မြင့်မြင့်စန်း စိတ်ခံစားမှုဆိုင်ရာ အသိဉာဏ်တရား (ဝါ) အီးအိုင် (ဝါ) အီးကျူကို ဘယ်လိုအသုံးပြုလို့ရသလဲ ဆိုတာနဲ့ ဘယ် လိုအကျိုးရှိနိုင်သလဲဆိုတာကို မပြောခင် သူ့ရဲ့ နောက်ခံသမိုင်းကြောင်းကို အရင်ဆုံး အကျဥ်းချုပ်ပြောလိုပါ တယ်။ အီးကျူဆိုတဲ့ စကားလုံးအသုံးအနှုန်းနဲ့ သဘောတရားအယူအဆကို ၁၉၉၀ မှာ ပီတာဆလိုဗွီနဲ့ ဂျွန် မေယာ (Peter Salovey and John Mayer) လို့ခေါ်တဲ့ စိတ်ပညာရှင်နှစ်ဦးက စတင်အသုံးပြု တီထွင်ခဲ့ပြီး ၁၉၉၅ မှာတော့ ဒန်နီယယ် ဂိုးမန်း (Daniel Goleman) လို့ခေါ်တဲ့ နောက်စိတ်ပညာရှင်တဦးက ဒီသဘော တရားအယူအဆကို လူအများသိအောင် လုပ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဒီစကားလုံးကို ၁၉၈၆ ခုကတည်းက တကယ်ဘဲ ကနဦးအသုံးပြုတီထွင်ခဲ့သူကတော့ ဝိန်းပိန်းန် Wayne Payne […]