တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

မေလ ၁၁ ရက်ကနေ ၁၇ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။  

ငါးမည်ရတပ်ဖွဲ့မှ ဖမ်းဆီးခဲ့တဲ့ အမျိုးသမီး နှစ်ဦးထဲက တစ်ဦးကိုပြန်လွှတ်

ငါးမည်ရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတဲ့ အမျိုးသမီး ၂ ယောက်ထဲက တယောက်ဟာ မေ ၈ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ Shield Women Organization က ထုတ်ပြန်လိုက်ပါတယ်။

ငါးမည်ရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ မိတ္တီလာခရိုင်၊ အမှတ် (၁၈၄၉) ဒရုန်းတပ်ရင်းက တပ်ဖွဲ့ဝင် အမျိုးသားရဲဘော် ၃ ယောက်နဲ့ အဲဒီရဲဘော်တွေရဲ့ မိသားစုဝင် အမျိုးသမီး ၂ ယောက်ကို ဧပြီလ ၁၉ ရက်၊ ည ၉ နာရီလောက်မှာ  စစ်ကိုင်းတိုင်း၊ ရွှေ ဘိုမြို့နယ်၊ တိုက်နယ် (၅) ၊ တက်တူကျေးရွာ၊ နေအိမ်ကနေ ဖမ်းဆီးသွားခဲ့တာပါ။

စစ်ကောင်စီတပ်သားတွေ အလင်းဝင်ရောက်မယ်ဆိုပြီး တက်တူကျေးရွာ အုပ်ချုပ်ရေးမှူးကို ငွေကြေးလိမ်လည်တောင်းခံတဲ့ ကိစ္စမှာ ပါဝင်ပတ်သက်နေတယ်ဆိုပြီး ငွေကြေးလိမ်လည်သူရဲ့ ထွက်ဆိုချက်အရ အခုလိုဖမ်းဆီးရတာလို့ ငါးမည်ရပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဘက်က ပြောပါတယ်။

ဖမ်းဆီးလာခဲ့တဲ့ တပ်ဖွဲ့ဝင် အမျိုးသား ၃ ယောက်ကိုတော့ ဧပြီ ၂၀ ရက်နေ့က မိခင်တပ်ရင်းဆီ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး မေ ၈ ရက်နေ့မှာတော့ တပ်ဖွဲ့ဝင်တယောက်ရဲ့ ဇနီးဖြစ်သူကို အမှုနဲ့ မသက်ဆိုင်ဘူးဆိုကာ လွှတ်ပေးခဲ့တာလို့ Shield Women Organization က ဆိုပါတယ်။

ဖမ်းဆီးချိန်မှာ သိမ်းယူခဲ့တဲ့ မြန်မာငွေကျပ် နှစ်သန်းလေးသောင်းရှစ်ထောင်ကျပ်၊ လက်ကိုင်ဖုန်းနဲ့ ရွှေချိန် ၂ ကျပ်၊ ၃ ပဲ၊ ၄ ရွေးရှိတဲ့ ရွှေထည်တွေကို လွှတ်ပေးတဲ့အချိန်မှာ ပြန်လည်ပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။

ဖမ်းဆီးခံရတဲ့အထဲ ကျန်ရှိနေတဲ့ အမျိုးသမီးတယောက်ကတော့ တပ်ဖွဲ့ဝင်တယောက်ရဲ့ မိခင်ဖြစ်ပြီး ဒီမိခင်ဖြစ်သူကတော့ ဆက်လက်ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Source – DVB

ချင်းအမျိုးသမီးတစ်ဦး မလေးရှားပွဲစားအိမ်မှာ အကြမ်းဖက်ခံနေရ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ချောင်းနန်းကျေးရွာက အသက် ၂၂ နှစ်အရွယ်၊ ချင်းအမျိုးသမီးတစ်ဦးဟာ မလေးရှားနိုင်ငံက ပွဲစားအိမ်မှာ ရွေးမယ့်သူမရှိလို့ အကြမ်းဖက်ခံနေရတယ်လို့ လွတ်မြောက်လာသူတွေထံမှ သိရပါတယ်။

မင်းပြားမြို့နယ်နဲ့ အမ်းမြို့နယ်မှ ချင်းအမျိုးသမီး ၆ ဦးဟာ မလေးရှားနိုင်ငံက စားသောက်ဆိုင်တစ်ခုမှာ အလုပ်ရမယ်လို့ ပွဲစားတွေရဲ့ ချိတ်ဆက်ပေးမှုနဲ့ မေလ ၅ ရက်နေ့က ရန်ကုန်မြို့မှ ထွက်လာပြီး မေလ ၁၀ ရက်နေ့မှာ မလေးရှားကို ရောက်ရှိခဲ့ကာ၊ အဲဒီအမျိုးသမီးတွေကို ပွဲစားတွေက စားသောက်ဆိုင်မှာ အလုပ်မသွင်းပေးဘဲ မလေးရှားနိုင်ငံက KTV ဆိုင်တစ်ခုမှာ အတင်းဓမ္မ လုပ်ခိုင်းတာကြောင့် အမျိုးသမီးတွေဟာ မလုပ်ချင်တဲ့အတွက် ပွဲစားရဲ့ အကြမ်းဖက်မှုကို ခံနေရကြ ရတာဖြစ်ပါတယ်။

ဒါ့ကြောင့် အမျိုးသမီးတွေဟာ မိမိအသိမိတ်ဆွေ၊ ဆွေမျိုးတွေကို ပွဲစားဆီက ရွေးပေးဖို့ အကူညီတောင်းခဲ့ကြပြီး တစ်ဦးမှာ ဒီကနေ့ထိ ရွေးပေးမယ့်သူမရှိတာကြောင့် ပွဲစားအိမ်မှာ ကျန်နေခဲ့ကာ အကြမ်းဖက်မှု အမျိုးမျိုးခံစားနေရတာဖြစ်ပါတယ်။

ရွေးပေးမယ့်သူ မရှိလို့ ပွဲစားအိမ်မှာ ကျန်ခဲ့တဲ့ ချင်းအမျိုးသမီးတစ်ဦးဟာ ဖုန်းပါအသိမ်းခံရတဲ့အတွက် အဆက်သွယ်မရ သလို မည်သည့်နေရာတွေမှာ ထိန်းသိမ်းထားသလဲဆိုတာ မသိရတာကြောင့် လွတ်လာဖို့ အကူအညီလိုအပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

မလေးရှားမှာရှိတဲ့ ချင်းအဖွဲ့အစည်းတွေနဲ့ ချင်းလူမျိုးတွေအနေနဲ့ ပွဲစားဆီမှာ အမျိုးမျိုးခြိမ်းခြောက်၊ အကြမ်းဖက်နေတဲ့ မင်း ပြားမြို့နယ်၊ ချောင်းနန်းကျေးရွာက အသက် ၂၂ နှစ်အရွယ် လေးတူ (ချင်း) အမျိုးသမီးတစ်ဦးကို အမြန်ဆုံးကူညီပေးဖို့ လွှတ် လာတဲ့ ချင်းအမျိုးသမီးတွေက တောင်းဆိုထားပါတယ်။

Source – Chin World

ရွှေပြည်သာမှာ အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့် လုယက်အလောင်းဖျောက်သူ သုံးဦးဖမ်းမိ

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ အမှတ် ၈ ရပ်ကွက်မှာ အမျိုးသမီးငယ်တစ်ယောက်ကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီး ရွှေလက် စွပ်နဲ့ဖုန်းယူကာ သတ်ဖြတ်ပြီး အလောင်းဖျောက်ခဲ့သူ ၃ ယောက်ကို ရဲတွေက ဖမ်းဆီးစစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဖမ်းမိထားသူတွေကတော့ သူရလင်း၊ အောင်မြင့်မြတ်နဲ့ ကျော်ဇင်မောင်တို့ ၃ ယောက်ဖြစ်ပြီး ရွှေပြည်သာမြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မတွေဖြစ်တဲ့ ပုဒ်မ – ၃၉၂ / ၃၀၂ / ၂၀၁ နဲ့ အမှုဖွင့်လှစ်စစ်ဆေးနေတာဖြစ်ပါတယ်။

ဒေသခံတယောက်က “အတော်ကြောက်ဖို့ကောင်းတယ်၊ ရက်ရက်စက်စက်ခုတ်ဖြတ်ထားတာ။ အလောင်းစတွေ့တော့ ဘယ် ကလဲဆိုတာ ဘယ်သူမှ မသိကြဘူး။ လိုက်စုံစမ်းတော့ ၈ ရပ်ကွက်က ပျောက်သွားတဲ့ကောင်မလေးဖြစ်နေတယ်။ ဂျပန် နိုင်ငံသွားဖို့ မြင်းခြံကနေ သင်တန်းကိစ္စ လာစုံစမ်းရင်းဖြစ်တာ၊ မနေ့ကပဲ အသုဘချတယ်” လို့ ပြောပါတယ်။

သေဆုံးသူဟာ အသက် ၂၁ နှစ်အရွယ်ရှိပြီး ဂျပန်နိုင်ငံသွားဖို့အတွက် စာမေးပွဲဖြေဆိုဖို့ မြင်းခြံမြို့မှ မကြာခင်ရက်ပိုင်းက ရောက်ရှိလာပြီး ၈ ရပ်ကွက် တပင်ရွှေထီးလမ်းနဲ့ ဗိုလ်မင်းရောင် လမ်းထောင့်ရှိ ၃ ထပ်အဆောင်မှာ နေထိုင်တာလို့ အုပ်ချုပ် ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

“၈ ရက်နေ့ကတည်းက ပျောက်နေတာ၊ လူပျောက်တောင် ရဲစခန်းမှာဖွင့်ထားတယ်။ အဆောင်ကသူတွေက ရည်းစား နောက်ပါသွားပြီထင်နေတာ။ အလောင်းတွေ့မှ အသတ်ခံရမှန်းသိတာ။ အုပ်စုဖွဲ့ မုဒိမ်းကျင့်နေတယ်ဆိုတာက CID က အတည်ပြုတာ၊ ရဲစခန်းက မိတဲ့သူတွေကို လူသတ်မှု၊ လုယက်မှု၊ ထိခိုက်နာကျင်စေမှုနဲ့ ဖွင့်ထားတယ်၊ မုဒိမ်းမှုမပါဘူး။”

ပြစ်မှုကျူးလွန်သူတွေကို ရဲစခန်းက ဖမ်းမိတဲ့အခါ သေဆုံးသူကိုင်ဆောင်တဲ့ ဖုန်းနဲ့ဝတ်ဆင်ထားတဲ့လက်စွပ်ကို သိမ်းဆည်းရ မိခဲ့ပြီး အလောင်းကို ရွှေပြည်သာမြို့ ၁၄ ရပ်ကွက် ကိုင်းတောမှာ သွားရောက်စွန့်ပစ်ခဲ့တာဖြစ်ပါတယ်။

Source – DVB

လေကြောင်းတိုက်ခိုက်မှုကြောင့် ရသေ့တောင်မှာ အမျိုးသမီး ၈ ဦးသေဆုံး၊ ၁၃ ဦးဒဏ်ရာရ

ရခိုင်ပြည် ရသေ့တောင်မြို့နယ်၊ ထွန်းရဝေ(ရွာဟောင်း)ကျေးရွာကို ၁၃ ရက်နေ့မနက် ၁၀ နာရီလောက်က စစ်ကောင်စီက လေ ကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် အမျိုးသမီး ၈ ဦးသေဆုံးခဲ့ပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သေဆုံးခဲ့တဲ့ အမျိုးသမီးတွေထဲမှာ အသက် ၂ နှစ်အရွယ် ကလေးတစ်ဦးပါဝင်ခဲ့သလို ဒဏ်ရာရရှိခဲ့သူတွေထဲမှာလည်း အသက် ၁၈ နှစ်အောက် မိန်းကလေးငယ် ၄ ဦးပါဝင်ခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီးတွေအပြင် အမျိုးသား ၂ ဦးသေဆုံးခဲ့ပြီး ၇ ဦးထိခိုက်ဒဏ်ရ ရရှိခဲ့ တယ်လို့ ရွာသားတွေ ပေးပို့တဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။

အခုလို စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတဲ့အပေါ် မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)ရဲ့ တွဲဖက် အထွေ ထွေအတွင်းရေးမှူး မဝေဝေက အခုလိုပြောပါတယ်။

“အရပ်သားများကို တိုက်ရိုက်ပစ်မှတ်ထားတဲ့ လုပ်ရပ်တွေဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေကို ချိုး ဖောက်တာဖြစ်ပြီး စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်နိုင်ပါတယ်။”

ဒီလိုဖြစ်ရပ်ဆိုးတွေ ထပ်မံမဖြစ်ပွားစေဖို့ အတွက်အကြမ်းဖက်စစ်အုပ်စုရဲ့ အပြစ်မဲ့အရပ်သားပြည်သူတွေကို ပစ်မှတ်ထား ပြီး လူမဆန်စွာ ရက်ရက်စက်စက်နဲ့ လေကြောင်းက တိုက်ခိုက်မှုတွေကို ရပ်တန်းကရပ်အောင်နဲ့ ကျူးလွန်ခဲ့တဲ့ စစ်ရာဇ ဝတ်မှုတွေကို နိုင်ငံတကာတရားဥပဒေတွေနဲ့အညီ အပြစ်ပေးအရေးယူဆောင်ရွက်နိုင်ဖို့ အင်မတန်အရေးကြီးပါတယ်လို့ ဆက်ပြောပါတယ်။

ဒီလိုမဟုတ်ဘဲ အကြမ်းဖက်စစ်အုပ်စုကို လက်ဆွဲနှုတ်ဆက်ပြီး ဆက်သွယ်ပြောဆိုနေမယ်၊ လူသားချင်းစာနာထောက်ထား တဲ့အကူအညီတွေကို အကြမ်းဖက်စစ်အုပ်စုကတဆင့် ပေးအပ်ကူညီနေတာတွေက မြန်မာပြည်မှာရှိတဲ့ အပြစ်မဲ့အရပ်သား ပြည်သူတွေ အထူးသဖြင့် အမျိုးသမီးနဲ့ အနာဂတ်ရဲ့ကလေးငယ်တွေကို သတ်ဖြတ်ဖို့ဖြစ်စေပြီး  အခုလို အသက်ဆုံးရှုံးနေကြ ဦးမှာပဲဖြစ်ပါတယ်လို့ မဝေဝေက ပြောပါတယ်။

ရခိုင်ပြည်မှာ အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေဖြစ်ပွားနေပေမယ့် လက်ရှိမှာငလျင်အခြေ အနေကြောင့်  AA ကလည်း ထိုးစစ်ကို ၂ လရပ်ဆိုင်းထားပါတယ်။ ထိုးစစ်တွေ ရပ်ထားပေမယ့် စစ်ကောင်စီဘက်ကတော့ လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏပြုလုပ်နေတာ တွေ့ရပါတယ်။

Source – HI

မင်းပြားမြို့နယ် ဖားပြိုရွာက မုဒိမ်းကျင့်သတ်ဖြတ်ခံရမှု အကြီးမားဆုံးပြစ်ဒဏ်ပေးဖို့ အမျိုးသမီးအဖွဲ့တွေနှင့် လူမှုရေး အဖွဲ့တွေက ကြေညာချက်ထုတ်တောင်းဆို

ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နေ့က ရခိုင်ပြည် မင်းပြားမြို့နယ် ဖားပြိုကျေးရွာက အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခဲ့မှုကို အကြီးမားဆုံးပြစ်ဒဏ်ချမှတ်ပေးဖို့ အမျိုးသမီး အဖွဲ့နှင့် လူမှုရေးအဖွဲ့တွေက ကြေညာချက်ထုတ်ပြန်တောင်းဆိုပါတယ်။

အဲဒီကြေညာချက်ကို မေလ ၁၁ ရက်၊ ရက်စွဲနဲ့ ထုတ်ပြန်တောင်းဆိုခဲ့တာဖြစ်ပြီး ပြစ်မှုလျော့ပေါ့လွတ်ငြိမ်းခွင့်မရှိဘဲ ဥပဒေ အောက်တွင် အကြီးမားဆုံးပြစ်ဒဏ်တွေနဲ့ အရေးယူပေးဖို့၊ ကျူးလွန်ခံရသူနဲ့ ကျန်ရစ်တဲ့ မိသားစုဝင်တွေအတွက် လူမှုတရား မျှတရေးကို အာမခံပြီး စီရင်ချက်ချမှတ်ပေးဖို့၊ ရခိုင်ပြည်က အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအပေါ်  အကြမ်းဖက်ကျူး လွန်မှုတွေ နောက်နောင်မဖြစ်ပွားရအောင် ထိရောက်တဲ့ ကာကွယ်တားဆီးပေးတဲ့ လုပ်ငန်းစဉ်တွေ ချမှတ်ပေးဖို့ တောင်းဆို ထားပါတယ်။

ပြစ်မှုကျူးလွန်သူဟာ မြေပုံမြို့နယ် ငမန်းရဲကျွန်းကဖြစ်ပြီး ဖားပြိုရွာမှာ ယာယီနေထိုင်နေသူဖြစ်တယ်လို့ ရွာခံ‌တွေက ပြောပါ တယ်။

ကျူးလွန်ခံရတဲ့ မိန်းကလေးငယ်ကို ဖားပြိုရွာနဲ့ မနီးမဝေးက သစ်ပင်တစ်ပင်မှာ ကြိုးနဲ့တွဲလောင်းဆွဲထားတဲ့ အနေအထားနဲ့ တွေ့ရှိခဲ့တာ ဖြစ်ပြီး ခန္ဓာကိုယ်မှာလည်း ဒဏ်ရာတွေများစွာတွေ့ရတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

“ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားတဲ့ ပုံစံမျိုးထားခဲ့တာပါ”လို့ ဖားပြိုရွာခံတစ်ဦးက ပြောပါတယ်။

ပြစ်မှုကျူးလွန်သူကို အာရက္ခတပ်တော်(ULA/AA) က ဖမ်းဆီးရမိထားပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့လည်း ရွာခံတွေ က ပြောပါတယ်။

အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီရဲ့ စစ်ပွဲတွေကြောင့် ပြည်သူအများစု ဒုက္ခမျိုးစုံကြုံတွေ့နေရချိန် သက်ငယ်မုဒိမ်းမှု၊ မုဒိမ်းမှု၊ လူသတ်မှုတွေဟာ မကြာခဏဆိုသလို ဖြစ်ပွားနေတယ်လို့ အမျိုးသမီးတွေက ပြောပါတယ်။

Source – HI

ကျောင်းသူကလေးတွေအပေါ် ဗုံးမကြဲပါလို့ စစ်ကောင်စီဗြောင်လိမ်

ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းရွာက စာသင်ကျောင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကို ကျူးလွန်တာမရှိဘူးလို့ စစ်ကောင်စီက ဗြောင်လိမ်ကာ သတင်းထုတ်ပြန်ပါတယ်။

အိုးထိန်းတွင်းရွာ အလယ်တန်းကျောင်းကို မေလ ၁၂ ရက် နံနက် ၁၀နာရီဝန်းကျင်မှာ စစ်ကောင်စီက လေကြောင်းမှ ပေါင် ၅၀၀ ဗုံးတစ်လုံးကြဲချခဲ့တာကြောင့် စာသင်နေတဲ့ကျောင်းသား ကျောင်းသူ ၂၂ နဲ့ ဆရာမ  ၂ ဦး စုစုပေါင်း၂၄ ဦး သေဆုံးပြီး ၊၄၀ ဦးခန့် ဒဏ်ရာရကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဗုံးကြဲခံရမှုကြောင့် သေဆုံးရသူတွေထဲမှာ ကျောင်းသူတွေအများဆုံးပါဝင်ပြီး Grade 2 မှ Grade 11 အထိ ကျောင်းသား တွေဖြစ်ပါတယ်။ ကောက်ယူစာရင်းတွေအရ ကျောင်းသူ ၁၅ ဦး၊ ကျောင်းသား ၅ ဦးဖြစ်ကာ  Grade 2 တစ်တန်းထဲမှ ၆ ဦးဖြင့် အများဆုံးသေဆုံးခဲ့ရပါတယ်။

လူအစုလိုက်အပြုံလိုက်သေဆုံးစေတဲ့ စာသင်ကျောင်းဗုံးကြဲမှုကို ပြည်တွင်းရှိ လွတ်လပ်သောမီဒီယာတွေ၊ ရိုက်တာအပါ အဝင် နိုင်ငံတကာသတင်းဌာနများက ရုပ်သံမှတ်တမ်း၊ သတင်းဓါတ်ပုံတွေနဲ့ ဖော်ပြနေချိန်မှာ စစ်ကောင်စီက ည ၈ နာရီ သတင်းမှာ သူတို့ကျူးလွန်တာမဟုတ်ဘူးလို့ ငြင်းဆိုခဲ့တာဖြစ်ပါတယ်။ 

“ကလိန်ကကျစ်စစ်တပ်”လို့ စစ်ကိုင်းတိုင်း၊ လွတ်မြောက်နယ်မြေတစ်ခုမှ CDM ဝန်ထမ်းအမျိုးသမီးတစ်ဦးက သတင်းလိမ် လည်ထုတ်ပြန်တဲ့အပေါ် မှတ်ချက်ပြုပါတယ်။

Source – People’s Spring

လေကြောင်းရန်ကြောင့် ကရင်နီဒေသမှာ တစ်လအတွင်း အမျိုးသမီးတွေအပါအဝင် ထိခိုက်သေဆုံးသူ ၅၄ ဦးရှိ

စစ်ကောင်စီရဲ့လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဧပြီတစ်လတာအတွင်း ကရင်နီပြည်နယ်မှာ အမျိုးသမီးတွေ အပါအဝင် ထိခိုက်သေဆုံးသူ စုစုပေါင်း ၅၄ ဦးရှိတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က မေ ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။

သေဆုံးသူ ၁၈ ဦးရှိပြီး ဒဏ်ရာရသူ ၃၆ ဦးရှိနေတာဖြစ်ပါတယ်။ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသား ၂ ဦးနဲ့ အမျိုး သမီး ၁ ဦး သေဆုံးခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသား သုံးဦး၊ အမျိုးသမီးတစ်ဦး၊ လသားအရွယ်ကလေးငယ် တစ်ဦးအပါအဝင် ကျား၊မ မဖော်ပြနိုင်သူ ၁၂ ဦး သေဆုံးခဲ့ရပါတယ်။

လက်နက်ကြီးကြောင့် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦးနဲ့ ကလေးငယ်တစ်ဦး ဒဏ်ရာရခဲ့တယ်လို့လည်း ကရင်နီလူ့ အခွင့်အရေးအဖွဲ့က ထုတ်ပြန်တဲ့စာရင်းအရ သိရပါတယ်။ လေကြောင်းပစ်ခတ်မှုကြောင့် အမျိုးသား ၂ ဦးနဲ့ ကျား၊မ မသိရှိရသူ ၂၇ ဦး ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

Source – BBC

ထားဝယ်တွင် မွေးကင်းစကလေး ဆက်မမွေးလိုသဖြင့် ပေးအပ်မှုဆက်တိုက်ဖြစ်

တနသာၤရီတိုင်း၊ ထားဝယ်ဒေသမှာ မွေးကင်းစကလေး တခြားသူတွေထံ မွေးစားဖို့ပေးတာတွေ ဆက်တိုက်ဖြစ်နေကြောင်း ကလေးမွေးစားသူတွေထံမှ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လက ထားဝယ်မြို့ပေါ်ရှိ ပုဂ္ဂလိကဆေးရုံတစ်ခုမှာ ကလေးမွေးပြီး မွေးကင်းစကလေးကို မိခင်ရင်းက တခြားသူ ထံ ပေးထားခဲ့တဲ့ဖြစ်စဉ် နှစ်ခုရှိခဲ့တယ်လို့ ကလေးမွေးစားဖို့ ကူညီပေးခဲ့တဲ့ ပရဟိတအသင်းတာဝန်ရှိသူတစ်ဦးက ပြောပါ တယ်။

ယခင် ၂၀၂၃ ခုနှစ်ကလည်း ထားဝယ်မြို့ရှိ ခုတင် ၅၀ စစ်တပ်ဆေးရုံမှာ ကလေးမိခင်က မွေးကင်းစကလေးကို ပေးခဲ့တာရှိ ခဲ့တာဖြစ်ပါတယ်။ ကလေးမွေးစားဖို့ စွန့်ပစ်သူအများစု ယောကျာ်းမရှိဘဲ ကလေးမွေးခဲ့သူတွေဖြစ်တယ်လို့ သိရပါတယ်။

Source – Dawei Watch

ငါးသိုင်းချောင်းမှာ အမျိုးသမီးလုပ်ငန်းရှင်တွေ အပါအဝင် ၈ ဦးကို ထောက်ပို့လို့ စွပ်စွဲဖမ်းဆီး

ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့မှာ ရွှေဆိုင်ပိုင်ရှင်၊ ဆန်ကုန်သည်နဲ့ ဖူဆယ်ဘောလုံးကွင်း ပိုင်ရှင်တွေကို တော်လှန်ရေးကို ထောက်ပံ့တယ်လို့ စွပ်စွဲပြီး စစ်ကောင်စီက ဖမ်းဆီးထားကြောင်း သိရပါတယ်။

ရွှေဆိုင်ပိုင်ရှင် မဖြူဖြူလှိုင်တို့ လင်မယားနဲ့ ဆန်ကုန်သည် ကိုနေဇော်ထွန်း အပါအဝင် ဆန်ကုန်သည် ၆ ယောက်ကို သူတို့ နေအိမ်တွေမှာ ဝင်ရောက်ဖမ်းဆီးသွားတာဖြစ်ပြီး မေ ၉ ရက် နေ့လယ်ပိုင်းက အောင်ဆန်းရပ်ကွက်မှာရှိတဲ့ဖူဆယ်ဘောလုံး ကွင်းပိုင်ရှင်နဲ့ ဆန်ကုန်သည် ကိုဂျပန်ကြီး ဆိုသူတို့ကို ဖမ်းဆီးသွားတာဖြစ်ပါတယ်။

မေလ ပထမအပတ်ထဲမှာပဲ သာပေါင်းမြို့နယ်ထဲမှာလည်း ဆိုင်ကယ်ကယ်ရီ မောင်းနေသူတွေနဲ့ ဒေသခံလူငယ်တချို့ကို PDF ထောက်ပံ့နေသူလို့ စွပ်စွဲကာ ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့သေးတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Source – DVB

နမ့်ခမ်း လွယ်ချပ်အုပ်စုမှာ အမျိုးသမီးတွေပါ မူးယစ်ဆေး သုံးစွဲရောင်းဝယ်မှုရှိလာ

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် လွယ်ချပ်အုပ်စုမှာ အမျိုးသားတွေသာမက အမျိုးသမီးတွေပါ မူးယစ်ဆေးရောင်း ဝယ်သုံးစွဲလာပြီး စားဝတ်နေရေးအတွက် အသက်မပြည့်သေးတဲ့ကလေးတွေဟာ ပြည်ပမှာ အလုပ်ထွက်လုပ်နေရပါတယ်။

လွယ်ချပ်အုပ်စု ဆောရမ်၊ ပန်လုံ‌၊ အော်ကား၊ ဖတ်မုံ စတဲ့ကျေးရွာမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေ များလာသလို အိမ်တွင်းအကြမ်းဖက်မှုပြဿနာတွေလည်း ကြုံနေရကြောင်း ဒေသခံတစ်ဦးရဲ့ပြောပြချက်အရ သိရပါတယ်။

အရင်နှစ်တွေကတည်းက မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ ရှိခဲ့ပေမဲ့ ဒီနှစ်မှာ မူးယစ်ဆေးရောင်းသူ ပိုများလာတာကြောင့် သုံးစွဲတာတွေ ပိုများလာတယ်လို့ ဆိုပါတယ်။

မူးယစ်ဆေးဝါး သုံးစွဲသူတွေဟာ ကျေးရွာတစ်ရွာရဲ့ ၃ ပုံ ၂ ပုံလောက် ရှိနေပြီး အမျိုးသားအပြင် အမျိုးသမီးတွေလည်း သုံးစွဲလာကြဖြစ်ပါတယ်။

မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် မိသားစုအတွင်း အိမ်တွင်းအကြမ်းဖက်မှု၊ ကျေးရွာအတွင်း လူမှုရေးပြဿနာနဲ့ အသက် မပြည့်သေးတဲ့ ကလေးတွေက ကျောင်းမတက်နိုင်တော့ဘဲ စားဝတ်နေရေးအတွက် တရုတ်ပြည်မှာ အလုပ်သွားလုပ်နေရပါ တယ်။

တအာင်းတပ်မတော်က တိုက်ခိုက်သိမ်းပိုက်ထားတဲ့ မြို့နယ်တွေမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ဆောင်နေပေမဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်သူသုံးစွဲသူ ဆက်လက် မြှင့်တက်‌နေဆဲ ဖြစ်ပါတယ်။

Source – ရွှေဖီမြေ

နှစ်ရက်အတွင်း ဝက်လက်နယ်မှာ ကျေးရွာ ၅ ရွာ ဗုံးကြဲခံရလို့ အမျိုးသမီး ၇ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့မှာ နှစ်ရက်အတွင်း ကျေးရွာ ၅ ရွာ လေကြောင်းကနေဗုံးကြဲခံရလို့ အမျိုးသမီး ၇ ဦးအပါအဝင် အရပ်သား ၈ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ တိုက်နယ်ပကဖတာဝန်ရှိသူတွေထံမှ သိရပါတယ်။

မေ ၁၀ ရက် နေ့လယ် ၁ နာရီခန့်မှာ ရှိန်းမကားကျေးရွာကို ဂျက်ဖိုက်တာနဲ့ဗုံး ၁ လုံးကြဲချခဲ့ရာ ကျေးရွာအနောက်ဘက် ပြည့် ရှိန်းအောင်ဓာတ်ဆီဆိုင်နား ကျရောက်ပေါက်ကွဲခဲ့ပြီး ညနေ ၄ နာရီခွဲမှာတော့ ရွာတော်ကုန်းကျေးရွာထဲ ဗုံးနှစ်လုံး ကျရောက် ခဲ့ပါတယ်။

စစ်ကောင်စီဗုံးကြဲလို့ ၁၄ နှစ်အရွယ် မောင်ကောင်းဆက်ပိုင်၊ ၃၃ နှစ်အရွယ် မဌေးသူဇာဦး၊ ၄၃ နှစ်အရွယ် မသဲစုမာ၊ ၄၅ နှစ်အရွယ် မမူယာနွယ်၊ ၄၇ နှစ်အရွယ် မသူဇာနွယ်၊ ၅၃ နှစ်အရွယ် ဒေါ်သင်းသင်းနွယ်၊ ၅၇ နှစ်အရွယ် ဒေါ်ခင်စန်းရီ၊ ၇၀ နှစ်အရွယ် ဒေါ်သန်းဌေးတို့ နေရာမှာပဲ သေဆုံးသွားပါတယ်။

ဒါ့အပြင် အသက် ၁၃ နှစ်ကနေ ၇၀ အရွယ်ကြားရှိ မခင်ရတနာ၊ မဆွေဆွေလဲ့၊ ဒေါ်ခင်စန်းဝင်း၊ ဒေါ်သင်းသင်းဦး၊ မဇင်မျိုး လှိုင်၊ မထွေးငယ်၊ ဒေါ်နုဝင်း၊ ဦးခင်မောင်သန်း၊ ဦးမြင့်လွင်၊ ဦးကျော်စိုးခိုင်၊ ဦးဝင်းမင်းသန့်တို့ ၁၁ ဦးဒဏ်ရာရသွားပြီး နေအိမ် ၈ လုံးပျက်စီးခဲ့ရပါတယ်။

Source – မြေလတ်အသံ

ကထိကဆရာမ ဒေါ်ဝင်းဝင်းအောင်ဟာ ရည်ရွယ်ချက်ရှိရှိ AA ထံ ပူးပေါင်းသွားတာလို့ စစ်ကောင်စီစွပ်စွဲ

ပျောက်ဆုံးနေတဲ့ ရန်ကုန်တက္ကသိုလ်ကထိက ဒေါ်ဝင်းဝင်းအောင်ဟာ ပညာရေးဌာနမှ အကြောင်းမဲ့ပျက်ကွက်ပြီးနောက် မိမိ သဘောဆန္ဒအလျောက် ရည်ရွယ်ချက်ရှိရှိ အာရက္ခတပ်တော်-AA ထံ ပူးပေါင်းသွားတာဖြစ်ကြောင်း စစ်ကောင်စီပိုင် သတင်း စာတွေမှာ ဖော်ပြထားပါတယ်။

ဒေါ်ဝင်းဝင်းအောင်ဟာ ရန်ကုန်အဝေးသင်တက္ကသိုလ် သတ္တဗေဒဌာနမှဖြစ်ပြီး ငလျင်ဘေးဒဏ်ကြောင့် မန္တလေးတိုင်းမှ တက္က သိုလ်ဝင်တန်းပြန်လည်ဖြေဆိုမယ့် ကျောင်းသားတွေကို သင်ကြားပေးဖို့ မိတ္ထီလာတက္ကသိုလ်ကိုရောက်ရှိနေတာ ဖြစ်ပါတယ်။

မေ ၇ ရက် မနက်ပိုင်းမှာ ၎င်းရဲ့မိတ်ဆွေများဖြင့်တွေဆုံရန်ဆိုကာ ဖုန်းဆက်ခွင့်တိုင်ခဲ့ပြီးနောက် ပြန်လည်ရောက်ရှိမလာဘဲ အကြောင်းမဲ့ပျက်ကွက်ခဲ့ကြောင်း စစ်ကောင်စီက ဆိုပါတယ်။

တက္ကသိုလ်ရှိ CCTV မှတ်တမ်းတွေအရ ဒေါ်ဝင်းဝင်းအောင်ဟာ သူနေတဲ့အဆောင်ကနေ အသုံးဆောင်ပစ္စည်းတွေ ထည့် ထားတဲ့ အိတ် ၁ လုံးနဲ့ထွက်ခွာသွားပြီး လက်ဖက်ရည်ဆိုင် ၁ ခုမှာ မနက်စာစားပြီးနောက် ကား ၁ စီးပေါ်ကို မိမိဆန္ဒ အလျောက်လိုက်ပါသွားတာလို့ ဖော်ပြပါတယ်။

ဒေါ်ဝင်းဝင်းအောင်ဟာ ၎င်းမပျောက်ဆုံးမီကာလကတည်းက အာရက္ခတပ်တော်-AA နဲ့ ဆက်သွယ်ခဲ့ပြီး မေ ၇ ရက်မှာ ဆား လင်းကြီးမြို့နယ်အခြေပြုလှုပ်ရှားတဲ့ PDF ခေါင်းဆောင်ရဲ့ ချိတ်ဆက်ကူညီမှုနဲ့ ဆားလင်းကြီးမြို့နယ်၊ ကျားတက် ကျေးရွာကို သွားရောက်ခဲ့ကာ အဲ့ဒီကတဆင့် AA ထံ ဝင်ရောက်သွားတာလို့လည်း စွပ်စွဲထားပါတယ်။

ဒေါ်ဝင်းဝင်းအောင်ရဲ့ရည်ရွယ်ချက်မှာ AA တပ်ဖွဲ့အခြေပြုရာနယ်မြေတွေအတွင်း ပညာရေးဆိုင်ရာလုပ်ငန်းတွေမှာ ပူးပေါင်း ကူညီနိုင်ရေး ဝင်ရောက်သွားခဲ့တာလို့လည်း စစ်ကောင်စီက ဆိုထားပါတယ်။

Source – မြေလတ်အသံ

ချောင်းဦးမှာ ဗုံးကြဲခံရလို့ အမျိုးသမီး ဦးအပါအဝင် အရပ်သား ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မှန်ချိုကျေးရွာနဲ့ သုံးပန်လှကျေးရွာမှာ လေကြောင်းကနေ ဗုံးကြဲခံရလို့ အမျိုးသမီးနှစ်ဦး အပါအဝင် လေးဦးသေဆုံးပြီး အရပ်သား ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီရဲ့လေထီးတစ်စီး၊ ဂျက်ဖိုက်တာနဲ့ ပေါင် ၂၀၀ ဗုံးနှစ်လုံးချတိုက်ခိုက်ခဲ့ရာ ရွာသင်္ချိုင်းကုန်းနဲ့ ရွာအရှေ့ဖျားကို ကျ ရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

ဗုံးစထိမှန်ပြီး မှန်ချိုရွာမှ အသက် ၄၅ နှစ်အရွယ် အမျိုးသမီး ၂ ဦးနဲ့ ၃၂ နှစ်အရွယ် အမျိုးသား ၁ ဦးသေဆုံးပြီး အမျိုးသား ၅ ဦးနဲ့ ၁၀ နှစ်အရွယ်ကျောင်းသူ ၁ ဦး ထိခိုက်ပြီး ကျောင်းသူတစ်ဦးကတော့ ဒဏ်ရာပြင်းထန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေ ၁၀ ရက်မှာလည်း ချောင်းဦးမြို့နယ်၊ သုံးပန်လှကျေးရွာကို တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီရဲ့စက်တပ် လေထီး နဲ့ ပစ်ခတ်ခဲ့တာကြောင့် ရှင်ပြုပွဲလုပ်မယ့်မိသားစုဝင်တွေဖြစ်တဲ့ အသက် ၃၀ နှစ်အရွယ် ကိုနန်းကို၊ သားဖြစ်သူ အသက် ၁၂ နှစ်အရွယ်မောင်ဖြိုးကိုသန့်တို့ သေဆုံးခဲ့ပြီး ဇနီးဖြစ်သူ အသက် ၂၈နှစ် အရွယ် မသဲသဲစိုးနဲ့ သမီးဖြစ်သူ မသွန်းသီရိကို အသက် ၅ နှစ်တို့မှာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဗုံးစထိမှန်တာကြောင့် နောက်ထပ်ရွာခံ အသက် ၃၀ နှစ် ကိုကျော်ဇင်ထွန်း သေဆုံးခဲ့ပြီး ဦးအောင်ကျော်ဦး၊ အသက် ၅၀ နှစ်မှာ ဒဏ်ရာရရှိခဲ့တာကြောင့် သေဆုံးသူ ၃ ဦးနဲ့ ဒဏ်ရာရသူ ၃ ဦး ရှိခဲ့တာဖြစ်ပါတယ်။

Source – မြေလတ်အသံ

ဂန့်ဂေါမှာ စစ်တပ်ဖမ်းဆီးသွားတဲ့အမျိုးသမီး ဦးကို အခုထိလွှတ်မပေးသေး

ဂန့်ဂေါမြို့နယ်၊ လယ်မရွာစီးနင်းမှုမှာ သတ်ဖြတ်ခံခဲ့ရတဲ့သူတွေထဲမှာ အသက်မပြည့်သေးသူတွေပါဝင်သလို ဖမ်းဆီးခံရသူ တွေထဲမှာလည်း အမျိုးသမီးတွေပါဝင်နေတာဖြစ်ပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ လယ်မရွာကို မေ ၁၂ ရက်မှာ စစ်တပ်က ရုတ်တရက် ဝင်ရောက်စီးနင်းပြီး ကျောင်းသားငယ် ၄ ဦးအပါအဝင် အရပ်သား ၁၁ ဦးကို နှိပ်စက်သတ်ဖြတ်ကာ ၁၀ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတွေထံမှ သိ ရပါတယ်။

ဒီစီးနင်းခံရမှုမှာ သတ်ဖြတ်ခံခဲ့ရတဲ့ အသက် ၁၂ နှစ် အရွယ် ၇ တန်းကျောင်းသား မောင်လျှံထွန်း၊ အသက် ၁၃ နှစ်အရွယ် မောင်မှိုင်းဝေ၊ အသက် ၁၅ နှစ်အရွယ် ၉ တန်းကျောင်းသား မောင်သီဟလင်းနှင့် မောင်မျိုးသီဟ၊ အသက် ၁၉ နှစ်မှ ၃၉ နှစ် ကြား မောင်ကျော်မြတ်သူ၊ မောင်ဂျွန်ကိုဝင်း၊ မောင်သက်ပိုင်ဦး၊ မောင်ကျော်စန်းခိုင်၊ မောင်နေလင်းဦး၊ ကိုညီလေး၊ ကို အောင်ကြည်မင်းတို့ဖြစ်ပါတယ်။

ရွာမှ ဆုတ်ခွာသွားရာမှာ စစ်တပ်က အသက် ၉ နှစ်အရွယ် ကလေးအပါအဝင်  ၂၃ ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း၊ ထက် ဝက်ကျော်ကို နံနက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပြီး အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၃ ဦး ကိုတော့ ယခုထိပြန်လွှတ်မပေးသေး ကြောင်း သိရပါတယ်။

Source – မြေလတ်အသံ

ဘီလင်းမှာ လက်နက်ကြီးကျလို့ အမျိုးသမီးတစ်ဦး သေဆုံး

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူ (သထုံ) ခရိုင်၊ ဘီးလင်းမြို့နယ်၊ အလူးကျေးရွာအုပ်စု၊ ကရဝေးဆိပ်ရွာ၊ တောင်ထန်းခြံမှာ အမျိုးသမီးတစ်ဦး အလုပ်လုပ်နေစဉ် စစ်ကောင်စီက ပစ်လိုက်တဲ့ လက်နက်ကြီးကျည်စ ဦးခေါင်းထိမှန် ကာ သေဆုံးသွားပါတယ်။

စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အကြောင်းမဲ့ လက်နက်ကြီးနဲ့ နှစ်ကြိမ်တိုင်တိုင်ပစ်ခတ်ခဲ့တာကြောင့် အသက် ၆၆ နှစ်အရွယ် ဒေါ်ခင်အေးသေဆုံးခဲ့ရတာဖြစ်ပါတယ်။

မေလ ၁၀ ရက်နဲ့ ၁၁ ရက်မှာလည်း ဆက်တိုက်ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီး ၂ ဦးအပါအဝင် အရပ်သား ၁၅ ဦး ပြင်း ထန်စွာ ထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြပါတယ်။

Source – ကေအိုင်စီ

Author: