အမျိုးသမီးနှင့် ကလေးများသည် စစ်ပွဲပဋိပက္ခများ၏ ပစ်မှတ် မဟုတ်ပါ
အမျိုးသမီးနှင့် ကလေးများသည် စစ်ပွဲပဋိပက္ခများ၏ ပစ်မှတ် မဟုတ်ပါ
This author has not written his bio yet.
But we are proud to say that webmaster contributed 1397 entries already.
အမျိုးသမီးနှင့် ကလေးများသည် စစ်ပွဲပဋိပက္ခများ၏ ပစ်မှတ် မဟုတ်ပါ
ဒီနေ့ မတ်လ ၈ ရက်နေ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ဦးဆောင်ပြီး ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုများ ရပ်တန့်ရေး ဆွေးနွေးပွဲစကားဝိုင်း အစီအစဉ်ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မှာ ပြုလုပ်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်ကနေ မတ်လ ၆ ရက်အတွင်းတစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာ တွေကို HI ကစုစည်းဖော်ပြလိုက်ပါတယ်။
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ တစ်လအတွင်းအမျိုးသမီး ၆၆ ဦး သေဆုံးခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ထုတ်ပြန်တဲ့စာရင်းမှာဖော်ပြထားပါတယ်။
အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူဖြစ်တဲ့ အမျိုးသမီးမဟာမိတ်အင်အားစု (WAB) အဖွဲ့ဝင် မမေနဲ့ HI ကမေး မြန်းထားတာပါ။ ၂၀၂၅ ခုနှစ်ရဲ့ ကုလသမဂ္ဂက ရွေးချယ်ထားတဲ့ဆောင်ပုဒ်ကတော့ “အမျိုးသမီးနှင့်မိန်းကလေးငယ်များအားလုံး သာတူညီမျှ အခွင့်အရေးရရှိဖို့ စွမ်းဆောင်ရည်မြှင့်တင်ကြစို့” ပဲဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့(International Women’s Day )ဟာ မတ်လ၈ရက်နေ့မှာ ကျရောက်ပြီး ကမ္ဘာအရပ်ရပ်မှာ နှစ်စဉ် ကျင်းပခဲ့ပါတယ်။ ဒီနေ့ကိုကမ္ဘာလုံးဆိုင်ရာအမျိုးသမီးများရဲ့ အခွင့်အရေးများ၊ လွတ်လပ်ခွင့်များနဲ့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး အခြေခံကဏ္ဍများမှာ ပိုမိုတိုးတက်ခွင့်ရရှိရန်အတွက် အရေးကြီးသောနေ့အဖြစ် သတ်မှတ်ကျင်းပကြပါတယ်။ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ (International Women’s Day )ဖြစ်ပေါ်လာပုံကတော့ ၁၉၀၈ ခုနှစ်မှာ အမေရိကန်နိုင်ငံ နယူးယောက်မြို့က အလုပ်သမားအမျိုးသမီးများ ၁၅,၀၀၀ ကျော်ဟာ အလုပ်ချိန် လျှော့ချပေးဖို့၊ လစာတိုးပေးဖို့နဲ့ အမျိုးသမီးများမဲပေးပိုင်ခွင့်ရရေးတို့အတွက် တောင်းဆိုဆန္ဒပြမှုများ ဆောင်ရွက်ခဲ့ပြီး ဒီလှုပ်ရှားမှုဟာ ကမ္ဘာလုံးဆိုင်ရာအမျိုးသမီး အရေးလှုပ်ရှားမှုတွေရဲ့ အဦးအစ ဖြစ်ခဲ့ပါတယ်။
Sex education နဲ့ပတ်သက်လို့ မြန်မာပြည်မှာ ကျယ်ပြန့်မှု အားနည်းပြီး မိဘတွေကလည်း သေချာမသိကြသလို သားသမီး ကိုလည်းသင်ကြားဖို့ မကြိုးစားဘူးလို့သူကပြောပါတယ်။ ဒါကမိန်းကလေးရော ယောကျာ်းလေးတွေအတွက်ပါ အရေးကြီး တဲ့အတွက် မဖြစ်မနေ သင်ကြားထားသင့်တယ်လို့ ဆိုပါတယ်။
ဒီတစ်ပတ်ရဲ့ Honest Review အစီအစဉ်မှာတော့ “လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုကို အားပေး အားမြောက်ဖြစ်စေတဲ့ ဇာတ်ဝင်ခန်း”အကြောင်းကို တင်ဆက်ပေးချင်ပါတယ်။
လိင်ပိုင်းဆိုင်ရာထိပါးမှုတွေက အမျိုးသမီးတိုင်းနဲ့ လက်တကမ်းမှာရှိနေပါတယ်။ လမ်းသွားရင်းကစလို့ လုပ်ငန်း ခွင်အထိ လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူတွေ ရှိနိုင်ပါတယ်။ ထူးချွန်နေသူ၊ အောင်မြင်နေသူ၊ အရည်အချင်းရှိသူတွေအနေနဲ့လည်း လိင်ပိုင်းဆိုင်ရာကျူးလွန်တတ်ကြကြောင်း သတိပြုရမှာပဲဖြစ်ပါတယ်။
“အစ္စလာမ်ဘာသာဝင် အများစုဟာ မထင်မှတ်ဘဲဖြစ်ဖြစ်၊ လိုချင်လို့ ဖြစ်ဖြစ် ကိုယ်ဝန်ရှိလာခဲ့ရင် အဲဒီကလေးကို အလ္လာဟ်ရှင်မြတ်က ကောင်းချီးပေးမွေးဖွားခိုင်းတာလို့ ယုံကြည်တာကြောင့် သားဆက်ခြားတာကို သိပ်မလုပ် ကြဘူး”

အမျိုးသမီးတွေရဲ့ တရားမျှတမှုအတွက် အမျိုးသမီး အသံများကို ဖော်ထုတ်ရာနေရာတခုဖြစ်ပါတယ်။ သတင်းမီဒီယာတွေ အများကြီးရှိပေမယ့် အမျိုးသမီးတွေရဲ့ အသံတွေကို အဓိကထား ဖော်ထုတ်ပေးတဲ့ မီဒီယာတွေ နည်းပါတယ်။ အမျိုးသမီးတွေဟာ အကြမ်းဖက်ခံရတာတွေ၊ မတရားတာတွေ၊ ဓလေ့ထုံးတမ်း ယဉ်ကျေးမှု အခက်အခဲတွေကြားထဲမှာ ကြုံတွေ့နေရတဲ့အတွေ့အကြုံတွေကို ဖော်ပြပေးရာနေရာဖြစ်ပါတယ်။
အမျိုးသမီးရေးဆိုင်ရာ သတင်းဆောင်းပါး၊ ဓာတ်ပုံ၊ ကဗျာ၊ ကာတွန်းများ ပေးပို့လိုပါက
[email protected] သို့ ဆက်သွယ်နိုင်ပါသည်။