Entries by webmaster

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် မြောက်ဦးမှာ အမျိုးသမီး ၂၁ ဦး သေဆုံးခဲ့ပြီး ၁၇ ဦး ဒဏ်ရာရ

ဇန်နဝါရီ ၁၈ ရက် ညနေ ၄ နာရီကျော်မှာ မြောက်ဦးမြို့နယ် ရမ်းချောင်းအနီးတဝိုက်ကို စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်းမိသားစုဝင်တွေထဲက အမျိုးသမီး ၂၁ ဦး သေဆုံးခဲ့ပြီး ၁၇ ဦး ထိခိုက်ဒဏ် ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။

လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု (Sexual Harassment)

HI ရဲ့ ပရိတ်သတ်များ အားလုံးပဲ မင်္ဂလာပါ ဒီကနေ့ရဲ့ HIက တင်ပြသွားမယ့် မှတ်သားစရာ အသိပညာအစီအစဉ်မှာတော့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု (Sexual Harassment) အကြောင်းပဲဖြစ်ပါတယ်။ ဒီဗီဒီယိုလေးကိုကြည့်ရှုပြီး ကျွန်မတို့ ပတ်ဝန်းကျင်မှာ မြင်တွေ့ရတဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုပုံစံတွေကို comment မှာ ဆွေးနွေးသွားဖို့လည်း ဖိတ်ခေါ်လိုက်ပါရစေ။

လူနည်းစု ရိုဟင်ဂျာအမျိုးသမီးများ ပဋိပက္ခများကြားတွင် ပစ်ပယ်ခံနေရဆဲအခြေအနေ

ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် မြန်မာစစ်တပ်ကို တာဝန်ယူဖို့နိုင်ငံတကာက ကြိုးပမ်းမှုတွေက အကန့်အသတ်နဲ့ တိုးတက်မှုတွေ ရှိနေပါတယ်။ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ၂၀၂၀ ခုနှစ်တွင် တရားမျှတမှုဆီသို့ ခြေလှမ်းအချို့ရှိခဲ့သော်လည်း ရိုဟင်ဂျာအမျိုးသမီးများသည် တရားဝင်တရားစီရင် ရေးယန္တရားများမှ ဖယ်ထုတ်ခံထားရဆဲဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်အတွင်း နွေဦးတော်လှန်ရေး သမိုင်းစာမျက်နှာများထဲမှ အမျိုးသမီးထုရဲ့အား

၂၀၂၄ ခုနှစ် အတွင်းအမျိုးသမီးထုရဲ့  သမိုင်းမှတ်တိုင်တွေထဲက ထင်ရှားတဲ့ အဖြစ်အပျက်တချို့ကို စုစည်းဖော်ပြလိုက်ပါတယ်။

မြန်မာ့အမျိုးသမီးသမဂ္ဂ (Burmese Women’s Union) ဖွဲ့စည်းတည်ထောင်ခြင်း နှစ်(၃၀) ပြည့် ပုလဲရတုအထိမ်းအမှတ်နှင့် Honest Information တည်ထောင်ခြင်း (၁၀)ပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပ

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့က မြန်မာ့အမျိုးသမီးသမဂ္ဂ (Burmese Women’s Union) ဖွဲ့စည်းတည်ထောင်ခြင်း နှစ်(၃၀) ပြည့် ပုလဲရတုအထိမ်းအမှတ် နှင့် Honest Information တည်ထောင်ခြင်း (၁၀)ပြည့် အထိမ်းအမှတ် အခမ်းအနားကို ချင်းမိုင်မြို့၊ ထိုင်းနိုင်ငံမှာ ကျင်းပခဲ့ပါတယ်။ ထိုပွဲမှာ မြန့်မာအမျိုးသမီးသမဂ္ဂ(BWU)ညီအမတွေရဲ့ တော်လှန်သံချပ်၊ အထူးအစီအစဉ်ဖြစ်တဲ့ “ချိုးလင်းပြာ”သဘင် စတဲ့အစီအစဉ်တွေနဲ့ ဖျော်ဖြေတင်ဆက်ခဲ့သလို တော်လှန်သီချင်းတွေလည်း သီဆိုဖျော်ဖြေခဲ့ကြပါတယ်။ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ဖွဲ့စည်းတည်ထောင်ခြင်း နှစ် ၃၀ ပြည့် နှင့် ဂျန်ဒါတန်းတူရေး၊ လူမှုတရားမျှတရေး များအတွက် အဓိကတင်ဆက်နေသည့် Honest Information (HI) သတင်းမီဒီယာ တည်ထောင်ခဲ့မှု ၁၀ နှစ်ပြည့် ခဲ့ပြီဖြစ်ပါတယ်။ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ကို ၁၉၈၈ […]

Held the 30th anniversary of the Burmese Women’s Union (BWU) and the 10th anniversary of Honest Information

On January 7, 2025, a celebration was held in Chiang Mai, Thailand, for the 30th anniversary of the Burmese Women’s Union (BWU) and the 10th anniversary of Honest Information. During the event, the members of the BWU presented performances including the revolutionary “Than Chat” and “Cholinn Pya Thabin” as part of a special program, along […]

အာရက္ခတပ်တော်(AA)က လူငယ်တွေကို စစ်မှုထမ်းဖို့ အတင်းအဓမ္မခေါ်ယူနေ

“စစ်ဘေးရှောင်မိသားစုဖြစ်တဲ့အတွက် စစ်သင်တန်းမတက်ရသေးဘူး ထင်ခဲ့တာ။ ဒါပေမယ့် စိတ်မချတာကြောင့် တခြားတစ်နေရာကို သွားချိန်မှာ AAစစ်ကြောင်းနဲ့ ထိပ်တိုက်တွေ့ခဲ့တာပါ။ ရွာထဲကိုလည်း ပြန်ဝင်ခွင့်မပေးဘဲ ကျမသမီးနှစ်ယောက်ကို ခေါ်သွားဖို့ ပြောပါတယ်။ မနည်းတောင်းပန်တော့မှ သမီးငယ်ကိုထားခဲ့ပြီးတော့ သမီးကြီးကို ခေါ်သွားတယ်”

မြန်မာ့အမျိုးသမီးသမဂ္ဂ နှစ် ၃၀ ပြည့် သမိုင်းမှတ်တမ်း

မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)ကို ၁၉၉၅ ခုနှစ်ကနေတည်ထောင်ခဲ့တာ ယခုဆိုရင် နှစ်ပေါင်း ၃၀ ပြည့်ပြီဖြစ်ပါတယ်။ အမျိုးသမီးများနိုင်ငံရေးနဲ့ ဆုံးဖြတ်ချက်ချတဲ့ ကဏ္ဍတွေမှာ ပိုမို ပါဝင်လာဖို့ အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့တဲ့ BWU က ဘယ်လိုဖြတ်သန်းခဲ့သလဲ၊ ဘယ်လိုလှုပ်ရှားမှုတွေ ဆောင်ရွက်ခဲ့သလဲ ဆိုတဲ့ သမိုင်းမှတ်တိုင်ကို ဒီဗီဒီယိုမှာ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။