ဈေးကွက်အပြင်ဘက်က စစ်ရှောင်အမျိုးသမီးများ၏ ထုတ်ကုန်များ

၀ယ်သူနည်းပါးလွန်းပြီး သင့်တင့်သော တန်ဖိုးနှုန်းထားမရသော အခြေအနေများက လုပ်အားဖြင့် အိမ်တွင်းစီးပွား ရှာဖွေနေသော စစ်ရှောင်စခန်းနေ အမျိုးသမီးများ၏ ကြိုးစားသလောက် ခံစားခွင့်မရသော ဘဝများကို မီးမှောင်းထိုးပြလျက်ရှိနေသည်။

ထိုင်းအမျိုးသမီးရေးဝါဒီလှုပ်ရှားမှုဆီသို့

ထိုင်းနိုင်ငံရဲ့ ထေရဝါဒဗုဒ္ဓဘာသာကို အမျိုးသားတွေ လွှမ်းမိုးထားတာကြောင့် ဗုဒ္ဓရဲ့ ဟောကြားချက်တွေဟာ ဖိုဝါဒကြီးစိုးရေးသင်ကြားမှုတွေအဖြစ် အစားထိုးပြောင်း လဲခံနေရပါတယ်။

သေနတ်သံ မစဲနိုင်တဲ့ မြန်မာ့ငြိမ်းချမ်းရေး ဘယ်လဲ၊ ဘာလဲ .. လူငယ်တွေပြောတဲ့ နိုင်ငံရေးစကားဝိုင်း

လက်ရှိနိုင်ငံရေး အခင်းအကျင်း ကြောင့် ဘာမှမလုပ်နိုင်ဘူးဆိုရင်တောင်၊ အစိုးရတစ်ရပ်အနေနဲ့ နှုတ်ဆိတ်နေခြင်းထက်ပိုတဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုမျိုးရှိရပါမယ်။

မကွေး(ဖန်းခါးမြေ)မှ ငြိမ်းချမ်းရေးနေ့ လှုပ်ရှားနေ့ မြင်ကွင်းများ

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အခမ်းအနားကို မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) မှ ဦးဆောင်ပြီး ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးမှ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူများ၊ အလုပ်သမားအရေး ဆောင်ရွက်သူများမှ ပါဝင်ခဲ့ပါသည်။

မြေပြန့်ဒေသမှ အမျိုးသမီးများ၏ ငြိမ်းချမ်းရေးနေ့ စကားသံများ

လက်နက်ကိုင်တွေကြားထဲမှာမြေစာပင်ဖြစ်ခဲ့ရတာတွေ အရင်က မသိခဲ့ဘူး။ တိုင်းရင်းသားဒေသက မိခင်၊ ကလေး၊ အထူးသဖြင့် အမျိုးသမီးတွေ တိုက်ပွဲကြောင့် ဆုံးရှုံးခဲ့တာတွေအတွက် စိတ်မကောင်းဖြစ်ရတယ်။ အကုန်လုံးကို ငြိမ်းချမ်းစေချင်တယ်။ ငြိမ်းချမ်းမှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ အကုန်လုံးကို ရှင်သန်စေချင်တယ်῎

ယူနက်စကိုကပေးတဲ့ ကမ္ဘာ့အမြင့်ဆုံး တီထွင်ဆန်းသစ်မှုဆု ရရှိထားသူ မလှလှဝင်း (သို့မဟုတ်) မြန်မာ့ပညာရေးကဏ္ဍအတွက် လင်းလက်နေမယ့်ကြယ်တစ်ပွင့်

သင်ပုန်းလေးကို ကွျွန်တော်တို့ငယ်ငယ်တုန်းကတော့ တံတွေးလေးနဲ့ ခြစ်ခြစ်ပြီးဖြတ်ခဲ့ရတာပေါ့။ အခု သမီး လေးတို့လက်ထက်မှာတော့ တံတွေးနဲ့ ဖြတ်စရာမလိုတော့ဘူး။ လက်လေးနဲ့ထိလိုက်တာနဲ့ အကုန်လုံး ပြောင်းနေတာလေ။ သူတို့ခေတ်အတွက် ဓာတ်သင်ပုန်းဆိုတာမျိုးလေးကို စဉ်းစားမိပြီး ပေးဖြစ်ခဲ့တာပေါ့။

လက်နက်ကိုင်အဖွဲ့အစည်းများမှ အမျိုးသမီးခေါင်းဆောင်များ၏ ပွင့်ပွင့်လင်းလင်း ဖက်ဒရယ်စကားဝိုင်း

နိုင်ငံရေးကဏ္ဍနဲ့ လုံခြုံရေးကဏ္ဍမှာ ဖက်ဒရယ်ပုံဖော်မယ့် မည်သည့်ဆွေးနွေး ချက်မျှ ဆွေးနွေးခွင့်မရရှိသေးတာကို ကြည့်ခြင်းအားဖြင့်လည်း ဒီသဘောတူညီချက်များဟာ အားရကျေ နပ်စရာ အနေအထားတခုသို့ မရောက်ရှိသေးတာကို မြင်တွေ့ရပါမယ်။

ကိုယ့်သားမယားကို အဓမ္မပြုကျင့်ကြသလား

ဒီလိုသာ အဓမ္မအနိုင်ကျင့်ဆက်ဆံတာကို သားမယားပြုကျင့်တယ်လို့ ဆိုလိုက်မယ်ဆိုရင် ဒါဟာ ကိုယ့်အမေ အပါအဝင် အမျိုးသမီးတွေ ရဲ့အဆင့်ကို နှိမ့်ချ စော်ကားလိုက်တာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ အဲဒီနောက်ဆက်တွဲမှာတော့ လင်ယောကျ်ားက ဆက်ဆံတာ နဲ့ မုဒိမ်းကောင်က ပြုကျင့်တဲ့ အဓမ္မမှုဟာ အတူတူပဲလို့ အဓိပ္ပါယ် ပေါက်သွားပါတယ်။

မုဒိမ်းမှုရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက် မပြင်ဆင်နိုင်ခဲ့ရင်

"အချိန်တွေပဲကြာလာပြီး တကယ့်တကယ်ကျတော့ ဖြစ်မလာဘူး။ ရှေ့နေချုပ်ရုံးကို တင်လိုက်ရင် ကိုယ်လိုချင်တာတွေက ရမလာပဲ ရှိနေတာတွေက ပြန်ပြန်လျော့သွားတယ်"