်ဘာသာမွေးလိုက်ရတယ်” လို့ဒေါ်ခင်ချောကပြောပါတယ်။ မိုးကြီးကာ စစ်တောင်းမြစ်ရေတက်လာတာကြောင့် ဒေါ်ခင်ချောနဲ့ ကလေးငယ် နှစ်ယောက်ပါဝင်တဲ့ မိသားစုဝင် ခြောက်ယောက်ဟာ ဘဂ်လိဂါစစ်ရှောင်စခန်းက သူတို့ရဲ့ခြေတံရှည်သစ်သားအိမ်လေးပေါ်မှာ သောင်တင်နေတာ ဆယ်ရက်ရှိပါပြီ။ အသက် ၃၃ နှစ်အရွယ် ဒေါ်ခင်ချောဟာ နေ့စေ့လစေ့ကိုယ်ဝန်လွယ်ထားရချိန်မှာ ရေဘေးသင့်ခဲ့တာကြောင့် နေအိမ်မှာ ကိုယ်တိုင်မီးဖွားခဲ့ရသူဖြစ်ပါတယ်။ ရာဂီမုန်တိုင်းအရှိန်ကြောင့် နေပြည်တော်၊ ပဲခူး၊ မန္တလေးနဲ့ ဧရာဝတီတိုင်း၊ ကယား၊ ကရင်၊ မွန်နဲ့ ရှမ်းပြည်နယ်က မြို့နယ် ၅၆ ခုမှာ ရေကြီးတာမြေပြိုတာတွေဖြစ်ခဲ့ပါတယ်။ ရေကြီး၊ မြေပြိုတာတွေကြောင့် ရာနဲ့ချီတဲ့လူတွေသေဆုံးခဲ့ရသလို လူပေါင်းတစ်သိန်းလောက်ဟာ ရေဘေးသင့်ကာ ထိခိုက်ပျက်စီးခဲ့ရတာပါ။ ရေဘေးသင့်တဲ့အထဲမှာ ဒေါ်ခင်ချောတို့လို စစ်ရှောင်တွေလည်း ပါဝင်နေခဲ့တာပါ။ သူတို့ဟာ ဇာတိဖြစ်တဲ့ကရင်မှာ […]

အမျိုးသမီးစစ်မေတွေရဲ့ကျန်းမာရေးကို ရည်ရွယ်ကူညီပေးနေတဲ့”ယုံကြည်ချက်နဲ့ဆက်လျှောက်”

“ယုံကြည်ချက်နဲ့ ဆက်လျှောက်”ရဲ့အဓိပ္ပါယ်ကတော့ နယ်ပယ်နေရာအသီးသီမှာ စစ်အာဏာရှင်ကို တော်လှန်နေတဲ့ အမျိုးသမီးစစ်မေတွေဟာ ရာသီသွေးဆင်းနေလည်း တော်လှန်ရေးအတွက် လုပ်ငန်းဆောင်တာတွေ ဆက်လုပ်သွားမယ်လို့ ဆိုလိုတာဖြစ်ကြောင်း မမိုးသဲစေက ရှင်းပြပါတယ်။

အမျိုးသမီးတွေ မလုပ်နိုင်တာမရှိကြောင်း သက်သေပြခဲ့တဲ့ တော်လှန်ရေး ဂီတကြယ်

“ဝါသနာတစ်ချို့မိတ်ဆွေ တစ်ချို့ ဆုံးရှုံးလိုက်ရလို့ ဝမ်းမနည်းပါဘူး။ ကိုယ့်လူမျိုးအတွက် အကျိုးရှိတာ ဘာမှမကူလိုက်ရဘဲ သေသွားမှာကို အကြောက်ဆုံးပဲ။”

ပြောင်းလဲသင့်ပြီဖြစ်တဲ့ အမျိုးသမီးတွေအပေါ် နှိမ့်ချတဲ့အသုံးအနှုန်းတွေ

“ပြီးခဲ့တဲ့တလောက လူတွေတော်တော်သတိထားမိသွားကြတဲ့ လိင်စိတ်ခံယူမှုကွဲပြားသူတွေကို နှိမ်ချခေါ်တဲ့ အသုံးအနှုန်းအကြောင်းပဲ ပြန်စဥ်းစားရင် ကျွန်မတို့က ဒီအသုံးကို မကြိုက်တဲ့အတွက်  နောက်ပိုင်းတင်သွင်းလာတဲ့ LGBTQIA+ ဆိုတဲ့ အသုံးမျိုးတွေကို တကယ်ပဲ လက်ခံမွေးစားလိုက်မှာလား။ ဒါက တကယ်ပဲ ကျွန်မတို့ မြန်မာလူ့ အဖွဲ့အစည်းအတွက် အဖြေဖြစ်နိုင်မလား ဆိုတာတွေအထိ အသေးစိတ်သွားကြည့်ပြီး ဖိနှိပ်တဲ့သဘော အခြေခံ လုံးလုံးမပါတဲ့ အသုံးအနှုန်းတွေကို ဆန်းစစ်ကြည့်နိုင်ရင် ဒီအတွေးအခေါ်တော်လှန်ရေးက ပိုအဓိပ္ပါယ်ရှိမယ်လို့ ယုံကြည်ပါတယ်”