တပ်ခေါင်းဆောင်တဦးကကျူးလွန်တဲ့ မုဒိမ်းမှုကို ပြစ်ဒဏ်ဆိုင်ငံ့လိုက်တာနဲ့ပတ်သက်ပြီး သဘောထားအမြင်များ

ဒီတစ်ပတ်HIက တင်ဆက်မယ့် ပေါ့ကတ်အစီအစဉ်မှာတော့ ” ပဋိပက္ခကာလအတွင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ခေါင်းဆောင်တဦးကကျူးလွန်တဲ့ မုဒိမ်းမှုကိုတော်လှန်ရေးကာလဖြစ်နေလို့၊ တပ်ခေါင်းဆောင်တဦးဖြစ်လို့ဆိုပြီး အပြစ်ပေးအရေးယူဆောင်ရွက်တာတွေမလုပ်ဘဲ ပြစ်ဒဏ်ဆိုင်ငံ့လိုက်တာနဲ့ပတ်သက်ပြီး အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူတချို့ရဲ့ သဘောထားအမြင်များ” ကိုနားဆင်ရမှာပဲဖြစ်ပါတယ်။

————

“ဒီလို လွှတ်ထားခြင်းအားဖြင့် ကျူးလွန်တဲ့ လူတွေသည် ထပ်မံမကျူးလွန်ပါဘူးလို့ မပြောနိုင်ဘူး။ ဒီလိုမျိုး ချက်ချင်းအရေးမယူပဲနဲ့ တော်လှန်ရေးပြီးမှ အပြစ်ပေးပါဆိုရင် ဒီကြားထဲမှာ ကျူးလွန်သူတွေသည် မုဒိမ်းမှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ထပ်ခါတလဲလဲ ထပ်မံ ပြုလုပ်နိုင်ချေရှိတယ်။ (မဘီး)

————

“ယဉ်ကျေးမှု ဝောာ်လှန်ရေးဆိုတာ ကျမတို့ တော်လှန်ရေးပြီးမှ လုပ်လို့ မရပါဘူးရှင့်။ စစ်အာဏာရှင် စနစ် တော်လှန်နေတဲ့ တော်လှန်ရေးနဲ့ အတူ အတူတူတော်လှန်သွားရမယ့် အလုပ်တွေ ဖြစ်တယ်။ (မိုးသဲစေ)

Author: