အညာမှာ LGBT တွေအပေါ် ခွဲခြားဆက်ဆံမှုတွေရှိနေဆဲ
ဒေဝီ
အညာဒေသကစစ်ကောင်စီကိုတော်လှန်ရာမှာ ခုခံစစ်အားကောင်းတဲ့ဒေသတစ်ခုဖြစ်ပေမယ့် ဖိုဝါဒကြီးစိုးမှု၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု၊ LGBTတွေအပေါ်ခွဲခြားဆက်ဆံမှုတွေကိုပါ တွန်းလှန်နေရတဲ့ဒေသဖြစ်ပါတယ်။
“လူပုံကိုကြည့်ပြီး အခြောက်လား ၊ ဂေးလား ၊တခြားယောကျာ်းလေးတွေနဲ့ တပူးတတွဲတွဲရှိနေရင် သူတို့မဟုတ်တာလုပ် တော့မှာပဲဆိုတဲ့ အကြည့်တွေနဲ့ LGBTတွေကို နှိမ်စရာလို့ မြင်ကြတာတွေရှိတယ်”လို့ အညာဒေသမှာ လက်နက်ကိုင်တော်လှန် နေသူတစ်ဦးဖြစ်တဲ့ ကိုနွေကပြောပါတယ်။
သူကိုယ်တိုင်လည်း စစ်အာဏာရှင်ကိုတော်လှန်ဖို့ အညာဒေသက လက်နက်ကိုင်တပ်ဖွဲ့တစ်ခုစီရောက်လာစဉ်ကခွဲခြားဆက် ဆံမှုတချို့ ကြုံတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။
သူငယ်ချင်းဖြစ်သူနဲ့ တော်လှန်ရေးအဖွဲ့ကို စတင်ရောက်လာစဉ်ခါက ယောကျာ်းလေးဆိုပေမယ့် ကျားကျားလျားလျားပုံစံမျိုး မရှိတဲ့အခါ အဖွဲ့ကသူတစ်ချို့ရဲ့ လှောင်ပြောင်တာကိုစကြုံရပါတယ်။
သူရဲ့ ဖြစ်တည်မှုကို ထုတ်ဖော်မပြောပေမယ့်လည်း အချို့က ဂေးလားဆိုပြီးစနောက်သလိုနဲ့ ပြောဆိုကြတယ်။ သင်တန်းမှာ လေ့ကျင့်ရေးလုပ်တဲ့အခါမှာလည်း ကြမ်းကြမ်းတမ်းတမ်းလုပ်ဆောင်ရတဲ့အခါ အများနည်းတူလိုက်မလုပ်နိုင်လို့ လှောင် ပြောင်တာတွေလည်းကြုံရတယ်လို့ဆိုပါတယ်။
“အခြားယောကျာ်းတွေနဲ့စာရင် အားပျော့တယ်လို့ပြောရမယ် ၊တချို့ဟာတွေဆို ကိုယ်ကလိုက်မလုပ်နိုင်ဘူး။ မလုပ်နိုင်ဘူးဆို ရင် လူတွေက ဒီကောင်အခြောက်မလို့ ဆိုတာမျိုးပြောကြတယ်”လို့ပြောပါတယ်။
အဲဒီအခါရှက်ရွံတာ၊ စိတ်ပျက်တာမျိုးကြုံရပေမယ့် အများစုက LGBTတွေနဲ့ ပတ်သက်ပြီးလေ့လာသိရှိမှုအားနည်းပြီး၊ အသိ အမြင်ဗဟုသုတအားနည်းတော့လှောင်ပြောင်နှိမ့်ချတာ၊ သွေးတိုးစမ်းတဲ့ အသုံးအနှုန်းတွေသုံးကြတာဖြစ်တယ်လို့ သူကပြော ပါတယ်။
“မြို့ပြလိုနေရာမှာတောင် LGBT တွေအပေါ်ခွဲခြားဆက်ဆံမှုတွေ ရှိနေဆဲအချိန်မှာ အညာလိုဒေသမှာ ခွဲခြားတာကတော့ စိတ် မကောင်းဖြစ်ရပေမယ့် အပြစ်တော့ ပြောလို့တော့မရဘူးပေါ့။ ဘာလို့လဲဆို ဒီလိုပြောလိုက်တာက တဖက်သားကို ခွဲခြားဆက် ဆံတာ၊ ဒါမျိုးကမလုပ်သင့်ဘူးဆိုတာကိုသိမနေကြလို့ “လို့ သူကဆိုပါတယ်။
အမျိုးသမီးကယောကျာ်းလေးပုံပန်းသဏ္ဍန်လို နေထိုင်သူတွေထက် အမျိုးသားချင်း စုံမက်သူ (gay)တွေကို ပိုပြီးတော့လှောင် ပြောင်လေ့၊ ခွဲခြားလေ့ရှိကြတယ်လို့ သူကဆက်ပြောပါတယ်။
အများအားဖြင့် ဒီဒေသမှာမွေး၊ ဒီဒေသမှာကြီးပြင်း မိရိုးဖလာအရရှေးရိုးစွဲအသိအမြင်တွေနဲ့ အသားကျနေသလို၊ အမျိုးသမီး အခွင့်ရေး၊ LGBT အခွင့်အရေးဆိုတာတွေကလည်း သူတို့နဲ့ ရင်းနှီးမနေတဲ့အခါ မသိလိုက် မသိဘာသာပဲ ခွဲခြားတဲ့ သဘော သက်ရောက်နေကြတာဖြစ်တယ်လို့သူကပြောပါတယ်။
သူလည်းအစပိုင်းကာလတွေမှာလှောင်ပြောင်ခံရတာမျိုး အချင်းချင်းမလေးစားနှိမ်ချဆက်ဆံတာမျိုးတွေကြုံရပေမယ့်ဒေသ နဲ့တဖြည်းဖြည်းလိုက်လျောညီထွေဖြစ်လာချိန်မှာ အချင်းချင်းလှောင်ပြောင်တာတွေ လျော့နည်းလာတာရှိတယ်လို့ ကိုနွေက ဆက်ပြောပါတယ်။
စစ်အာဏာရှင်စနစ်ကို စတင်ဆန္ဒပြချိန်ကတည်းကနေ ယခုအချိန်ထိ LGBT တွေက ဆန္ဒပြလှုပ်ရှားမှုကစလို့ လက်နက်ကိုင် တိုက်ပွဲဝင်တာ၊ ထောက်ပို့နဲ့ ရန်ပုံငွေရှာဖွေတာစသဖြင့် နည်းလမ်းမျိုးစုံနဲ့ ပါဝင်နေကြသလို၊ အဲဒီလိုပါဝင်မှုကြောင့်လည်း စစ် ကောင်စီရဲ့ ဖမ်းဆီးခံရတဲ့အခါ ညှင်းပန်းနှိပ်စက်မှုတွေ လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုတွေခံနေကြရပါတယ်။

တော်လှန်ရေးနယ်မြေအချို့မှာလည်း ခွဲခြားဆက်ဆံမှုတွေကြုံရတာကမဖြစ်သင့်ဘူးလို့ ယူဆထားကြပေမယ့် အညာ ဒေသ ကလူတွေကိုလူ့အခွင့်အရေး၊ အမျိုးသမီးတွေနဲ့ LGBTတွေရဲ့ အခွင့်အရေးတွေနားလည်သဘောပေါက်ပြီး အသိအမြင် ပွင့် လင်းလာစေဖို့ ပညာပေးမှုတွေ ဒီထက်ပိုလုပ်ဖို့လိုတယ်လို့ ကိုနွေကဆိုပါတယ်။
“မခွဲခြားနဲ့ဆိုတာထက် ဘယ်လိုအပြောအဆို၊ အမူအကျင့်က ခွဲခြားတာဖြစ်တယ်၊ ဖိနှိပ်တာဖြစ်တယ်ဆိုတာ သူတို့သိအောင် ပညာပေးတာအရင်လုပ်ရမယ်”လို့ပြောပါတယ်။
အမျိုးသမီးနဲ့ LGBTတွေအပေါ် ခွဲခြားဆက်ဆံတာက အညာဒေသတစ်ခုတင်မဟုတ်ဘဲ တော်လှန်ရေးနယ်မြေဒေသအချို့မှာ လည်းကြုံရတဲ့ကိစ္စဖြစ်နေဆဲလို့ အညာဒေသမှာနေထိုင်တဲ့ LGBTတစ်ဦးဖြစ်သူ ကိုသူရိန်ကပြောပါတယ်။
“LGBT တစ်ဦးကိုမြင်ရင် လှောင်ပြောင်ချင်တာရယ်စရာလိုမြင်တာက အမြဲတမ်းခံရတယ်။ လက်နက်ကိုင်ပြီး ဒီကောင်ဘာ လုပ်မှာလဲဆိုတဲ့အမြင်မျိုးရှိကြတယ်” လို့ သူကပြောပါတယ်။
အများအားဖြင့် လက်နက်ကိုင်တိုက်ခိုက်နေတဲ့ အမျိုးသမီးနဲ့ LGBT ဦးရေကအနည်းအကျဉ်းသာရှိနေပါတယ်။ ဖိုဝါဒကြီးစိုး မှုရဲ့ နောက်ဆက်တွဲအဖြစ် အမျိုးသမီးအခွင့်အရေးတွေ အပြည့်အဝရဖို့ တောင်းဆိုနေရချိန်မှာ LGBT အခွင့်အရေးတွေပေး ဖို့ ၊ မခွဲခြားဆက်ဆံဖို့ဆိုတာ အတော်ကြီးလုပ်ယူရဦးမယ့်ကိစ္စလို့ သူကဆက်ပြောပါတယ်။
ဒါ့အပြင် LGBTတွေမှာ စစ်ကောင်စီကိုတော်လှန်လို့ ဖမ်းဆီးခံရတဲ့အခါ အမျိုးမျိုးသော ရက်စက်တဲ့နည်းလမ်းတွေနဲ့ နှိပ်စက် ခံရ၊ လိင်ပိုင်းဆိုင်ရာစော်ကားခံနေရသလို တော်လှန်ရေးနယ်မြေတွေမှာလည်း LGBT တွေအပေါ်ပျက်ရယ်ပြုခံရ၊ လှောင် ပြောင်ခံရ၊ ခွဲခြားဆက်ဆံခံရတာက ပြုပြင်ပြောင်းလဲသင့်တဲ့ ကိစ္စရပ်လို့တစ်ခုလို့ LGBT အသိုင်းအဝိုင်းကပြောပါတယ်။
မြန်မာနိုင်ငံမှာ လိင်စိတ်ခံယူမှုကွဲပြားသူတွေနဲ့ ပတ်သက်လို့ သူ့ရဲ့ဖြစ်တည်မူတွေအပေါ် ဖုံးကွယ်ထားခြင်းမရှိဘဲ ရဲရဲရင့်ရင် လက်ခံလာတာတွေရှိပေမယ့် နေရာအချို့မှာတော့ ဖိနှိပ်ခံနေရတာတွေရှိနေဆဲဖြစ်တယ်လို့ Dawei LGBT Community ဦး ဆောင်သူတစ်ဦးဖြစ်သူ ဆူနာမီကပြောပါတယ်။
လိင်စိတ်ခံယူမှုကွဲပြားသူတွေက ခေတ်အဆက်ဆက်ဖိနှိပ်ခွဲခြားဆက်ဆံခံရပေမယ့် စစ်အာဏာသိမ်းရန်ကြိုးပမ်းပြီးနောက် အာဏာရှင်ကိုတော်လှန်တဲ့ကာလမှာ အယူအဆအမြင်အချို့ ပွင့်လင်းလာကာ လိင်စိတ်ခံယူမှုကွဲပြားသူတွေအပေါ်အမြင်တွေ ပြောင်းလဲလက်ခံနိုင်တဲ့ အတိုင်းအတာအနည်းငယ်တော့ ရှိလာပေမယ့် အနည်းအကျဉ်းပဲဖြစ်နေသေးတယ်လို့ ဆူနာမီကဆို ပါတယ်
“ကျမတို့ LGBT တွေရဲ့ ဖြစ်တည်မူကိုလက်ခံတယ်ဆိုတဲ့သူတွေက ပြင်ပစကားပဲရှိသေးတာ တကယ်တော့ကျမတို့ LGBT တွေ အပေါ်ရည်ရွယ်ချက်ရှိရှိလှောင်ပြောင်မူတွေ အခုချိန်ထိ လူတွေကြားထဲမှာ တွေမြင်နေရတုန်းပါ” လို့ဆူနာမီက ပြောပါတယ်။
အညာဒေသအပါအဝင်ဒေသတချို့မှာ LGBT တွေအပေါ်ခွဲခြားဆက်ဆံမှုတွေကြုံရမှုအပေါ် စိတ်မကောင်းဖြစ်မိပြီး၊ ဒါက တော်လှန်ရေးကို ယုံကြည်မှုလျော့နည်းသွားစေတဲ့ ပုံစံမျိုးသက်ရောက်စေတယ်လို့ ဆူနာမီကပြောပါတယ်။
ဒီလိုခွဲခြားဆက်ဆံမှုတွေကလည်း ဖိုဝါဒကြီးစိုးမှုအပေါ် အခြေတည်ပြီးဖြစ်လာတဲ့အတွက်အတွက် LGBTတွေနဲ့ အမျိုးသမီး တွေမှာ လုံခြုံမှုမရှိဘဲဖိနှိပ်ခံလူတန်းစားအဖြစ် သက်ရောက်နိုင်တာကြောင့် ခွဲခြားဆက်ဆံမှုတွေလျော့ကျဖို့ သက်ဆိုင်ရာ အစုအဖွဲ့တွေက ပညာပေးမှုတွေထိထိရောက်ရောက်လုပ်ဆောင်သင့်တယ်လို့ သူကဆက်ပြောပါတယ်။
စစ်ရေးအရှိန်မြှင့်လာတာနဲ့အမျှ နိုင်ငံရေးအသိတွေလည်းမြှင့်တင်ဖို့လိုပြီး ဒီလိုမှမဟုတ်ရင်ဖိုဝါဒကြီးစိုးမှုတွေ ခွဲခြားဆက်ဆံ ခံရမှုတွေလည်း ပိုပြီးအသက်ဝင်လာနိုင်တယ်လို့ သူကဆိုပါတယ်။
စစ်အာဏာသိမ်းရန်ကြိုးပမ်းစဉ်ကာလအတွင်းမှာ လိင်စိတ်ခံယူမှုကွဲပြားသူ ၈၅ ဦး ထက်မနည်းဖမ်းဆီးခံထားရပြီး ၁၇ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က ၂၀၂၂ ခုနှစ် မေလကထုတ်ပြန်ထားပါတယ်။ ဒါကအာဏာသိမ်းဖို့ ကြိုးပမ်းတဲ့ တနှစ်ကျော်ကာလအတွင်းမှာထုတ်ပြန်ခဲ့တာဖြစ်လို့ လက်ရှိအချိန်မှာဖမ်းဆီးခံ၊သေဆုံးရတဲ့ LGBT အရေ အတွက်က ဒီထက်ပိုများနိုင်တယ်လို့ LGBT အသိုင်းအဝိုင်းကဆိုပါတယ်။
အညာဒေသမှာ ဖိုဝါဒကြီးစိုးမှုတွေ၊ LGBT တွေပေါ်ခွဲခြားဆက်ဆံမှုရှိနေတာတွေက အဓိကအားဖြင့် မြို့ပြတွေလိုဖွံ့ဖြိုးတိုး တက်မှုအားနည်းပြီး ရှေးရိုးစွဲအသိအမြင်တွေရှိတဲ့ ဒေသဖြစ်တဲ့အပြင်ရှေးရိုးစွဲအောင်လည်း အသိအမြင်တိုးတက်ဖို့ အဖက် ဖက်ကပိတ်ဆို့ခံထားရတဲ့အခါ ပြည်သူတွေမှာ အသိအမြင်မကျယ်တာတွေကြောင့်ဖြစ်တယ်လို့ အညာဒေသမှာတော်လှန် ရေးလုပ်ဆောင်နေတဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးကလည်းဆိုပါတယ်။
“LGBTတွေက ငါတို့ထက်တဆင့်နိမ့်တယ်။ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်တာတော့မဟုတ်ဘူး။ သူတိုကမသိတာ ငါတို့ရဲ့ အပြုအမူ၊ အပြောအဆိုတွေက လူတစ်ဦးတစ်ယောက်အပေါ်မှာ ဖိနှိပ်နေခြင်း တမျိုးပါလားဆိုတာမသိကြတာ” လို့ သူကပြောပါတယ်။
ဒီလိုခွဲခြားဆက်ဆံမှုတွေကလည်း စစ်အာဏာရှင်အဆက်ဆက် ပညာရေး၊ စီးပွားရေး၊ လူမှုရေးအဖက်ဖက်က ဖိနှိပ်မှုတွေ ကြောင့်အစတည်လာတာဖြစ်သလို၊ ပြည်သူတွေကစားဝတ်နေရေးရုန်းကန်နေရတဲ့အတွက် အတွေးအခေါ်တွေလည်း မတွေး တောနိုင်တော့ဘူးလို့ဆိုပါတယ်။
“လူဟာလူပဲ လိင်အင်္ဂါနဲ့ လိင်စိတ်တိမ်းညွတ်မှုပေါ်မူတည်ပြီး လူတွေကိုအလွှာခွဲဖို့မလိုအပ်ဖူးဆိုတာကိုနားမလည်ကြဘူး။ နားလည်ဖို့လည်း လိုက်မတွေးနိုင်ကြတော့ဘူး” လို့သူကပြောပါတယ်။
အများအားဖြင့် LGBT တွေအပေါ် လူတွေထဲက လူလို့မမြင်ဘဲကွဲထွက်နေတဲ့သူ၊ သာမာန်မဟုတ်တဲ့သူလို့ မြင်နေကြဆဲဖြစ်ပြီး မထိတထိပြောဆိုတာမျိုးတွေလည်း တွေ့ရတယ်လို့သူကဆက်ပြောပါတယ်။
“မိန်းကလေးနဲ့ ယောက်ျားလေးဆိုင်ကယ်တွဲစီးလို့ မိန်းကလေးကမောင်းလာရင် နောက်ကထိုင်တဲ့ယောက်ျားလေးကို စ ကြ တာ။ မိန်းကလေးတစ်ယောက်မောင်းလာတဲ့ ဆိုင်ကယ်ကို နောက်ကလိုက်စီးလာတယ်ပေါ့ အခြောက်လားပေါ့။ အဲဒါတဖက် က ယောက်ျားလေးကို နှိမ်လိုက်တာမျိုးပါ” လို့ပြောပါတယ်။
LGBT တွေအနေနဲ့ တော်လှန်ရေးမှာ အားတက်သရောပါဝင်နေကြပေမယ့် သူတို့အတွက်စိန်ခေါ်မှုတွေ အများအပြားရှိနေပြီး စစ်ကြောရေးရောက်သွားတဲ့ LGBT ရဲဘော်တွေမှာလည်း ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ခံရတာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံတာတွေ ကြုံတွေနေရတဲ့အတွက် သူတို့အပေါ်ခွဲခြားဆက်ဆံမှုတွေကမရှိစေချင်ဘူး လို့ဆိုပါတယ်။
“ဒီလိုမဖွံ့ဖြိုးသေးတဲ့နိုင်ငံမှာ LGBT တွေရဲ့ ဖြစ်တည်မှုကို လက်ခံအောင် တော်လှန်ရေးလုပ်ရတာကတပိုင်း၊ အာဏာရှင်ကို တော်လှန်ရတာက တပိုင်း၊ သူတို့တော်လှန်နေရတဲ့ ဝန်ထုပ်ဝန်ပိုးကကျနော်တို့ထပ်အများကြီးပိုပါတယ်”လို့ ဆက်ပြောပါ တယ်။
အာဏာရှင်အပါအဝင် အမြစ်တွယ်စေခဲ့တဲ့ စနစ်ဆိုး အတွေးအခေါ်ဆိုးတွေကိုပါ တပါတည်းတော်လှန်တဲ့ တော်လှန်ရေး ဖြစ်တဲ့အတွက် ရှေးရိုးစွဲအယူဝါဒတွေတိုက်ဖျက်နေချိန်မှာကဏ္ဍအသီးသီးကခေါင်းဆောင်တွေအနေနဲ့ ရှေ့ကပါဝင်သင့်တယ် လို့ဆက်ပြောပါတယ်။
“အထူးသဖြင့် ရှေးရိုးစွဲနေတဲ့ဒေသတွေမှာဆို ဒေသကိုအပြစ်တင်မဲ့အစား ဒီလိုပွင့်လင်းမြင်သာပြီးဖွံ့ဖြိုးတဲ့ အမြင်တွေရှိ အောင် Awareness (ပညာပေး) တာမျိုးတွေမှာ ဦးဆောင်သင့်ပါတယ်”လို့သူကပြောပါတယ်။
ဒီအတွက်စစ်ကောင်စီကို တော်လှန်နေချိန်မှာ ဖိုဝါဒကြီးစိုးမှုတွေ၊ အမျိုးသမီးနဲ့ LGBT တွေအပေါ် ခွဲခြားမှုတွေပပျောက်ဖို့ ၊ လူနည်းစုတွေရဲ့ အခွင့်အရေးတွေရဖို့တခါတည်း လုပ်ဆောင်ရမှာဖြစ်ပြီး ဒါမှသာ လွတ်လပ်ပြီးတရားမျှတတဲ့အချိန် ကာလ တစ်ခုကိုရောက်ရင် အတွေးအခေါ်အယူအဆတွေနဲ့ ခွဲခြားဆက်ဆံမှုတွေ တပါတည်းပြောင်းလဲလာမယ်ဆိုတာယုံကြည်တယ် လို့ LGBT အသိုင်းအဝိုင်းကဆိုကြပါတယ်။