အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုဆိုတာ ဘာတွေလဲ
ဒီတပတ် HIက တင်ဆက်မယ့် ပေ့ါကတ်အစီအစဉ်မှာတော့ “အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုဆိုတာ ဘာတွေလဲ၊ အဲဒီအကြမ်းဖက်မှုတွေကိုဖြစ်ပေါ်စေတဲ့ အကြောင်းအရာတွေကဘာတွေလဲဆိုတာနဲ့ ပတ်သက်ပြီး ပြည်သူတချို့ရဲ့ အမြင်များ” ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
ပြဿနာတခုဖြစ်ပြီဟေ့ဆိုတာနဲ့ ကိုယ်က နစ်နာသူဖြစ်ပါလျှက် ဒီပြဿနာကြီးကို ပတ်ဝန်းကျင်ကို ချပြလို့ရှိရင် ကိုယ့်ကိုပဲ ဝိုင်းရှုံ့ချမှာတွေ၊ ပတ်ဝန်းကျင်က နှာခေါင်းရှုံ့ကြမှာတို့ကို မလိုချင်တဲ့အခါ ပြဿနာကို ဖွင့်မချရဲဘူး။











