Entries by webmaster

မိန်းမမြတ် – ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ

ဒီတစ်ပတ် ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါအစီအစဉ်မှာတော့ “မိန်းမမြတ်” ဆိုတဲ့ ဟာသဇာတ်လမ်းတိုကို ဂျဲန်ဒါရှု့ထောင့်ကနေ ဆွေးနွေးသွားမှာပဲဖြစ်ပါတယ်။ 💢 ကျမတို့လူမှုအဖွဲ့အစည်းက ဖန်တီးသတ်မှတ်ချက်တွေဖြစ်တဲ့ “မိန်းမကောင်းမိန်းမမြတ်” ”ယောကျ်ားကောင်း ယောကျ်ားမြတ်”စတဲ့စံနှုန်းသတ်မှတ်ချက်တွေဟာ မိသားစုထဲမှာ၊ စာသင်ကျောင်းတွေကစ နောက်ဆုံး လုပ်ငန်းခွင်တွေအထိပါ သက်ရောက်လွှမ်းမိုးနေပါတယ်။ ဒီလိုလွှမ်းမိုးမှုတွေကြောင့်ပဲ မလိုလားအပ်တဲ့ အပြစ်တင်ဝေဖန်မှုတွေ၊ ကဲ့ရဲ့ရှုတ်ချမှု တွေဟာ လူတွေရဲ့နေ့စဉ်ဘဝတွေကို မတည်ငြိမ်အောင် အနှောက်အယှက်ပြုနေတတ်တာကို သတိထားကြ ရပါမယ်။ စားဝတ်နေရေး၊ ဘဝရပ်တည်ရေးအတွက် ရုန်းကန်တိုက်ပွဲဝင်နေကြရတာ ပင်ပန်းရတဲ့ကြားထဲ ဒီလို ဂျဲန်ဒါခွဲခြားမှုတွေကြောင့် လူနေမှုဘဝတွေ ပိုပြီးကျဉ်းမြောင်းကြပ်တည်းလာတာမျိုး မဖြစ်စေဖို့ လိုပါတယ်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ ပဟေဠိ အဖြေမှန်က ဘာတွေဖြစ်မလဲ?

အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့မှာတော့ “အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့” နဲ့ ပတ်သက်တဲ့ ဗဟုသုတရစရာ မေးခွန်းလေးတွေကို အတူတူ ဖြေကြည့်ကြမယ်။ ဗီဒိယိုလေးကိုကြည့်ပြီး ကိုယ်တိုင် ✅ အဖြေမှန် ဘယ်နှစ်ခုဖြေနိုင်လဲဆိုတာ စမ်းသပ်ဖြေဆိုကြည့်လိုက်ရအောင်။ အဖြေမှန်တွေကိုလည်း ဗီဒိယိုထဲမှာ တိုက်ဆိုင်စစ်ဆေးလို့ရပါတယ်။

လခြမ်းမြေက တိတ်ဆိတ်နေတဲ့ အသံတွေ

“သင်တန်းကွင်းထဲကိုဝင်တာနဲ့ ရိုက်တာပဲ၊
ဘာအကြောင်းပြချက်မှမရှိဘူး၊ သင်တန်းဆရာ/မတွေက ဆဲတယ်၊ ကြိမ်းမောင်းတယ်၊ အခန့်မသင့်ရင် ရိုက်တယ်၊ တခုခုမှားရင် တဖွဲ့လုံးအရိုက်ခံရတယ်”

ပလက်ဝမြို့နယ်မှာ အသက်မပြည့်သေးသူကို ၃ကြိမ်တိုင် အဓမ္မပြုကျင့်ပြီး ထွက်ပြေးနေတဲ့ အမျိုးသား ဖမ်းမိ

သန့်ရှင်းထွန်းမောင်တော ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဒလက်ကိုင်းကအသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ်တယောက်ကို ၃ကြိမ်တိုင် အဓမ္မပြုကျင့်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ အမျိုးသားကို အာရက္ခတပ်တော်(AA)ရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးဌာနက (DLEPS) ၁၀ရက်အကြာမှာ ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းရရှိပါတယ်။ ပြစ်မှုကျူးလွန်သူလို့ စွပ်စွဲခံရသူဟာ အသက် ၄၆ နှစ်အရွယ် ဦးထွန်းလှိုင်ဆိုသူဖြစ်ပြီး နိုဝင်ဘာလ ၉ ရက်နေ့က ရွာထဲမှာလမ်းလျှောက်နေတဲ့ မိန်းကလေးငယ်ကို ရွာမြောက်ဘက်တောစပ်ကို အတင်းဆွဲခေါ်ပြီး ၃ကြိမ်တိုင် အဓမ္မပြုကျင့်ခဲ့တာလို့ မိန်းကလေးငယ်ရဲ့ မိသားစုဝင်တဦးက HI – Honest Information ကို ပြောပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးအရေးယူဖို့ အာရက္ခတပ်တော်(AA)ရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးဌာနကို တိုင်တန်းခဲ့ပေမယ့် ဦးထွန်းလှိုင်ဟာ ထွက်ပြေးတိမ်းရှောင်နေခဲ့တယ်လို့ DLEP ရဲ့ မှတ်တမ်းတွေမှာ ရေးသားထားပါတယ်။ ဒါပေမယ့် […]

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုဆိုတာ ဘာတွေလဲ

ဒီတပတ် HIက တင်ဆက်မယ့် ပေ့ါကတ်အစီအစဉ်မှာတော့ “အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုဆိုတာ ဘာတွေလဲ၊ အဲဒီအကြမ်းဖက်မှုတွေကိုဖြစ်ပေါ်စေတဲ့ အကြောင်းအရာတွေကဘာတွေလဲဆိုတာနဲ့ ပတ်သက်ပြီး ပြည်သူတချို့ရဲ့ အမြင်များ” ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ပြဿနာတခုဖြစ်ပြီဟေ့ဆိုတာနဲ့ ကိုယ်က နစ်နာသူဖြစ်ပါလျှက် ဒီပြဿနာကြီးကို ပတ်ဝန်းကျင်ကို ချပြလို့ရှိရင် ကိုယ့်ကိုပဲ ဝိုင်းရှုံ့ချမှာတွေ၊ ပတ်ဝန်းကျင်က နှာခေါင်းရှုံ့ကြမှာတို့ကို မလိုချင်တဲ့အခါ ပြဿနာကို ဖွင့်မချရဲဘူး။

စစ်တပ်ရွေးကောက်ပွဲကို နိုင်ငံတကာက ဘယ်လိုသဘောထားသလဲ – ဒို့အတွေး ဒို့အမြင်

နိုင်ငံတကာကလည်း မေးကြပါတယ်။ ပြည်သူကိုမဲပေးခိုင်းမလား၊ မပေးခိုင်းဘူးလားပေါ့။ ကျမတို့အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ကတော့ ပြည်သူကို မဲပေးပါလို့လည်းမပြောဘူး။ မဲမပေးပါနဲ့လို့လဲမပြောဘူး။ မဲပေးတယ်ဆိုတာ ပြည်သူတဦးချင်းစီရဲ့အခွင့်အရေးဖြစ်တယ်၊ ရွေးချယ်ပိုင်ခွင့်ဖြစ်တယ်။ အမှန်တော့ ကျမတို့ပြည်သူက ဒီအခွင့်အရေးရှိမှန်းသိပါတယ်။ ဒါပေမယ့် အခုက ရွေးချယ်ပိုင်ခွင့်မရှိတာ၊ ရွေးချယ်ပိုင်ခွင့်မရှိအောင် တမင်သက်သက် အကြမ်းဖက်စစ်တပ်က လုပ်တာကိုး။ ဆိုတော့ ရွေးချယ်ပိုင်ခွင့်မရှိတဲ့ဘဝမှာ သူတို့ရွေးရတဲ့လမ်းဟာ သူတို့ရွေးချင်လို့ ရွေးတာမဟုတ်ဘူးလို့ ကျမတို့ဖက်က စိတ်ချလက်ချနဲ့ ယုံထားဖို့ပဲလိုပါတယ်။

စစ်ကိုင်းအိုး – ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ

ဒီတစ်ပတ် ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါအစီအစဉ်မှာတော့ “စစ်ကိုင်းအိုး” ဆိုတဲ့နာမည်နဲ့ ဟာသဇာတ်လမ်းတိုတစ်ပုဒ်ကို ဂျဲန်ဒါရှုထောင့်ကနေ သုံးသပ်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ အမျိုးသမီးတစ်ဦးရဲ့ချစ်ခြင်းမေတ္တာကို တောင်းခံတဲ့နေရာမှာ အခုလို လိင်မှုဆိုင်ရာ အသုံးအနှုန်းတွေကို သုံးစွဲတာ၊ ပြုမှုပြောဆိုတာတွေဟာ အမျိုးသမီးတွေကို လေးစားမှုမရှိရာရောက်ပါတယ်။ ဒီလိုအပြောခံရတာဟာ အမျိုးသမီးတွေအတွက် အင်မတန် စိတ်အနှောက်အယှက်ဖြစ်ရတဲ့ ကိစ္စမျိုးဖြစ်ပြီး အိန္ဒြေပျက်စေတဲ့အတွက် ရိုင်းစိုင်းတဲ့ အပြုအမူတွေလို့ ဆိုရမှာပါ။

ခေတ်စနစ်ဆိုးထဲ စိတ်ကျန်းမာဖို့ ရုန်းကန်နေရသူတွေ

ဒေဝီ ကလေးငယ်တွေကြုံရတတ်တဲ့ စိတ်ဖိစီးမှုတွေ လျော့ပါးသက်သာစေဖို့ရည်ရွယ်တဲ့ Mental Playdate စိတ်ကျန်းမာရေးဆိုင်ရာ ဆွေးနွေးပွဲတခုကို သားသည်မိခင်တဦးဖြစ်တဲ့ မစုစုတယောက်မမျှော်လင့်ပဲ တက်ရောက်ခွင့် ရခဲ့ပါတယ်။ ကလေးတွေအတွက်တင်မက မိဘတွေလည်း ပါဝင်ဆွေးနွေးကြရတဲ့ အဲဒီအစီအစဉ်မှာ နှစ်သိမ့်ဆွေးနွေးပေးနေသူက လက်တလော ကိုယ်ခံစားရတဲ့ အခြေအနေကို သရုပ်ဖော်ပုံတခုခု ရေးဆွဲဖို့ ပြောလိုက်တဲ့အခါ  အဖြူရောင် စာရွက်လေးတရွက်ပေါ်မှာ အမည်းရောင်မိုးတိမ်တွေကနေ မိုးရွာသွန်းနေတဲ့ သရုပ်ဖော်ပုံကို ရေးဆွဲနေရင်း မစုစု စိတ်ထဲ အလိုလိုဝမ်းနည်းလာပါတယ်။ စိတ်တိုင်းကျ‌ရေးဆွဲပြီးချိန်မှာ အစီအစဉ်ဦးဆောင်သူက ရေးဆွဲထားကြတဲ့ သရုပ်ဖော်ပုံအကြောင်းကို ပြန်ပြောပြခိုင်းတဲ့ အခါ တက်ရောက်လာတဲ့ မိခင်တွေ၊ ဖခင်တွေဟာ သူတို့စိတ်ထဲခံစားရတာတွေကို ရင်ဖွင့်ကြပါတယ်။ အများစုဟာလည်း အာဏာသိမ်းပြီးနောက်ပိုင်းကြုံရတဲ့ နောက်ဆက်တွဲလူမှုပြသနာတွေလို့ဆိုရမယ့် စီးပွားရေးအဆင်မပြေမှု၊ အလုပ်အကိုင်မတည်မြဲမှု၊ အိမ်ထောင်ရေးအဆင်မပြေမှု၊ သားသမီး ပညာရေးစိုးရိမ်ရမှုနဲ့ ထိန်းသိမ်းစောင့်ရှောက်ရမှုတွေက စိတ်မှာဖိအားသဖွယ် ကြုံတွေ့နေရတာကို မစုစုတယောက် […]

တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဒေဝီ စုစည်းတင်ဆက်သည်။ နိုဝင်ဘာ ၈ ရက်ကနေ ၁၄ ရက်နေ့အထိ တပတ်တာအတွင်း အမျိုးသမီး ဖြစ်ရပ်များထဲက ထူးခြားတဲ့ အကြောင်းအရာတွေကို HI – Honest Information က စုစည်းဖော်ပြလိုက်ပါတယ်။ ယခုတပတ်တာ အမျိုးသမီးဖြစ်ရပ်တွေထဲမှာ HI က ဆွေးနွေးလိုတဲ့ သတင်းတခုကတော့ ရခိုင်ပြည်၊ မောင်တော မြို့ထဲမှာ တောင်းရမ်းတဲ့ အမျိုးသမီးနှင့် ကလေးငယ်တွေ တွေ့ရပိုများလာတယ်ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။ စစ်ရေးပြင်းထန်လာခဲ့တာ ၂နှစ်တာကာလရှိပြီဖြစ်တဲ့  ရခိုင်ပြည်မှာ နေရပ်စွန့်ခွာသူ ၆သိန်းနီးပါးရှိနေပြီး၊ စစ်ဘေးသင့်ပြည်သူတွေမှာ အကူအညီ မရသလောက် ရှိနေတဲ့အပြင် အလုပ်အကိုင်ရှားပါးတာ၊ ကုန်စည်စီးဆင်းမှု နှေးကွေးတာ၊ ကုန်စျေးနှုန်းမြင့်မားတာတွေကြောင့် ဒေသခံတွေဟာ စားဝတ်နေရေး အကြပ်အတည်းတွေကို အဆိုးရွားဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရသလို ခင်ပွန်းမရှိတဲ့ချိန် ကျန်နေခဲ့တဲ့ အမျိုးသမီး၊ ကလေးနဲ့ […]