Entries by webmaster

“တော်လှန်ရေးအကြောင်းပြ လူငယ်အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားတာတွေ ပြုလုပ်နေ”

HIသတင်းဌာနရဲ့ ဒီတစ်ပတ် ပေါ့ကတ်အစီအစဉ်မှာတော့ “တော်လှန်ရေးအကြောင်းပြပြီး လူငယ်အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်စော်ကားတာတွေ ရှိနေတဲ့အကြောင်း” ကို ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ မဝတ်ရည်ချမ်းမြေ့ရဲ့ စကားသံကိုနားဆင်ရမှာပဲဖြစ်ပါတယ်။

အမျိုးသမီးတွေရဲ့ တရားမျှတမှုတွေကို ထိထိရောက်ရောက် ဖော်ဆောင်ပေးနိုင်ခဲ့တဲ့ တရားမျှတမှုအတွက် အမျိုးသမီးများအဖွဲ့ Women for Justice – WJ အမျိုးသမီးများအဖွဲ့ နှစ် (၃၀)ပြည့်ပြီ

တရားမျှတမှုအတွက် အမျိုးသမီးများအဖွဲ့ Women for Justice – WJ အနေနဲ့ အကြမ်းဖက်ခံရသူအမျိုးသမီးတွေရဲ့ တရားမျှတမှုကို ထိထိရောက်ရောက် ဖော်ဆောင်ပေးနိုင်ခဲ့ပြီး တရားရုံးတင်တဲ့အမှု (၉၀) ကျော်အနက် အမှု (၇၀) ကျော် တရားမျှတမှု ဖော်ဆောင်ပေးနိုင်ခဲ့တယ်လို့ WJ ရဲ့ စီမံခန့်ခွဲမှုကော်မတီက မငြိမ်းငြိမ်းထွန်းက ပြောပါတယ်။ မလိုလားအပ်တဲ့ ကိုယ်ဝန်ဆောင်မှုတွေက ရရှိလာတဲ့ ကလေးတွေရဲ့ အသက်ရှင်ရပ်တည်ရေးအတွက် ပံ့ပိုးကူညီ ပေးနိုင်ခဲ့သလို  ဂျန်ဒါပိုင်းဆိုင်ရာ အပါအဝင် အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီးလူဦးရေ (၈၀၀၀) ကျော်ကို အသိပညာမျှဝေမှုတွေ လုပ်ဆောင်နိုင်ခဲ့သလို အမျိုးသမီးစင်တာ ၊ safe house (လုံခြုံစိတ်ချရ တဲ့ နေရာ) တွေကို ဖွင့်လှစ်နိုင်ခဲ့တယ်လို့ မငြိမ်းငြိမ်းထွန်းကဆက်ပြောပါတယ်။ ထို့အပြင် အိန္ဒိယနိုင်ငံနိုင်ငံက မြန်မာဒုက္ခသည်တွေအတွက် အခမဲ့ဆေးခန်း […]

စစ်မှုထမ်းဥပဒေအကြောင်းပြပြီး အမျိုးသမီးတွေကို ခြိမ်းခြောက်ငွေညှစ်မှုတွေ ပြုလုပ်နေသလား 

“သမီးလေးက အသက် ၂၀ ပဲရှိသေးတာ၊ ကျောင်းတက်နေတာ အဲဒါကို စာရင်းလာကောက်သွားတယ်။ ဒါနဲ့ အုပ်ချုပ်ရေးမှူးကို ဆိုင်းငံ့လို့ ရမလားမေးတော့ သုံးလဆိုင်းရင် ငါးသိန်းတဲ့၊ ဆိုင်းတဲ့လအလိုက် ငွေပေးရမယ်ပြောတယ်။ ဘာလို့လဲဆိုတော့ သူ့ နေရာ လူစားဝင်တဲ့သူကို ပေးရမှာလို့ ပြောတယ်”လို့ ဒေါ်ငယ်မက ပြောပါတယ်။

အညာဒေသမှာ အရာတော်မြို့နယ် (ပလဖ) က အမျိုးသမီးတွေအကြမ်းဖက်ခံရမှုကို မျက်ကွယ်ပြုနေသလား

“ဒီကိစ္စကို ကြည့်ချင်းအားဖြင့် အခုထိအရေးမယူတဲ့အပြင် ကျူးလွန်တဲ့ အမျိုးသားကို အကာအကွယ်ပေးနေတာ တော်လှန် ရေးအတွက် ရုပ်ဆိုးစေတယ်”

စစ်ပွဲတွေကြား အမျိုးသမီးတွေထမ်းထားရတဲ့ ကျန်းမာရေးဝန်ထုပ်ဝန်ပိုး

“ကွန်ဒုံး ဝယ်ရမှာရှက်တာတွေ၊ ကွန်ဒုံးသုံးရတာ မကြိုက်တာတွေ အဲဒါတွေကြောင့် ပိုးကူးကြတာပေါ့။ ကွန်ဒုံးလို့ပြောရင်  ဟားစရာ၊ ရီစရာလို နောက်ပြောင်တော့ လူငယ်တွေက ကွန်ဒုံးဆောင်ရမှာ ရှက်လာတယ်။ ကွန်ဒုံးရှောင်ပြီး အတူနေတဲ့အခါ မလိုလားအပ်တဲ့ ကိုယ်ဝန်နဲ့ ကူးစက်ရောဂါကိုရစေတာပါပဲ”

ပဋိပက္ခနယ်မြေတွေမှာ အမျိုးသမီးများဓမ္မတာလာချိန် ရေနဲ့ တစ်ကိုယ်ရေအထောက်အကူပြုပစ္စည်းများ အတွက် ရုန်းကန်နေရ

ဓမ္မတာလာခြင်းက ကမ္ဘာတဝှမ်းရှိ သန်းနဲ့ ချီတဲ့ အမျိုးသမီးတွေအတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လစဉ် ရင်ဆိုင်ရတဲ့ သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပြီး၊ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခ၊ စီးပွားရေးမတည်ငြိမ်မှု၊ အသိ ပညာနည်းပါးမှု၊ သန့်ရှင်းပြီး ကျန်းမာတဲ့လစဉ်သုံးပစ္စည်းများ လက်လှမ်းမမီမှု၊ ရှေးရိုးအယူအဆလွဲတွေကြောင့် ရာသီသွေးဆိုင်ရာ ကျန်းမာရေးနဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးမှာ သိသာထင်ရှားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေကြ ရတယ်လို့ စစ်တမ်းမှာဖော်ပြထားပါတယ်။

အသိ၊ သတိနဲ့ စဉ်းစားဆုံးဖြတ်သင့်တဲ့ အလှအပအတွက် ခွဲစိတ်ပြုပြင်မှု

အလှအပအတွက် ခွဲစိပ်ရင်း လူသေဆုံးမှု၊ အလောင်းဖျောက်ဖျက်မှုဖြစ်ပေါ်ခဲ့တာကြောင့် လူမှုကွန်ရက်မှာ လှုပ်လှုပ် ခတ်ခတ်ဖြစ်သွားပေမယ့် အဆိုပါအလှအပဆေးခန်းရဲ့ပိုင်ရှင်မှာ ထွက်ပြေးနေဆဲဖြစ်ပြီး တရားဥပဒေအရ ဆက်လက်လုပ် ဆောင်ထားမှု နောက်ဆက်တွဲအခြေအနေတွေကိုလည်း မသိရှိကြဘူးလို့ ဆိုပါတယ်။