Entries by webmaster

ကရင်နိုင်ငံရေးသမိုင်းမှာ ချန်လှပ်ထားလို့မရတဲ့ ဒေါက်တာ ဘလူးမင်းနိုက်ဇန် ကွယ်လွန်

အမျိုးသမီးနိုင်ငံရေးနဲ့ တိုင်းရင်းသားအရေးတွေမှာ နှစ်ပေါင်းများစွာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ ကရင်နိုင်ငံရေးအမျိုး သမီးခေါင်းဆောင်တစ်ဦးဖြစ်တဲ့  Dr .P’Doh Naw Blooming Night Zan (ဒေါက်တာ ဘလူးမင်းနိုက်ဇန်) ဟာ မနေ့က ဖေဖော်ဝါရီ  ၂၈ ရက်နေ့မှာ ထိုင်းနိုင်ငံ မဲဆောက်ဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

လိင်အကြမ်းဖက်မှုများကို ထုတ်ဖော်ပြောဆိုခြင်းသည်ရှက်စရာမဟုတ်ပါ၊ လိင်အကြမ်းဖက်မှုကိုကျူးလွန်သူသာလျှင် ရှက်စရာဖြစ်သည်။

လိင်အကြမ်းဖက်မှုများကို ထုတ်ဖော်ပြောဆိုခြင်းသည်ရှက်စရာမဟုတ်ပါ၊ လိင်အကြမ်းဖက်မှုကိုကျူးလွန်သူသာလျှင် ရှက်စရာဖြစ်သည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ဂျန်ဒါတန်းတူ‌ညီမျှရေးဌာနရဲ့  ဌာနမှူးနှင့်အင်တာဗျူး

ဂျန်ဒါတန်းတူ‌ညီမျှရေးဌာနကို ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းခဲ့ပြီး ဘာတွေလုပ်ဆောင်သွားမလဲ ဆိုတာကို ဌာနမှူးဖြစ်တဲ့ မူ့အန်နာနဲ့ HI ကဆက်သွယ်မေးမြန်းထားပါတယ်။

လိင်အကြမ်းဖက်မှုတရားခံဦးမဲခေါင်ကိုဖမ်းမိပြီ

ကန့်ဘလူအချုပ်စခန်းအတွင်း လိင်အကြမ်းဖက်မှုဖြစ်စဉ်မှာ အသက် ၂၅ နှစ်အရွယ် Non CDM ကျန်းမာရေးဝန် ထမ်းကို လိင်အကြမ်းဖက်မှုပြုလုပ်ခဲ့တဲ့ ကန့်ဘလူမြို့နယ်နဲ့ ခရိုင်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)ခေါင်းဆောင် ဦးမဲခေါင်ကို ဒီနေ့မှာ ဖမ်းဆီးထိန်းသိမ်းရမိခဲ့ပြီ ဖြစ်ကြောင်း တန့်ဆည်(ပလဖ)တာဝန်ခံတစ်ဦးဆီကသိရပါတယ်။

ဂွမြို့နယ်အတွင်း အရေပြားရောဂါ အမျိုးသားထက် အမျိုးသမီး ပိုအဖြစ်များနေ

ရခိုင်ပြည်၊ ဂွမြို့နယ် စစ်ဘေးရှောင်နေရာတွေက အရေပြားရောဂါဖြစ်နေသူ လူဦးရေ ၃၈၀၀ လောက်မှာ အမျိုး သားတွေထက် ရေပိုကိုင်နေရတဲ့ အမျိုးသမီးတွေက ပိုပြီးအဖြစ်များနေတယ်လို့ ဂွမြို့နယ် စစ်ဘေးရှောင်ကူညီ ရေးပူးပေါင်းအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အညာမြေက အမျိုးသမီးသတင်းထောက် ငြိမ်းချမ်းစုကြည်

LGBT တစ်ဦးဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုတဲ့အခါ မေးခွန်းတွေအများကြီးမေးတာမျိုးတွေ၊ ကိုယ့်ဖြစ်တည်မှုကို လက်မခံနိုင်သူတွေက ဖယ်ကြဉ်တာမျိုးတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။

လူမှုကွန်ရက် စာမျက်နှာပေါ်မှာ  လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုသတင်းတွေ ဘာကြောင့် နေ့စဉ်နဲ့အမျှ ပိုပြီးတွေ့လာရပါသလဲ?

လူမှုကွန်ရက် စာမျက်နှာပေါ်မှာ  လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုသတင်းတွေ ဘာကြောင့် နေ့စဉ်နဲ့အမျှ ပိုပြီးတွေ့လာရပါသလဲ? ဒါတွေက အရင်ကမဖြစ်ခဲ့ပဲ အခုမှ ပိုအဖြစ်များလို့ဖြစ်ပါသလား?  ကြည့်ရှုသူများရဲ့ အမြင်ကိုလည်း comment မှာ မျှဝေပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ကျောက်တော်မြို့က ကုရ်အာန်ကျမ်းအာဂုံဆောင် ဘွဲ့လက်မှတ် အမျိုးသမီးလေးဦးရရှိ

ဖေဖော်ဝါရီ ၂၀ ရက်နေ့က ရခိုင်ပြည်၊ ကျောက်တော်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ကုရ်အာန်ကျမ်း အာဂုံဆောင်ဘွဲ့ လက်မှတ် ချီးမြှင့်ပွဲမှာ အစ္စလာမ်ဘာသာဝင် အမျိုးသမီးလေးဦး ရရှိခဲ့တယ်လို့ သိရပါ တယ်။ အခုပြုလုပ်တဲ့ ဘွဲ့လက်မှတ်ချီးမြှင့်ပွဲမှာ ကုရ်အာန်ကျမ်း အာဂုံဆောင်နိုင်သူ ၁၃ ဦးကို ဘွဲ့လက်မှတ်ချီးမြှင့်ခဲ့တာ ဖြစ်ပြီး အဲဒီအထဲက လေးဦးဟာ အမျိုးသမီးတွေဖြစ်တယ်လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး အစစအရာရာခက်ခဲနေတဲ့ အချိန်ဖြစ် ပေမယ့် ကုရ်အာန်ကျမ်းအာဂုံဆောင် ဘွဲ့လက်မှတ်ရဖို့ ခက်ခက်ခဲခဲကြိုးစားခဲ့ရတယ်လို့ ဘွဲ့ရအမျိုးသမီးတစ်ဦးက ပြောပါတယ်။ “ကျမတို့အတွက် အစဉ်မပြတ် သင်ကြားခွင့်ရဖို့ ခက်ခဲပါတယ်။ မဖြစ်နိုင်ဘူးလို့ ပြောတဲ့သူတွေလည်း အများကြီး ရှိခဲ့ပေမယ့် ဘုရားရှင်က ကျမတို့ကို လမ်းပြတယ်” လို့ သူကပြောပါတယ်။ […]