Entries by webmaster

ထိုင်းနိုင်ငံရဲ့လိင်တူလက်ထပ်ထိမ်းမြားခွင့်ဥပဒေက မြန်မာနိုင်ငံသား LGBT တွေအတွက်အလှမ်းဝေးနေသေး

တရားဝင်လက်ထပ်ခွင့်ပြုခဲ့ပေမယ့် ဥပဒေလုပ်ထုံးလုပ်နည်းအရ လက်ထပ်မယ့်သူတွေဟာ အိမ်ထောင်မရှိလွတ်လပ်သူ ဖြစ်ကြောင်း အထောက်အထားစာရွက်စာတမ်းတွေ၊ တရားရုံးနဲ့ သံရုံးဆိုင်ရာ ထောက်ခံချက်တွေ လိုအပ်တာကြောင့် မြန်မာနိုင်ငံအခြေအနေနဲ့ဆို မလွယ်ကူနိုင်သေးဘူးလို့ August Mon က ဆိုပါတယ်။

မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာနော်စင်သီယာမောင် ထိုင်းမှ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ရွှေ့ပြောင်းလုပ်သားတွေနဲ့ တိုင်းရင်းသားလူထုရဲ့ကျန်းမာရေးအတွက် အားထားရာဖြစ်တဲ့ မဲဆောက်က မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာ နော်စင်သီယာမောင်ကို ထိုင်းနိုင်ငံ၊ မြောက်ပိုင်းရှိ Naresuan University မှ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ (Honorary Doctorate in ASEAN Studies) ချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။

အမျိုးသမီးတွေအားလုံးသာတူညီမျှအခွင့်အရေးရရှိဖို့ဘာတွေအရှိန်မြင့်လုပ်ဆောင်သင့်လဲ

ဒီတစ်ပတ် HIက တင်ဆက်မယ့် ပေါ့ကတ်အစီအစဉ်မှာတော့ “အမျိုးသမီးတွေအားလုံး သာတူညီမျှအခွင့်အရေးရရှိဖို့ ဘာတွေအရှိန်မြင့်လုပ်ဆောင်သင့်လဲဆိုတာနဲ့ပတ်သက်ပြီး အမျိုးသမီးအရေးလုပ်ဆောင်နေသူတွေရဲ့စကားသံများ”  ကို နားဆင်ရမှာပဲဖြစ်ပါတယ်။

တရုတ်မယားပြုလုပ်ရန် မြို့ပြနဲ့လူမှုကွန်ရက်တွေမှာ ပေါ်တင်စည်းရုံးမှုတွေပြုလုပ်လာ

နန်းဆိုင်နွမ် တရုတ်မယားအဖြစ် လက်ထပ်ထိမ်းမြားစေရန် အမျိုးသမီးတွေကိုစည်ရုံးနေမှုတွေ လူမှုကွန်ရက်စာမျက်နှာပေါ်မှာပါတွေ့ လာရပါတယ်။ မြန်မာနိုင်ငံဟာ ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားမှုစတင်ချိန်ကနေ ၂၀၂၁ ခုနစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း စစ်အာဏာ သိမ်းရန်ကြိုးပမ်းမှုကြောင့် စီးပွားရေး၊ လူမှုရေးကိစ္စအရပ်ရပ် ကျဆင်းနေချိန် တရုတ်နိုင်ငံသားများက မြန်မာနိုင်ငံကိုပို ပစ်မှတ်ထားပြီး တရုတ်မယားအဖြစ်နဲ့ လူကုန်ကူးမှုတွေ ပေါ်ပေါ်ထင်ထင်ပြုလုပ်လာကြပါတယ်။ ဖေဖော်ဝါရီလဆန်းပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်မှာ အမျိုးသမီးငယ်နှစ်ဦးကို  တရုတ်မယားအဖြစ် လက်ထပ် ထိမ်းမြားဖို့ အတွက် စည်းရုံးပြောဆိုတဲ့ ရုပ်သံတစ်ခုလူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံလာခဲ့ပြီးဝေဖန်မှုတွေ ပိုမိုမြင့်တက်လာခဲ့တာပါ။ “အခုနောက်ပိုင်း တရုတ်မယားအဖြစ်လက်ထပ်ထိမ်းမြားဖို့အတွက် တစ်ဦးကို ကျပ်သိန်း ၇၀ ပေးမယ်။ နောက် တရုတ် နိုင်ငံကိုသွားဖို့ဗီဇာ၊ ပတ်ပိုစ့်ပါလုပ်ပေးမယ်” ဆိုတဲ့ မက်လုံးပေးခေါ်ဆိုမှုတွေကြားလာရကြောင်း ရန်ကုန်မြို့နေအသက် ၃၀ အရွယ် မစုမွန်က ပြောပါတယ်။ ရန်ကုန်တိုင်း […]

အမေ့ခံ CDM ဆိုသော်လည်း သူတို့ ရှင်သန်ဆဲ

အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ ဧပရယ်ဖောဟာ အကြမ်းမဖက်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု (CDM) သမားဖြစ်သလို နေအိမ် မီးရှို့ခံလိုက်ရပြီးနောက် စစ်ရှောင်ဘဝကို ခက်ခဲစွာဖြတ်သန်းရင်း ရုန်းထခဲ့ရသူပါ။

ရခိုင်မှာကျန်းမာရေးစောင့်ရှောက်မှုအားနည်းချက်ကြောင့်မိခင်ရောကလေးပါသေဆုံးရတဲ့ဖြစ်စဉ်တွေရှိနေ

ဒီတစ်ပတ် ရွေးချယ်ထုတ်လွှင့်‌ပေးမယ့် ဆောင်းပါးကတော့ “”ရခိုင်မှာ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းချကိကြောင့် မိခင်ရောကလေးပါ သေဆုံးရတဲ့ဖြစ်စဉ်တွေရှိနေ ”ဆိုတဲ့ လူမှုဘဝဆောင်းပါးကို နားဆင်ရမှာပဲ ဖြစ်ပါတယ်။

LGBT စာရေးဆရာမ စောဟန်နွေဦး ကွယ်လွန်

 နွေဦးတော်လှန်ရေးလှုပ်ရှားမှုများတွင်တက်ကြွလှုပ်ရှားစွာပါဝင်ခဲ့သော LGBT စာရေးဆရာမ  စောဟန်နွေဦး (အသက် ၂၈ နှစ်) ဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မယ်တော်ဆေးခန်းတွင် ဆေး ကုသမှုခံယူနေစဉ် ကွယ်လွန်သွားကြောင်း သိရပါတယ်။

နည်းမျိုးစုံနဲ့ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ကျူးလွန်မှုများရပ်တန့်ပေးရန် အမျိုးသမီးအဖွဲ့များ တိုက်တွန်း

၂၀၂၅ ခုနှစ် မတ်လ (၈) ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ အရပ်ဘက် လူ့ ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးအစုအဖွဲ့တွေ၊တော်လှန်ရေးအစုအဖွဲ့က အမျိုးသားတွေနဲ့ တော်လှန်ရေး တပ်သားတွေအနေနဲ့ တော်လှန်ရေးသွေးစည်းမှု၊ ချစ်ခြင်းမေတ္တာ၊ လုပ်ပိုင်ခွင့်၊ အသက်အရွယ်၊ လူမှုရေးပါဝါ၊ အာဏာ စတာတွေအကြောင်းပြပြီး ယုံကြည်မှုကိုအလွဲသုံးစားလုပ်ကာ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အမြတ် ထုတ်မှုတွေကို ချက်ခြင်းရပ်တန့်ပေးဖို့  မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) အပါအဝင် အမျိုးသမီး အဖွဲ့ (၂၅) ဖွဲ့က တိုက်တွန်းလိုက်ပါတယ်။ အဲဒီလိုကျူးလွန်ခြင်းဟာ တော်လှန်ရေးမှာပါဝင်နေတဲ့ အမျိုးသမီးတွေရဲ့လုံခြုံရေးကို ထိခိုက်စေတဲ့အပြင်ဒီလို လုပ်ရပ်တွေဟာ အလွန်စိတ်ပျက်ဖွယ်ဖြစ်တယ်လို့ အမျိုးသမီးအဖွဲ့တွေကဆိုပါတယ်။ အကြမ်းဖက်ခံရမှုကို ထုတ်ဖော်ပြောဆိုသူတွေနဲ့ လိုက်ပါဆောင်ရွက်နေသူတွေကို ပစ်မှတ်ထားခြိမ်းခြောက်နေတာတွေကို ရပ်တန့်ပေးဖို့ အမျိုးသမီးအဖွဲ့တွေက သတိပေးထားပါတယ်။ “အမျိုးသမီးများအပေါ်မှာ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ် စော်ကားနှောက်ယှက်မှုဖြစ်ရပ်တွေက လုပ်ငန်းခွင်တွေ မှာဖြစ်နေတယ်။ CSO တွေ […]

ခေတ်ကိုထင်ဟပ် “တော်လှန်သံချပ်”

ဂျဲန်ဒါတန်းတူရေးအတွက်တိုက်ပွဲဝင်နေကြသော အမျိုးသမီးများမှ အပြည်ပြည်ဆိုင်ရာအမျိုးသမီး များနေ့ အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုတင်ဆက်သည့် ခေတ်ကိုထင်ဟပ် “တော်လှန်သံချပ်” ကို အားပေးကြည့်ရှုကြပါစို့။