ငရဲသား ဇာတ်ကားကို ဂျဲန်ဒါရှုထောင့်ကသုံးသပ်နေသည့် အစီအစဉ်တင်ဆက်သူနှင့် Honest Information၏ thubnial

ငရဲသား

အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ကို စစ်လက်နက်တစ်ခုလို အသုံးချလိုက်တာနဲ့ တကယ်ပဲ အနိုင်ရသွားတာလား? အမျိုးသမီးတွေက ပျော့ညံ့တယ်၊ အားနည်းတယ်ဆိုတဲ့ အတွေးအခေါ်တွေက ဂျဲန်ဒါရှုထောင့်ကနေ ကြည့်မယ်ဆိုရင်လည်း မမှန်ကန်သလို ဒီအမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ကို အကြမ်းဖက် လိုက်တာက အနိုင်ရတာ၊ ထိန်းချုပ်နိုင်တာ မဟုတ်ဘူးဆိုတာကို ကျွန်မတို့ သတိပြုဖို့လိုအပ်ပါတယ်။

ဒီတပတ်ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါအစီအစဉ်မှာတော့ သီဟတင်စိုးနဲ့ ဇင်မာဦးတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ “ငရဲသား” ဆိုတဲ့ ဇာတ်ကားဟောင်းလေးတခုကို ဂျဲန်ဒါရှုထောင့်ကနေ သုံးသပ်ဆွေးနွေးပေးသွားမှာပဲ ဖြစ်ပါတယ်။