တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ
ဇွန်လ ၁ ရက်ကနေ ၇ ရက်အတွင်း တစ်ပတ်တာအမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။
စဉ့်ကူးမြို့နယ်၊ ရွာ ၂ ရွာ ဗုံးကြဲတိုက်ခိုက်ခံရပြီး အမျိုးသမီး ၃ ဦး ဒဏ်ရာရ
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ထဲက ရွာ ၂ ရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုး သမီး ၃ ဦး ဒဏ်ရာရခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပကဖ သတင်းပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောပြပါတယ်။
စစ်ကောင်စီဟာ အပစ်အခတ်ရပ်စဲခြင်း နောက်ထပ် ၁ လ တိုးလိုက်တဲ့ ဇွန်လ ၁ ရက် နေ့လယ် ၂ နာရီခန့်မှာ စဉ့်ကူးမြို့နယ် နွယ်ရုံနဲ့ နတ်တောင်ရွာကို ဂျက်ဖိုက်တာနဲ့ ဗုံး ၂ ကြိမ်ကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီး ၃ ဦး ဒဏ်ရာရခဲ့သလို Lucky 7 ဟိုတည် အပါအဝင် နေအိမ် ၂ လုံး ထိမှန်ပျက်စီးခဲ့ပါတယ်။
ဧပြီလမှ မေလ ၁၇ ရက်အထိ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်း စတဲ့မြိုနယ်တွေကို လေကြောင်းတိုက်ခိုက်မှု ၅၇ ကြိမ်ပြု လုပ်ခဲ့ရာ အရပ်သား ၇၂ ဦးသေဆုံးခဲ့ပြီး ၁၄၁ ဦးဒဏ်ရာရခဲ့ကြောင်း မေလ ၁၇ ရက်မှာ မန္တလေး PDF ကထုတ်ပြန်ခဲ့ပါတယ်။
Source – ရွှေဖီမြေ
တောင်ကျချောင်းရေကြီးလို့ သေဆုံးခဲ့ရတဲ့ဒေသခံတွေအနက် အမျိုးသမီးရုပ်အလောင်းသာတွေ့ရှိ
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့အနီးရှိ ကျေးရွာ ၃ ရွာမှာ တောင်ကျချောင်းရေကြီးမှုကြောင့် သေဆုံးခဲ့ရတဲ့ ဒေသ ခံ ၅ ဦးအနက် အမျိုးသမီးတစ်ဦးရဲ့ရုပ်အလောင်းသာ ပြန်တွေ့ခဲ့ရပါတယ်။
ဆဒုံးမြို့အနီး ဆမားဟော်ရွာ (Xenma Haw)၊ လုံထန်ရွာ (Lunghtang) နှင့် ယိန်းနော့ရွာ (Yingnaw) စသော ကျေးရွာများတွင် ဇွန်လ ၂ ရက်မနက်ပိုင်း တောင်ကျချောင်းရေကြီးလာမှုကြောင့် ဒေသခံပြည်သူ ၅ ဦးသေဆုံးခဲ့ရပြီး နေအိမ်အမြောက်အများ ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။ (Source – Kachin News Group)
လက်နက်ကြီးနဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် တစ်လအတွင်း အမျိုးသမီးများအပါအဝင် အရပ်သား ၈ ဦးသေဆုံး၊ ၁၈ ဦး ဒဏ် ရာရ
တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ နောင်ချို၊ မိုးကုတ်၊ ကျောက်မဲ၊ မိုင်းငေါ့၊ မိုင်းလုံနဲ့ မန်တုံမြို့နယ်တွေမှာ စစ်ကောင်စီကြောင့် ၁ လအတွင်း အမျိုးသမီးတွေအပါအဝင် အရပ်သား ၈ ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့မေလအတွင်း TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်ထဲကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ (၁၂) ကြိမ်၊ လက် နက်ကြီး (၇၇၆) လုံး၊ ဒရုန်းအသုံးပြုပြီး ဗုံး (၃၂၉) လုံးနဲ့ အဆိပ်ငွေ့ဗုံး (၁၄၄) လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
နောင်ချိုမြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၆ ဦး သေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ နေအိမ် ၈ လုံး ပျက်စီးခဲ့ပါတယ်။
ဒါ့အပြင် ကျောက်မဲမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံး ၂ ကြိမ်၊ မိုးကုတ်မှာ ၆ ကြိမ် ဗုံးကြဲခဲ့ရာ အရပ်သား ၁ ဦး သေ ဆုံးကာ ၁ ဦး ဒဏ်ရာရခဲ့ပြီး ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၁၈ လုံး ထိမှန်ပျက်စီးခဲ့ပါတယ်။
အလားတူ မန်တုံမြို့မှာလည်း စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံး ၂ ကြိမ် ကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သား ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာခဲ့ပါတယ်။ (Source – ရွှေဖီမြေ)
ကော်သူးလေအမျိုးသမီးများနှီးနှောဖလှယ်ပွဲကျင်းပ
ကော်သူးလေနယ်စပ်တစ်နေရာတွင် ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူနှင့် ကရင်အမျိုးသမီးအစည်းအရုံး-KWO တို့ ဦးဆောင်သည့် ကော်သူးလေအမျိုးသမီးများနှီးနှောဖလှယ်ပွဲကို မေလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ ကေအဲန်ယူ၊ ကရင်အရပ်ဖက်အဖွဲ့အစည်းများ၊ ခရိုင်၊ မြို့နယ်များမှ အမျိုးသမီးကိုယ်စားလှယ်များ၊ တစ်သီးပုဂ္ဂလ ပညာရှင် အမျိုးသမီး၊ အမျိုးသားများ၊ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသည့်ခေါင်းဆောင်များအပါအဝင် လူပုဂ္ဂိုလ် ၁၄၀ကျော် တက်ရောက်ခဲ့ပါတယ်။
မေလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ သုံးရက်တာကျင်းပပြုလုပ်ခဲ့သည့် ထိုကော်သူးလေအမျိုးသမီးများနှီးနှောဖလှယ်ပွဲ၌ နိုင်ငံတွင်းအုပ်ချုပ်ရေး၊ အမျိုးသမီးများဦးဆောင်ပါဝင်မှုကဏ္ဍ၊ အွန်လိုင်းငွေလိမ်လည်မှု တရားမဝင်လုပ်ငန်းများနှင့် သဘာ ဝသယံဇာတထုတ်ယူမှုကိစ္စရပ်များကြောင့် အမျိုးသမီးများအပေါ် သက်ရောက်မှုများ၊ လူသားချင်းစာနာမှုကိစ္စများကို ဆွေး နွေးခဲ့တယ်လို့ သိရပါတယ်။ (Source – ကေအိုင်စီ)
မိတ္ထီလာ-ကျောက်ပန်းတောင်လမ်းမှာ ခရီးသည်တင်ကားမှောက်ပြီး အမျိုးသမီး ၆ ဦးသေဆုံး
မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ဖလန်ကျင်းကျေးရွာအနီး၊ မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းမှာ ခရီးသည်တင်ကား တိမ်း မှောက်ပြီး အမျိုးသမီး ၆ ဦးသေဆုံးကာ ၁၁ ဦးဒဏ်ရာရခဲ့ပါတယ်။
ဇွန် ၂ ရက်မနက် ၂ နာရီခန့်မှာ ရန်ကုန်ဘက်ကနေ ချောက်ဘက်ကို ခရီးသည် ၁၉ ဦးတင်ဆောင်ပြီး မောင်းနှင်လာတဲ့ Elite ခရီးသည်တင်ကားဟာ ကားလမ်းမိုင်တိုင်အမှတ် ၁၄ မိုင် ၃ ဖာလုံကျော်အရောက်မှာ တိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။
ယာဉ်တိမ်းမှောက်တာကြောင့် ယာဉ်ပေါ်ပါခရီးသည်တွေအနက် အသက် ၆၁ နှစ်အရွယ် ဒေါ်လှကြိုင်၊ ၆၀ နှစ်အရွယ် ဒေါ် တင်တင်မူ၊ ၃၃ နှစ်အရွယ် ဒေါ်သန်းသန်းဦး၊ ၃၁ နှစ်အရွယ် မချိုချိုမြင့်၊ ၂၃ နှစ်အရွယ် မဖြူဖွေး၊ ၄ နှစ်အရွယ် မချစ်စနိုးတို့ သေဆုံးခဲ့ကြပါတယ်။ (Source – မြေလတ်အသံ)
ကံကြီးရွာထဲဝင်လာတဲ့စစ်ကြောင်းက ရွာခံမိန်းကလေးငယ် ၃ ဦးအပါအဝင် ၁၆ ဦးကို ဖမ်းဆီးခေါ်ဆောင်သွား
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကံကြီးရွာကို ဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းက ရွာခံအမျိုးသား ၂ ဦးကို သတ် ပြီး မိန်းကလေးငယ် ၃ ဦးအပါ ဒေသခံ ၁၆ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းက ကံကြီးကျေးရွာကို ၄ ဖွဲ့ခွဲ စီးနင်းဝင်ရောက်ပြီး ဖမ်းဆီးသတ်ဖြတ်မှုတွေ လုပ်ခဲ့တာလို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ -(ကန့်ဘလူခရိုင်) တာဝန်ရှိသူအမျိုးသမီးက ပြောပါတယ်။
ရွာကို စီးနင်းပြီးနောက် အသက် ၇ နှစ်၊ ၈ နှစ်၊ ၁၂ နှစ်အရွယ် မိန်းကလေး ၃ ဦးအပါအဝင် ရွာခံ ၁၆ ဦးကို စစ်ကြောင်းနဲ့အတူ ဖမ်းခေါ်သွားပြီး ဇွန် ၃ ရက်မှာ ၎င်းစစ်ကြောင်းဟာ သင်တောကျေးရွာမှာ အထိုင်ချတပ်စွဲထားကာ ရွာသားတွေကို လက်ရှိ အချိန်အထိ ဖမ်းဆီးထားဆဲဖြစ်ပါတယ်။ (Source – မြေလတ်အသံ)
မဟာချိုင်တွင် ထားဝယ်ဒေသခံအမျိုးသမီးတစ်ဦး တိုက်ပေါ်မှ ခုန်ချသေဆုံး
ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်ဒေသ၊ နေဝပ် ၄ လမ်းရှိ တိုက်ပေါ်မှ အသက် ၂၀ ဝန်းကျင် အမျိုးသမီးတစ်ဦး ဇွန်လ ၃ ရက်ညက ခုန်ချသေဆုံးခဲ့တာဖြစ်ပါတယ်။
သေဆုံးသူသည် ထားဝယ်မြို့၊ ဒေါင်းငူရပ်ကွက်ကဖြစ်ပြီး ထိုင်းနိုင်ငံတွင် မိသားစုနှင့်အတူ နေထိုင်သူလို့သိရပါတယ်။
တိုက်ပေါ်မှပြုတ်ကျသဖြင့် ဘယ်ဘက်ခြေထောက်ကျိုးသွားပြီး အပြင်းအထန်ဒဏ်ရာရခဲ့ကာ ပြုတ်ကျပြီး မိနစ်ပိုင်းအကြာ မှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ (Source – Dawei Watch)
အဆိုတော် ချမ်းချမ်းနဲ့ ဆက်စပ်ပြီး ထောက်ပို့လုပ်တယ်လို့ စွပ်စွဲခံရသူ ၂ ဦး ဖမ်းဆီးခံရ
အဆိုတော်ချမ်းချမ်းကိုယ်စား တော်လှန်ရေးတပ်ဖွဲ့တွေဆီကို ကြားခံငွေလွှဲပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မန္တလေးက အမျိုး သမီး ၁ ဦးနဲ့ နဲ့ ရန်ကုန်က အမျိုးသား ၁ ဦးကို ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
သူတို့ ၂ ဦးဟာ ချမ်းချမ်းရဲ့ အွန်လိုင်းဈေးရောင်းလုပ်ငန်းကနေ နိုင်ငံခြားပစ္စည်းတွေ ထပ်ဆင့်ဖြန့်ဝေပေးတာနဲ့ ငွေကောက် တာတွေ လုပ်ပေးတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက အွန်လိုင်းစနစ်နဲ့ ရောင်းချတဲ့လုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် အမိန့်ထုတ်ပြန်ထားတာ ကြောင့် ဖမ်းဆီးရမိတဲ့ ၂ ဦးကို ဥပဒေနဲ့အညီ ထိရောက်စွာအရေးယူဖို့ ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။
နိုင်ငံပြင်ပရောက်နေတဲ့ တော်လှန်ရေးထောက်ခံသူတွေရဲ့ အွန်လိုင်းလုပ်ငန်းကို ပြည်တွင်းကနေကူညီရင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူမယ်လို့ စစ်ကောင်စီက သတိထားပေးထားပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲမှာ ပန်ဆယ်လိုအကောင့်ပိုင်ရှင် မအိမ့်ပိုးဥ၊ Ma Irene အကောင့်ပိုင်ရှင် မအိုင်ရင်း၊ ShweNadi အကောင့်ပိုင်ရှင် မသင်းသင်းနွယ်၊ Zune Nilar Htay အကောင့်ပိုင်ရှင် မဇွန်နီလာဌေး၊ Aung Thaw အကောင့် ပိုင်ရှင် ကိုအောင်သော်၊ Khaing Su Lwin အကောင့်ပိုင်ရှင် DCS ဆရာမခိုင်စုလွင်၊ P&H Fashion အကောင့်ပိုင်ရှင် မထက်နီနီ သန်းနဲ့ Tr Chan Chan အကောင့်ပိုင်ရှင် မချမ်းမြမြသော်တို့နဲ့ ချိတ်ဆက်လုပ်ကိုင်နေသူတွေကိုလည်း စိစစ်ဖော်ထုတ်နေ တယ်လို့ ဆိုပါတယ်။ (Source – BBC)
လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ မိုးရာသီမှာ ကိုယ်ဝန်ဆောင်မိခင်များ မီးဖွားဖို့ စိုးရိမ်နေ
ကရင်နီပြည်၊ ဆိုမိုဖေဆိုးလေး(ရှားတော)မြို့ပေါ်မှာ ကိုယ်ဝန်ဆောင်အရေအတွက် ပိုမိုများပြားလာပြီး မွေးဖွားဖို့ ခက်ခဲနေကြ တဲ့ မိခင်တွေအတွက် တခြားဝေးလံသော ဆေးခန်းများဆီကို ပြန်လည်ပို့ဆောင်လွဲပြောင်းပေးကြရတဲ့အချိန်မှာ အခက်အခဲ တွေနဲ့ ရင်ဆိုင်နေရပြီး မိခင်နဲ့ကလေးတွေအတွက် အသက်အန္တရာယ်ကို စိုးရိမ်နေရတယ်လို့ သိရပါတယ်။
မွေးဖွားဖို့ခက်ခဲနေတဲ့ မွေးလူနာတချို့ကို ပြန်လည်လွဲပြောင်းဖို့ ပြုလုပ်တဲ့နေရာမှာတော့ ကားတွေအခက်အခဲရှိသလို၊ မိုးရာ သီဖြစ်တာကြောင့် လမ်းခရီးလည်း အခက်အခဲဖြစ်နေတယ်လို့ ဆိုမိုဖေစိုလေး(ရှားတော) မြို့နယ်က ကျန်းမာရေးဝန်ထမ်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“တချို့ မွေးလူနာတွေဆိုရင် ကျမတို့လိုအပ်လို့ လွဲပြောင်းရင် ကျမတို့သွားလာရတဲ့အချိန်က ခက်ခဲတယ်။ ကားတွေလည်း မရှိ။ လမ်းတွေကလည်း ဒီလိုဖြစ်နေတဲ့အခါကျတော့ အထူးသဖြင့် ဒီလိုမိုးရာသီဆို ပိုဆိုးတယ်” လို့ သူက ပြောပါတယ်။
လတ်တလောအတွင်းမှာ ဆေးခန်းကို လာရောက်ပြသတဲ့ ကိုယ်ဝန်ဆောင် မိခင်အယောက် (၂၀) ဝန်းကျင်ရှိပါတယ်။ ဒါဟာ မြို့ပေါ်နေရာတခုတည်းသာ ရှိသေးတယ်။ လက်ရှိမှာတော့ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ ကျန်း မာရေးကောင်းမွန်အောင် အနီးကပ်စောင့်ရှောက်မှုတွေ ပြုလုပ်ပေးနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ စက်တင်ဘာလ နောက်ဆုံးပတ်မှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ မပေးနိုင်ခဲ့တာကြောင့် မွေးမိခင်တစ်ဦးရဲ့ ရင်သွေးငယ်လေး အသက်မဆုံးရှုံးသင့်ပဲ ဆုံးရှုံးခဲ့ရတဲ့ဖြစ်စဉ်ရှိခဲ့တယ်လို့ သိရပါတယ်။ (Source – ကန္တာရဝတီတိုင်း(မ်)
မြိုင်မှာ အမျိုးသမီး နှစ်ဦးအပါအဝင် ၅ ဦး ဒေသတပ်ရင်းထံခိုလှုံ
မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲမှာရှိတဲ့ ကန်နီပျူစောထီးကျေးရွာကနေ အမျိုးသမီးနှစ်ဦးအပါအဝင် ၅ ယောက်တို့ ထွက်ပြေး လာကြပြီး ထပ်မံခိုလှုံလာကြတယ်လို့ ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်းမှ သိရပါတယ်။
ခိုလှုံလာသူတွေဟာ ကိုရင် ၂ ပါး၊ အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၂ ယောက်ဖြစ်ပါတယ်။
ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်း ဒုတပ်ရင်းမှူး ကိုစစ်ထန် က “ကန်နီပျူရွာကို ကျနော်တို့တွေ ပိတ်ဆို့ထားတာ နှစ်ပေါက်ပြီ ဆိုတော့ အဲဒီရွာထဲမှာက စားနပ်ရိက္ခာ ပြတ်လပ်နေပြီ။ အဲဒီရွာမှာက ရွာခံတွေအားလုံးက ပျူစောထီးတွေတော့ မဟုတ်ကြ ဘူး။ ဒါပေမဲ့လည်း ကျနော်တို့ဘက်က ပိတ်ဆို့ထားတော့ ပျူစောထီးမဟုတ်တဲ့သူတွေလည်း ကြားညပ်နေတာပေါ့။ အဲဒါ ကြောင့် မရမကထွက်ပြေးလာကြတာ။ အဲဒီရွာပျူခေါင်းဆောင်က ရွာထဲမှာရှိနေကြတဲ့ ပျူစောထီးတွေနဲ့ ပျူစောထီးမဟုတ် တဲ့သူတွေကို ရန်တိုက်ပေးလို့လည်း ရွာသားတွေအချင်းချင်း မကြာခဏပြဿနာတွေ ဖြစ်ကြတယ်။ ရွာထဲမှာရှိနေတဲ့ မိန်းမ ပျိုလေးတွေ ဆိုရင်လည်း ပျူစောထီးခေါင်းဆောင်ရဲ့ ကိုယ်ထိလက်ရောက် ဥပဒေမဲ့ပြုကျင့်တာတွေ ရှိနေတယ်။ နောက်ပြီး စားနပ်ရိက္ခာက မရှိတော့သလောက် ဖြစ်နေပြီးတော့ ထမင်းဝဝလင်လင် မစားရတဲ့ရက်တွေ များလာပြီး အဲဒီဒဏ်တွေ မခံ နိုင်တော့လို့ ထွက်ပြေးလာကြတာ။ သူတို့ကို သေချာကျွေးမွေးပြုစုပေးပြီး နေရေးထိုင်ရေး အဆင်ပြေမယ့် နေရာကို ပို့ပေး ထားလိုက်ပြီ” လို့ ပြောပါတယ်။
မြိုင်မြို့နယ်အတွင်းက ပျူစောထီးကျေးရွာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်ခိုက်သိမ်းပိုက်တော့မှာဖြစ်လို့ ပျူ စောထီးကျေးရွာတွေအတွင်းမှာ ကျန်ရှိနေသူတွေအနေနဲ့လည်း နီးစပ်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အမြန်ဆုံး ချိတ်ဆက်ခို လှုံကြဖို့ တိုက်တွန်းထားပါတယ်။ (Source – DVB)
ပလက်ဝမှာ အသက် ၅ နှစ်အရွယ် မိန်းကလေးတစ်ဦး ငှက်ဖျားနဲ့ထပ်မံသေဆုံး
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဒိုင်ရ်ဒေသအမှတ်(၂)၊ မှုံးတနူးကျေးရွာမှာ ငှက်ဖျားရောဂါကြောင့် အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ထပ်မံသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
ဒေသတွင်း ဆေးဝါးပြတ်လပ်တာနဲ့ လမ်းပမ်းဆက်သွယ်ရေး ခက်ခဲမှုတွေကြောင့် ဆေးဝါးကုသမှုအချိန်မှီ မရရှိနိုင်ခဲ့လို့ သေ ဆုံးသွားရတာဖြစ်ပါတယ်။
ပလက်ဝမြို့နယ် တပ်ချောင်းအုပ်၊ လန်ဒန်အုပ်စုနဲ့ ဒိုင်ရ်ဒေသအမှတ် (၂) ရှိကျေးရွာပေါင်း ၂၅ ရွာလောက်မှာ မတ်လလောက် ကစပြီး ငှက်ဖျားရောဂါအဖြစ်များနေပြီး ဒေသခံတွေအနေနဲ့ ဆေးဝါးလက်လှမ်းမမှီနိုင်ကြတာ၊ ဆေးဝါးမရှိတာ၊ ကုသပေးသူ မရှိတာတွေအပြင် ငွေကြေးအခက်ခဲတွေကြောင့် ငှက်ဖျားဖြစ်ပြီး သေဆုံးလူနာတွေ ထပ်တိုးရှိလာနေတာပါ။ (Source – Chin World)
မီဇိုရမ်မှာ မြေပြိုလို့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအပါအဝင် ချင်းစစ်ဘေးရှောင် ၃ ဦးသေဆုံး
မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တဝန်းလုံးမှာ ရေကြီးမြေပြိုမှုများဖြစ်ပွားကာ ကျန်ဖိုင်ခ ရိုင်၊ ဗာဖိုင်းကျေးရွာ( Vaphai )မှာ ချင်းစစ်ဘေးရှောင်တွေ ဌားရမ်းနေထိုင်တဲ့နေအိမ်၁လုံးမြေပြိုကျတဲ့အတွက် ကိုယ်ဝန် ဆောင် အမျိုးသမီးတစ်ဦးအပါအဝင် ချင်းစစ်ဘေးရှောင် မိသားစုဝင် ၃ ဦးသေဆုံးခဲ့တယ်လို့ မီဇိုရမ်ပြည်နယ် သတင်းမီဒီယာ များဖော်ပြချက်အရ သိရပါတယ်။
မြေပြိုမှုကြောင့် သေဆုံးသွားသူများမှာ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် Vutbuak ကျေးရွာမှ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်ခရိုင်၊ Vaphai ကျေးရွာမှာ လာရောက်စစ်ဘေးရှောင်ကြတဲ့ အသက် ၇၁ နှစ်အရွယ် Pu Lenkhuaithanga၊ အသက် ၄၈ နှစ်အရွယ် Pi Lalneihthuami နှင့် ကိုယ်ဝန် ၄ လလွယ်ထားရသော အသက် ၃၄ နှစ်အရွယ် Pi Lalramniengi တို့ ဖြစ်ကြောင်း၊ Pi Lalramniengi ရဲ့ အမျိုးသား Pu Pekhmingthanga နှင့် Lalzama တို့ နှစ်ဦးဟာ အသက်ဘေးမှလွတ်မြောက်ခဲ့ကြပြီး ဒဏ်ရာ ကိုယ်စီရရှိခဲ့ကြောင်း သတင်းတွေမှာဖော်ပြထားပါတယ်။ (Source – Chin World)
စလင်းမှာ စာသင်ကျောင်း နှစ်ကျောင်း ဗုံးကြဲခံရပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ
မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆွယ်တည်ရွာသစ်နဲ့ ဆွယ်တည်ရွာမကျေးရွာတွေက စာသင်ကျောင်းတွေ လေယာဉ်နဲ့ဗုံးကြဲ တိုက်ခိုက်ခံရပြီး အမျိုးသား ၁ ဦး သေဆုံးကာ အမျိုးသမီး ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇွန် ၃ ရက်က ဆွယ်တော်ရွာမ စာသင်ကျောင်းကို ဗုံး ၁ လုံး၊ နေ့လယ် ၁၁ နာရီ ၃၅ မိနစ်မှာ ဆွယ်တည်ရွာသစ် စာသင် ကျောင်းကို ဗုံး ၁ လုံး ကြဲချတိုက်ခိုက်သွားတာဖြစ်ပြီး စာသင်ကျောင်းနဲ့ အနီးအနားနေအိမ်တွေအပေါ် ကျရောက်ပေါက်ကွဲခဲ့ တာဖြစ်ပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် ဆွယ်တည်ရွာမကျေးရွာနေ အသက် ၃၀ နှစ်ဝန်းကျင်ရှိအမျိုးသားသေဆုံးခဲ့ပြီး ၎င်းရဲ့ဇနီးဖြစ်သူ အမျိုး သမီးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဆွယ်တည်ရွာသစ် စာသင်ကျောင်းဆောင်တခုလုံး ပျက်စီးခဲ့ပါတယ်။ (Source – မြေလတ် အသံ)
အထည်ချုပ်တွေ လုပ်ခလစာတိုးမြှင့်ရေး တောင်းဆိုမှုတွေ ဆက်တိုက်ရှိလာ
ကုန်ဈေးနှုန်းကြီးမြင့်လာတာနဲ့ နေထိုင်စားသောက်မှုအခက်ခဲတွေကြောင့် အထည်ချုပ်စက်ရုံတွေက အလုပ်သမားတွေအနေ နဲ့ လုပ်ခလစာလုံလောက်မျှတဖို့ လစာတိုးပေးရန် တောင်းဆိုမှုတွေ ယခုအချိန်ထိ ဆက်တိုက်ရှိလာနေပါတယ်။
ရန်ကုန်မြို့က လှိုင်သာယာ၊ ရွှေပြည်သာနဲ့ အင်းစိန်မြို့နယ်တွေက စက်မှုဇုန်အထည်ချုပ်စက်ရုံတွေအပြင်၊ ပဲခူးတိုင်း၊ သာယာ ဝတီမြို့က အထည်ချုပ်စက်ရုံတွေစတဲ့ စက်ရုံပေါင်း အနည်းဆုံး ၁၂ခု မှာ အလုပ်သမားတွေအနေနဲ့ လုပ်ခလစာ Day ကြေး၊ OT အချိန်ပိုကြေးနဲ့ ရက်မှန်ကြေးတွေကို တိုးမြှင့်ပေးဖို့ တောင်းဆို ဆန္ဒဖော်ထုတ်လာကြရာမှာ စက်ရုံအချို့က တောင်းဆိုတဲ့ လစာအတိုင်း မရကြပေမယ့် တောင်းဆိုတဲ့လစာနီးပါးကို ညှိနှိုင်းသဘောတူမှုတွေရခဲ့ကြသလို အချို့လည်းလက်ရှိအချိန် အထိ တောင်းဆိုတဲ့အတိုင်း မရကြသေးပဲ ညှိနှိုင်းနေကြဆဲဖြစ်တယ်လို့ သိရပါတယ်။
အလုပ်သမားအရေးဆောင်ရွက်နေတဲ့ STUM ရဲ့ဖော်ပြချက်အရ ဇွန်လ၂ရက်က အင်းစိန်မြို့နယ်က Golden Color Fashion အထည်ချုပ်နေ့စားလုပ်ခတိုးပေးတာမှာ ယခင် Day ကြေး ၉၀၀၀ ကျပ်ကနေ Day ကြေး ၁၂၀၀၀ ကျပ်တိုးပေးလိုက်တာဖြစ် ပြီး Golden Color Fashion အထည်ချုပ်အလုပ်သမားဝန်ထမ်းများကိုယ်စား အလုပ်သမားသမဂ္ဂရဲ့ကိုယ်စား တောင်းဆိုမှုမှရ ရှိခဲ့လို့ ဂုဏ်ယူစွာနဲ့ မှတ်တမ်းတင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
လုပ်ခလစာလုံလောက်မျှတပါက လုပ်ငန်းအေးချမ်းသာယာပြီး နိုင်ငံပြင်ပသွားရောက်လုပ်ကိုင်ခြင်းများ လျော့နည်းလာမှာ ဖြစ်ပါတယ်လို့ အထည်ချုပ်စက်ရုံ လုပ်သားအများစုက ဆန္ဒပြုပြောကြားထားပါတယ်။ (Source – Myanmar Labour News)
အငြိမ်းစားသံအမတ် ပစ်သတ်ခံရမှု ၆ နှစ်သမီးအပါအဝင် ၁၆ ဦးကို စစ်ကောင်စီ စွပ်စွဲဖမ်းဆီး
အငြိမ်းစားသံအမတ် ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင်ကို သေနတ်နဲ့ပစ်ခတ်ရာမှာပါတယ်လို့ စွပ်စွဲပြီး အသက် ၆ နှစ်အရွယ် ကလေးငယ်နဲ့ ဆရာဝန် ၂ ယောက်အပါအဝင် ၁၆ ယောက်ကို ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီက ဇွန် ၅ ရက်ညမှာ သူ့ရဲ့ ဝါဒဖြန့်မီဒီယာတွေကနေ ဖော်ပြလာပါတယ်။
အငြိမ်းစားသံအမတ် ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင်ကို သေနတ်နဲ့ပစ်ခတ်ရာမှာပါတယ်လို့ စွပ်စွဲပြီး အသက် ၆ နှစ်အရွယ် ကလေးငယ်နဲ့ ဆရာဝန် ၂ ယောက်အပါအဝင် ၁၆ ယောက်ကို ဖမ်းဆီးထားပါတယ်။
မေ ၂၂ ရက်မနက်ပိုင်းက ရန်ကုန်၊ မရမ်းကုန်းမြို့နယ်မှာ အငြိမ်းစား ဗိုလ်မှူးချုပ် ချိုထွန်းအောင်ဟာ အမျိုးသား ၂ ယောက်ရဲ့ သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပြီး Golden Valley Warrior အဖွဲ့က သူတို့လုပ်တာလို့ ထုတ်ပြန်ခဲ့ပါတယ်။ (Source – DVB)
- အကြမ်းဖက်ခံရမှုတွေနဲ့ ပိုမိုနှုတ်ဆိတ်လာတဲ့ မြန်မာနိုင်ငံက အမျိုးသမီးတွေ - 24/06/2025
- အရွယ်မတိုင်ခင်ရေးခဲ့ကြတဲ့ သေတမ်းစာ - 22/06/2025
- တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 21/06/2025