Entries by webmaster

မိသားစုစိတ်ဓာတ်ဆိုသည်ကို တလွဲအသုံးချပြီး လိင်ပိုင်းဆိုင်ရာထိပါး နှောက်ယှက်မှုခံနေရသည့် လုပ်ငန်းခွင်မှအမျိုးသမီးများ

“ ကျမဘယ်သူ့ကိုပြောပြရမှာလဲ။ လက်ကိုင်တာ ပုခုံးဖက်တာက ဗိုက်ကြီးတာမှမဟုတ်တာလို့ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေကလည်း ပြောကြတယ်။ နောက်ပြီးတစ်ခုခုပြောရင်လည်း အပြစ်မရှိအပြစ်ရှာ အလုပ်ထုတ်ခံရမှာလည်း ကြောက်ရတယ်။ အလုပ်က ရှားပါးတယ်လေ”

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

နိုဝင်ဘာလ ၂၅ ရက်မှဒီဇင်ဘာလ ၁ ရက်အတွင်း တစ်ပတ်တာအမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်း အရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။  

အွန်လိုင်းပေါ်မှတစ်ဆင့် နှောင့်ယှက်မှုတွေ ကြုံတွေ့ခံစားနေရသူများအတွက်“အွန်လိုင်းအရေးပေါ် ဝန်ဆောင်မှု “Stop Online Harm” Program Lead Hetty နှင့် အင်တာဗျူး

Stop Online Harm အနေနဲ့ ဘယ်လို ဝန်ဆောင်မှုတွေ၊ အကူအညီတွေရယူနိုင်မလဲ ဆိုတာနဲ့ပတ်သက်ပြီး အဖွဲ့ရဲ့ Program Lead  (ပရိုဂရမ် ဦးဆောင်သူ) တစ်ဦးဖြစ်တဲ့ Hetty ကို HI ကဆက်သွယ်မေးမြန်းထားပါတယ်။

မြန်မာ့အမျိုးသမီးသမဂ္ဂ ဦးဆောင်ပြီး “ဂျန်ဒါရေးရာတရားမျှတမှုနှင့် ဖိုဝါဒ ကျောထောက်နောက်ခံမျက်မှောက် မြန်မာ့နိုင်ငံရေး ဖိုရမ်”ပြုလုပ်

သတင်းတို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့မှာ မြန်မာ့အမျိုးသမီးသမဂ္ဂ ဦးဆောင်ပြီး“ဂျန်ဒါရေးရာတရားမျှတမှုနှင့် ဖိုဝါဒကျောထောက် နောက်ခံမျက်မှောက် မြန်မာ့နိုင်ငံရေးဖိုရမ်”ကို အွန်လိုင်းကနေပြုလုပ်ခဲ့ပါတယ်။ အဆိုပါဖိုရမ်မှာမြန်မာနိုင်ငံရှိအမျိုးသမီးတွေဟာစိန်ခေါ်မှုတွေကြားကနေဖိုဝါဒလွှမ်းမိုးတဲ့ဖွဲ့စည်းပုံတွေ၊စနစ် တွေကိုတက်တက်ကြွကြွတွန်းလှန်တိုက်ပွဲဝင်နေကြဆဲဖြစ်တယ်လို့မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့မူဝါဒရေးရာအဖွဲ့ ဝင် ဒေါ်တင်တင်ညိုကဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင်ဂျန်ဒါအခြေပြုခွဲခြားဆက်ဆံမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ အမျိုးသမီးတွေကို စွမ်းဆောင်ရည်မြှင့်တင် ပေးခြင်း၊ စိတ်ဓာတ်ခွန်အားပေးခြင်းစတဲ့လှုပ်ရှားမှုတွေနဲ့အမျိုးမျိုးသောအဖွဲ့အစည်းတွေမှာပါဝင်နေကြတယ်လို့ ဒေါ်တင်တင်ညိုကဆိုပါတယ်။ ဒီဖိုရမ်မှာဖိုဝါဒကြီးစိုးတဲ့စနစ်ဆိုတာဘာလဲ၊ဖိုဝါဒကြီးစိုးတဲ့လူ့အဖွဲ့အစည်းကဘယ်လိုဖြစ်ပေါ်လာခဲ့လဲ၊ဖိုဝါဒကြီး စိုးမှုကိုဆန့်ကျင်တွန်းလှန်ခြင်းနဲ့ဖိုဝါဒကြီးစိုးမှုကလူ့အဖွဲ့အစည်းအတွင်းဘာကြောင့်ဆက်လက်ရှင်သန်နေလဲ၊ကျား၊မတန်းတူရေးကိုအဟန့်အတားဖြစ်စေတဲ့အချက်တွေနဲ့ဆောင်ရွက်သင့်တဲ့အသိပညာပေးအစီအစဉ်တွေ စတဲ့အကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် ၂၀၂၁ ခုနှစ် နောက်ပိုင်းအကြမ်းဖက်စစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တွေပိုမိုများပြားလာရခြင်းအကြောင်းအရင်းအချို့အပြင်စစ်ကြောရေးစခန်းတွေမှာရင်ဆိုင်ကြုံတွေ့နေရတဲ့      လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပုံစံတွေ ပဋိပက္ခနဲ့ဆက်နွယ်ပြီး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကိုအကြမ်းဖက် စစ်အုပ်စုသာမကတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ဝင်အချို့ပါကျူးလွန်လျက်ရှိတဲ့ သာဓက ဖြစ်စဉ်တွေ ရှင်သန် လွတ်မြောက်လာသူတွေရင်ဆိုင်ကြုံတွေ့နေရတဲ့စိန်ခေါ်မှုတွေအကြောင်းကိုမြန်မာ့အမျိုးသမီးသမဂ္ဂရဲ့တွဲဖက် အထွေထွေအတွင်းရေးမှူး (၁) မဝေဝေက ဆွေးနွေးတင်ပြခဲ့ပါတယ်။ တက်ရောက်လာတဲ့အမျိုးသမီးအခွင့်အရေးတက်ကြွလှုပ်ရှားသူတွေ၊အမျိုးသမီးခေါင်းဆောင်တွေအသီးသီး ကလည်း နယ်မြေအလိုက်ဖြစ်ပေါ်နေတဲ့ ဖိုဝါဒကြီးစိုးမှု၊ကျောထောက်နောက်ခံစစ်ရေး နိုင်ငံရေးနဲ့ အမျိုးသမီး တွေအပေါ် အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး […]

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

နိုဝင်ဘာလ ၁၈ ရက်မှ ၂၄ ရက်အတွင်း တစ်ပတ်တာအမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။   အင်းလေးအမျိုးသမီးသမဂ္ဂအဖွဲ့မှ “ပြည်သူ့အိုးအိမ်စည်းစိမ်များအား ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ကြ”ဆိုတဲ့ ကမ်ပိန်းပြုလုပ် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ထဲကကျေးရွာ (၁၁)ခုမှာ “ပြည်သူ့အိုးအိမ်စည်းစိမ်များအား ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ကြ”ဆိုတဲ့ ပိုစတာကမ်ပိန်းကို အင်းလေးအမျိုးသမီးသမဂ္ဂ (IWU) အဖွဲ့က ပြုလုပ်ခဲ့ပါတယ်။ “တိုက်ပွဲဖြစ်ပွားတဲ့ မြို့ပြနဲ့ ကျေးရွာအများစုက ပြည်သူလူထုရဲ့အသက်အိုးအိမ်မီးရှို့ဖျက်ဆီးခံရသလို ခိုးဆိုးလုယက်သူ များပြားလာလို့ ပြည်သူတွေစစ်ဘေးရှောင်နေချိန်မှာ ပြည်သူတွေရဲ့အိမ်ရှိပစ္စည်းများခိုးယူခံရတာတွေလည်း ရင်ဆိုင်နေရ တယ်။” လို့ IWU အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ ပိုစတာ ကမ်ပိန်းကို  မြန်မာဘာသာ၊ ပအိုဝ်းဘာသာ၊ ရှမ်းဘာသာနဲ့ ရေးသားခဲ့ကြပြီး ပြည်သူနဲ့အတူ အင်းလေးလူထု လှုပ်ရှားမှုအဖွဲ့ ၊ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် IPDF အမှတ် (၁၀၀၉) တပ်ရင်း၊ […]

စစ်ပွဲအတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများနှင့်ပါတ်သက်၍  အမျိုးသမီး၊  ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဖိုရမ်မှ အချက် (၁၁) ချက်တောင်းဆို

သတင်းတို စစ်ကောင်စီမှ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းကို နှစ်ပေါင်းများစွာ လက်နက်သဖွယ် အစဉ်တစိုက် အသုံး ပြုခြင်းများအား အချက်အလက်များနှင့်တကွ မှတ်တမ်းတင်ဖော်ပြပြီး တရားမျှတမှု ရရှိစေရေးဆောင်ရွက်နိုင်ရန် အပါ အဝင် အချက် (၁၁) ချက်ကို  အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဖိုရမ်တက်ရောက်သူများက တောင်းဆိုလိုက်ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂ၊ လုံခြုံရေးကောင်စီမှ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ဆုံးဖြတ်ချက် ၁၃၂၅ ကို ချမှတ်ခဲ့တဲ့  နှစ်ပတ်လည်လဖြစ်တဲ့ အောက်တိုဘာလအတွင်း M-WPS အဖွဲ့က ဦးဆောင်ပြီး လက်ရှိ မြန်မာနိုင်ငံအကြပ်အတည်းကာလ အတွင်း အမျိုးသမီး ငြိမ်းချမ်းရေးနှင့်လုံခြုံရေးဆိုင်ရာ အခြေအနေတွေကို အောက်တိုဘာလ နောက်ဆုံးပတ်မှာ အွန်လိုင်းဖြင့် နှစ်ရက်တာ ဆွေးနွေးခဲ့ကြကာ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ကြေညာချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ လူ့အခွင့်အရေးကို ဆိုးရွားစွာ […]

တော်လှန်ရေးကို ကျမတို့လက်ထက်မှာ အဆုံးသတ်ချင်ပြီ

“ကျွန်မတို့ကို မလုပ်နိုင်ဘူးဆိုတဲ့ အမြင်နဲ့မကြည့်ဘူး။ သူတို့ဒိုက်(၁၀၀)ထိုးနိုင်တဲ့အချိန်မှာ ကျွန်မတို့ ၂၀၊ ၃၀ လောက်နိုင်လည်း ရတယ်။ ကိစ္စမရှိဘူး။ ကျွန်မတို့ တန်းတူတော့လုပ်ရတယ်။ ခွဲခြားဆက်ဆံတာတွေတော့မရှိဘူး။ တန်းတူပဲသွားကြတယ်”

သန္ဓေတားဆေးများ ဈေးနှုန်းမြင့်တက်လာမှုကြောင့် မြို့ပြတွေပါခက်ခဲနေ

“ကိုယ်လုပ်သမျှ အရာမထင်တော့တဲ့ကာလမှာ ကလေးတစ်ယောက်ကို ကောင်းကောင်းထားဖို့ဆိုတာ မလွယ်တော့ဘူးလေ၊ ခေါ်ပြီး မနိုင်ဝန်ထမ်းမယ့်အတူတူ ငါတို့တော့ ကလေးထပ်မယူတော့ဘူးလို့ မိန်းမနဲ့လည်း တိုင်ပင်ထားတယ်၊ သူလည်း ဆေးထိုး ဆေးသောက်မလုပ်ချင်ဘူးဆိုတာနဲ့ နှစ်ဦးသဘောတူ ကွန်ဒုံးသုံးတယ် ”

စစ်အာဏာသိမ်းရန်ကြိုးပမ်းမှုနောက်ပိုင်း အမျိုးသမီးထုရင်ဆိုင်ကြုံတွေ့နေရတဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှု အခြေအနေများနဲ့ပတ်သက်ပြီး Jue Jue’s Safe Spaceမှ မဂျူးဂျူးမင်းသူနှင့် အင်တာဗျူး

ကျွန်မတို့မြန်မာပြည်မှာ စိတ်ကျန်းမာရေးကို ပိုအားစိုက်လာတာနဲ့အမျှ စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့  ဗဟုသုတတွေလည်း တွင်ကျယ်လာတယ်။ အမြင်တွေလည်း ပွင့်လင်းလာတယ်။ သို့သော် စိတ်ကျန်းမာရေး ကုစားဖို့အတွက် လိုအပ်တဲ့အခါမှာ ကျွမ်းကျင်တဲ့ပညာရှင်တွေကို အသုံးပြုဖို့လိုတယ်။ သူတို့ရဲ့  ဝန်ဆောင်မှုကို အသုံးပြုဖို့လိုတယ်။