အနာပေးလိုက် ဆေးပေးလိုက်
“အိမ်တွင်းအကြမ်းဖက်မှု ကြုံနေရတဲ့ အမျိုးသမီးကို စိတ်ပိုင်းဆိုင်ရာကူညီပေးသူလို့ ယူဆရတဲ့သူက ဒီလိုအကြမ်းဖက်သံသရာကနေ မရုန်းထွက်တာကို အပြစ်တင်၀ေဖန်တာကို သရုပ်ဖော်ထား ပါတယ်။
ဒီလို သရုပ်ဖော်ထားသလိုမျိုးဘဲ ကျမတို့ရဲ့ လူမှုပတ်၀န်းကျင်မှာ အိမ်တွင်းအကြမ်းဖက်မှုတွေ၊ ဂျဲန်ဒါ အခြေပြုအကြမ်းဖက်မှုတွေ ကြုံနေရတဲ့ အမျိုးသမီးတွေကို အရင်ဆုံး အပြစ်တင်၀ေဖန်တာမျိုးတွေ လုပ်တတ်ကြပါတယ်။ ဒါပေမဲ့ ကျမတို့ သတိပြုရမှာက အဲ့အမျိုးသမီးတွေအနေနဲ့ သူတို့ကြုံနေရတဲ့ သူတို့နဲ့ရင်းနှီးသူတွေရဲ့ အကြမ်းဖက်မှုသံသရာကနေ ရုန်းထွက်နိုင်အောင် ပတ်၀န်းကျင်နဲ့ သူတို့ အသိုင်းအ၀ိုင်းတွေက ဘယ်လောက်ထိ ကူညီပေးလဲဆိုတဲ့ မေးခွန်းပါပဲ။”
ဒီတစ်ပတ်ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါအစီအစဉ်မှာတော့ “အနာပေးလိုက်…ဆေးပေးလိုက်” ဆိုတဲ့ ပညာပေး ဇာတ်လမ်းတိုလေးကို ဂျဲန်ဒါရှုထောင့်ကနေ သုံးသပ်ဆွေးနွေး ပေးသွားမှာပဲ ဖြစ်ပါတယ်။











