ဆေးတလုံးရဲ့ နောက်ကွယ်က မိခင်သောကတွေ
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်မှာ HIV ပိုးနဲ့ အသက်ရှင်နေထိုင်ကြတဲ့ စစ်ဘေးရှောင်တွေနဲ့ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းနေထိုင်သူတွေဟာ ကျန်းမာရေးစောင့်ရှောက်မှု ရရှိဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်တဝိုက်မှာ HIV ကုသဆေး ARV လိုအပ်နေသူ ၆၀၀ ကျော်ရှိနေသလို မြဝတီဘက်မှာလည်း ကူးစက်မှုနှုန်း မြင့်မားနေတယ်လို့ ဆေးဝါးကူညီပေးနေသူတွေက ပြောပါတယ်။
ထိုင်းနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ထားသူတွေအတွက် ကျန်းမာရေးအာမခံစနစ် ရှိပေမဲ့ စစ်ဘေးနဲ့ နိုင်ငံရေး အခြေအနေတွေကြောင့် နယ်စပ်ဖြတ်ကျော်ခိုလှုံလာသူတွေအတွက်တော့ အဲဒီစနစ်ကို လက်လှမ်းမမီကြပါဘူး။
ဒီနေ့မှာ သောတရှင်တွေနားဆင်နိုင်ဖို့ ရွေးချယ်ထုတ်လွှင့်မှာကတော့ “ ၂၀၂၆ ၊ ဇွန်လ ၂၉ ရက်က ဆောင်းပါးရှင် စုသွေးနီရေးသားဖော်ပြထားတဲ့ “ဆေးတလုံးရဲ့ နောက်ကွယ်က မိခင်သောကတွေ” ဆိုတဲ့ ဆောင်းပါး တပုဒ်ပဲ ဖြစ်ပါတယ်။ ကျမ မြလေးက အနှစ်ချုပ်ပြီး ဖတ်ပြပေးသွားမှာ ဖြစ်ပါတယ်ရှင်။











