“စိန်ခေါ်မှုတွေနဲ့ ဖြတ်သန်းနေဆဲ CDM ဝန်ထမ်းမမြတ်မွန်”
အခု တင်ဆက်ထားတဲ့ အကြောင်းကတော့ နေထိုင်ရပ်တည်ရေးနဲ့ အသက်မွေးဝမ်းကြောင်းအတွက် မုန့်ဟင်းခါး ရောင်းပြီး ဘဝကိုရုန်းကန်ဖြတ်သန်းနေတဲ့ အသက် ၃၀ ကျော်အရွယ် CDM ဝန်ထမ်း မမြတ်မွန်ရဲ့ ဘဝအခြေ အနေဖြစ်ပါတယ်။ ခင်ပွန်းသည် အလုပ်နားလိုက်ရတာကြောင့် မိသားစုနဲ့ ကလေးတွေရဲ့ နေစရိတ်၊ ကျောင်း စရိတ်နဲ့ ကျန်းမာရေးကိစ္စအားလုံးအတွက် တာဝန်ယူပေးနိုင်ဖို့ အခုလိုဈေးရောင်းဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။သူ့ရဲ့ ခင်ပွန်းသည်ဖြစ်သူက ရုပ်သံ တည်းဖြတ် ဒီဇိုင်းရေးဆွဲတဲ့ အလုပ်ကိုလုပ်ကိုင်ခဲ့ရာကနေ အလုပ်ရပ်နား လိုက်ရတာကြောင့် မိသားစုစားဝတ်နေရေးအတွက် ခုလိုဈေးရောင်းတဲ့ အလုပ်ကို စတင်လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ စစ်အာဏာမသိမ်းခင်က ဆေးထိုးအပ်ကိုင်ခဲ့တဲ့ လက်တွေက အခုဆို ဓါးကိုင်ပြီး ချက်ပြုတ်နေရပြီဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ သူနာပြုတက္ကသိုလ်ကနေ ဘွဲ့ရခဲ့ပြီး ဆေးလောကမှာ ၁၀ နှစ်ကျော်ကြာ ကျန်းမာရေးဝန်ထမ်း အဖြစ် […]


