စစ်ကောင်စီက  ကျောင်းပြန် တက်ခွင့်ပေးမယ့်အပေါ်  ကျောင်းသားမိဘတွေရဲ့ အမြင်က ဘယ်လိုရှိသလဲ

“ကိုယ့်ကလေးတွေ ပညာရေးနှောင့်နှေးမှာစိုးလို့ စာလေးတတ်ဖို့တခုအတွက် ထားရဖို့ လောက်ပဲရှိမယ်၊ ဘာမျှော်လင့်ချက်မှ ဘာမှဖြစ်လာစရာအကြောင်းမရှိဘူး၊ သူတို့ကျောင်းတွေ ပြန်ဖွင့်ပေးလို့ ကျောင်းပြန်တက်လည်း ကလေးတွေအနာဂတ်အတွက် ဘာမှကောင်းလာစရာမှ မရှိတာ”

ဒီတပတ် ပေါ့ကက်အစီအစဉ်မှာတော့ အာဏာသိမ်းပြီနောက်ပိုင်း ကျောင်းပညာ ရေးပြတ်တောက်သွားတဲ့ အသက် ၁၅ နှစ်အောက် ကလေးတွေကို အဆင့်သတ်မှတ် စမ်းသပ်ချက် (Placement Test) ဖြေဆိုစေပြီး ကျောင်းပြန်တက်ခွင့်ပေးမယ်လို့ စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေငြာလိုက်တဲ့အပေါ်  ကျောင်းသားမိဘတွေရဲ့ အသံကို နားဆင်ကြရမှာဖြစ်ပါတယ်။