ကျူးလွန်သူကမှားတာလား၊နစ်နာသူကမှားတာလား
ရိုက်ကူး – ဝေလင်း
တည်းဖြတ် – ဝေလင်း၊ ထက်ထက်
အွန်လိုင်းအကြမ်းဖက်ခံရမှုတွေဟာ အသက်ကြီးငယ်၊ ကျား၊ မ မရွေး ရင်ဆိုင်နေကြရပါတယ်။
အွန်လိုင်အကြမ်းဖက်မှုကို ခံရပြီးသွားပြီဆိုရင် လူဦးရေ ၁၀ယောက်မှာ ၃ယောက်လောက်က စိတ်ကျရောဂါကို ခံစားရတယ်လို့ ဆိုပါတယ်။ ဒါတင်မက လူဦးရေ ၁၀ယောက်မှာ ၁ယောက်က ကိုယ့်ကိုယ်ကို အဆုံးစီရင်ချင်တဲ့ စိတ်ကူးမျိုးရတယ်လို့ စစ်တမ်းတွေမှာ ဖြေဆိုထားတာကို တွေ့ရပါတယ်။
အွန်လိုင်းမှာပြောလိုက်တာတွေက အွန်လိုင်းမှာတင်ပြီးမသွားဘဲ ထိခိုက်ခံစားရသူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ သူရဲ့ လုပ်ငန်းဆောင်တာတွေမှာ ဘယ်လောက်ထိ ထိခိုက်စေတယ်ဆိုတာကို မီးမောင်းထိုးပြနေတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။
အွန်လိုင်းပေါ်ကနေ လိင်ပိုင်းဆိုင်ရာထိခိုက်ပြောဆိုတောတွေ၊ ခြိမ်းခြောက်အကြပ်ကိုင်မှုတွေ၊ ငွေကြေး လိမ်လည်မှုတွေ၊ ကာယကံရှင်ရဲ့ ဆန္ဒမပါဘဲ သူ့ရဲ့ ဓာတ်ပုံတွေ၊ အချက်အလက်တွေကို ဖြန့်ဝေခံရတာတွေဟာ ပုဂ္ဂိုလ်ရေးကိစ္စ၊ ဒါမှမဟုတ် နစ်နာသူတွေဘက်က သိုသိုသိပ်သိပ် လုပ်ရမယ့်ကိစ္စတွေလား။
ဒါနဲ့ပတ်သက်တဲ့ အမြင်သဘောထားတွေကို ဒီဗီဒီယိုမှာ ကြည့်ရှုနားဆင်ရမှာဖြစ်ပါတယ်။











