Entries by webmaster

၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း နိုင်ငံတဝန်းအမျိုးသမီး ၆၃ ဦး သေဆုံးခဲ့

အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ လက်နက်ကြီးပစ်ခတ်မှု၊ လေယာဉ်ဗုံးကြဲမှု၊ အကြောင်းမဲ့ သတ်ဖြတ်မှုတွေကြောင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း မြန်မာနိုင်ငံတဝန်း အမျိုးသမီး ၆၃ ဦး သေဆုံးခဲ့ရပြီး ၆၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU) က ဒီကနေ့ အောက်တိုဘာ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။ အခုလို အကြမ်းဖက်စစ်အုပ်စုရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးရသူတွေထဲမှာ ရှမ်းပြည်နယ်က ၂၁ ဦးနဲ့ အများဆုံးဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးမှာ ၁၅ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးက ၈ ဦး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးတွေဖြစ်တဲ့ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာ ရီ တိုင်းနှင့် ကချင်ပြည်နယ်တွေက အမျိုးသမီးတချို့ဟာလည်း အသက်သေဆုံးမှုရှိခဲ့တယ်လို့ BWU ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ […]

စစ်ရှောင်စခန်းတွေတွင်း ကလေးမွေးဖွားနှုန်းမြင့်မားလာမှု စိုးရိမ်စရာဖြစ်လာ

“ကျမသွားခဲ့တဲ့စခန်းက အမျိုးသမီးတချို့က ကလေးတားဖို့ မလုပ်ချင်ကြဘူး။ ဘာလို့လဲဆိုရင် သူတို့က ကလေးဆိုတာ ဘုရားပေးတဲ့အရာဖြစ်လို့ မတားကောင်းဘူးဆိုတဲ့အယူအဆစွဲတွေရှိတယ်။ တချို့ကျ အမွေဆက်ခံမယ့် သားယောကျာ်းလေးမရသေးလို့ ထပ်ယူရင်းနဲ့များလာတာတွေပေါ့။”

နိုင်ကျဉ်း မိခင် – ရုပ်သံဇာတ်လမ်းတို

“အစ်မတို့နိုင်ငံရေးအကျဉ်းသူတွေမှာ ခံယူချက်ရှိတယ် ယုံကြည်ချက်ရှိတယ်။ အဓိက ပြီးတော့ ငါတို့တွေ တစ်ယောက်မကျန် လွတ်မြောက်ရမယ်ဆိုတဲ့ စိတ်ရှိတယ်။ အဓိက ကိုယ်တစ်ယောက်ထဲလွတ်လာရတဲ့ feeling မျိုးမှာ ဘယ်သူမှမပျော်ဘူး။”

The Dirty Woman – Short film

မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား လူမျိုးများတွင် ကိုယ်ပိုင်ရိုးရာဓလေ့ထုံးတမ်းများကို လူမျိုးအသီးသီး၏ယဉ်ကျေးမှုနှင့် သမိုင်းဆိုင်ရာအမွေအနှစ်များအဖြစ် မျိုးဆက်သစါများသို့ လက်ဆင့်ကမ်းပြီး ရာသက်ပန်ထိမ်းသိမ်းတန်ဖိုးထားနိုင်ရန် လိုအပ်သည်။ အချို့သော ဓလေ့ထုံးတမ်းများသည် အမျိုးသမီးများ၏ အခြေခံအခွင့်အရေးများကို ချိုးဖောက်နေပြီး တရားမျှတမှုဆိုင်ရာ ရှုထောင့်မှလေ့လာလျှင် မလွဲမသွေပြုပြင်ပြောင်းလဲရန် လိုအပ်နေသည်။

တေး – ရုပ်သံဇာတ်လမ်းတို

“ရှင်သန်လွတ်မြောက်သူများ၏ တရားမျှတမှုနှင့် အတိတ်၏ အရိပ်မည်းများအောက်မှ လွတ်မြောက်ရန်အတွက် တိတ်ဆိတ်မှုကို ဖြိုခွင်းခြင်း” ခေါင်းစဉ်ဖြင့် ပဋိပက္ခကြောင့် ထိခိုက်ခံစားခဲ့ရသူများ၏ အသံများကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ထုတ်ရန်ရည်ရွယ်၍ ရိုက်ကူးထားသော ရုပ်သံဇာတ်လမ်းတိုများမှ တစ်ပုဒ်ဖြစ်သည့် “တေး” ရုပ်သံဇာတ်လမ်းတိုအား ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

စက်တင်ဘာလ ၂၃ ရက်မှ ၂၉ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်း အရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။   ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ ပုပ်ရဟန်းမင်းကြီးတောင်းဆို၊ ဗာတီကန်မှာ လာရောက်ခိုလှုံနိုင်တယ်လို့ ကမ်းလှမ်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုပြန်လွှတ်ပေးဖို့နဲ့ ဗာတီကန်မှာလာရောက်ခိုလှုံနိုင်တယ် လို့ ပုပ်ရဟန်းမင်းကြီးကတောင်းဆိုလိုက်ပါတယ်။ ပုပ်ရဟန်းမင်းကြီးက သူ့ရဲ့အာရှခရီးစဥ်အတွင်းမှာ ဂျက်ဇွစ်(Jesuit)လို့သိကြတဲ့ ယေဇူးအသင်းသားတွေနဲ့ တွေ့ဆုံ စကားပြောဆိုချိန်မှာ အခုလို တောင်းဆို ကမ်းလှမ်းလိုက်တဲ့အကြောင်း ရိုက်တာသတင်းဌာနက သတင်းဖော်ပြပါ တယ်။ ‘‘ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို တောင်းဆိုပြီး ရောမမြို့မှာ သူ့ရဲ့သားဖြစ်သူနဲ့လည်း လက်ခံတွေ့ဆုံ နိုင်ခွင့်ရဖို့တောင်းဆိုပါတယ်။ ဗာတီကန် ပိုင်နက်ထဲမှာ သူ့ကို လက်ခံဖို့ကမ်းလှမ်းလိုပါတယ်’’ လို့ ပုပ်ရဟန်းမင်း ကြီးက ၁၂ ရက်ကြာတဲ့ အရှေ့တောင်အာရှခရီးစဥ်အတွင်း သီးသန့်တွေ့ဆုံမှုမှာပြောလိုက်တာလို့ သိရပါတယ်။ မြန်မာမှာ […]

မွန်ပြည်တော်လှန်ရေးတပ် MSRF ရဲ့ အမျိုးသမီးတပ်စုမှူး မိတလဉာဏ်

“ကျွန်မတို့လက်နက်ကိုင်တယ်ဆိုတာ ရမ်းကားပြီးသတ်ဖြတ်ဖို့မဟုတ်ဘူး။ ကျွန်မတို့ချစ်တဲ့အရာတွေကိုကာကွယ်ဖို့အတွက် ပြည်သူတွေကိုကာကွယ်ဖို့အတွက် လွတ်မြောက်ရေးအတွက် လက်နက်ကိုင်ရတယ်ဆိုတဲ့အသိ ဒီအသိကို စိတ်ထဲမှာနှလုံးသွင်းတယ်။ နှလုံးသွင်းပြီးတော့ကျင့်ဝတ်နဲ့ အညီလက်နက်ကိုင်ရတာဖြစ်တယ်”

အမျိုးသမီးတွေအပေါ် အထင်အမြင်သေးတဲ့ မြန်မာ့လူမှုရေးအမြင်တွေကို ခုခံနေရသူတွေ

“လက်ထပ်ပြီး ကလေးမရတော့လည်း အပြစ်ပြောကြတယ်။ အလှပျက်မှာစိုးလို့ ကလေးမယူတာ။ နောက်လင်ယူချင်လို့ ကလေးမယူတာဆိုပြီး ပြောခံရတယ်။ ယောကျာ်းမရှိတဲ့အချိန် အပြင်ထွက်ရင်ပဲ မဟုတ်တာလုပ်တဲ့သူလို့ မြင်ကြတယ်။ အဲ့လိုအယူအဆတွေမရှိစေချင်တော့ဘူး။

ပန်းရေးထက် ဝမ်းရေးခက်

“အရင်ကဆို အသက် ၂၀ ပတ်ချာလည်တွေ သွားကြတယ် အခု နောက်ပိုင်း ကုန်ဈေးနှုန်းတွေကလည်းတက် မိသားစုတာဝန်ကို တစ်ဖက်က ထမ်းထားကြရတော့ အသက် ၃၀၊ ၃၅ တွေ တစ်ချို့ဆို အသက်  ၄၀ ကျော်တွေပါသွားကြတော့တယ်။အိမ်မှာလည်းလုပ်ကြရတာပဲဆိုပြီးတော့ပေါ့”ဟုအထက်ပါနိုင်ငံများသို့ ပို့ဆောင်ပေးနေသည့် မအိ(အမည်လွှဲ)က ပြောသည်။