Honest Review – Episode 7
ဒီတစ်ပါတ်ရဲ့ Honest Review အစီအစဉ်မှာကတော့ မြင့်မြတ်၊ ရွှေမှုံရတီနဲ့ ခင်ဝင့်ဝါတို့ သရုပ်ဆောင်ထားတဲ့ “မိုက်မဲချစ်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို မြစ်ရေစီးသံ စာစဉ်တည်ထောင်သူဖြစ်တဲ့ မဘီးက reviewလုပ်ပေးသွားမှာဖြစ်ပါတယ်။
အတူတူနားဆင်ပြီးတော့ ကြည့်ရှုနားဆင်သူများရဲ့ အမြင်ကရော ဘယ်လိုရှိလဲ? လာမယ့်အပတ်တွေမှာ ဘယ်လိုအကြောင်းအရာတွေကို reviewလုပ်သွားစေချင်သလဲ ဆိုတာ comment မှာ ချရေးပေးသွားဖို့ ဖိတ်ခေါ်ပါတယ်။
Honest Review အစီအစဉ်ဟာဆိုရင် လူထုကိုအဆိပ်အတောက်ဖြစ်စေတဲ့ ဖျော်ဖြေရေးကဏ္ဍတွေထဲက အသုံးအနှုန်း၊ အပြုအမူတွေကိုကောက်နှုတ် သုံးသပ်တဲ့ အစီအစဉ်ဖြစ်ပါတယ်။
- နမ့်စန်မြို့က သရဲကြောက်တတ်တဲ့ လူနာတင်ယာဉ်မောင်း အမျိုးသမီး - 08/12/2025
- တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 06/12/2025
- တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 29/11/2025











