သတင်းဆောင်းပါး

ကလေးတွေအတွက် ဂျုံမင်းသမီး

" အပြင်မှာ ရောင်းတဲ့သူက ပင်ပန်းတယ်။ ဒီပုံးကြီးနဲ့ လျှောက်သွားရတယ် တစ်နေရာနဲ့တစ်နေရာလှည့်ရတော့ ပင်ပန်းတယ်။ ပြီးတော့ ဂျုံအရုပ်ကို လုပ်ရောင်းချင်တဲ့သူတွေလည်း သိပ်မရှိသလောက်ပဲ။"

သမီးဖြစ်သူအတွက် အာဏာရှင်ကို ဆက်တော်လှန်နေတဲ့မိခင်

စစ်ကောင်စီသာ အာဏာမသိမ်းခဲ့ရင် မသီတာတို့လို လူငယ် လူရွယ်တွေဟာ ဘဝတက်လမ်းအတွက် ကြိုးစား ပညာရှာရ မယ့်အရွယ်တွေပါ။ ဒါပေမယ့် သူတို့ဘဝတွေကို စစ်ကောင်စီက နင်းချေဖျက်စီးလိုက်တဲ့နောက် ပြန်လည်ခုခံ တိုက်ခိုက်ဖို့ လမ်းကိုပဲ ရွေးချယ်ကြရပါတော့တယ်။

အသေးစား ချေးငွေတွေ မရတော့တဲ့ ကျေးလက် အိမ်ရှင်မတို့ရဲ့ အနာဂတ်

“ဆပ်ပြာလုပ်ဖို့ ကုန်ကြမ်းတွေ ထပ်ဝယ်ဖို့က ရှိနေပြန်ပြီလေ။ အစစအရာရာ စျေးနှုန်းတွေ မြင့်တက်လာတော့ တပိုင်တနိုင် လုပ်တဲ့ ကျမတို့အတွက်က ကျန်တာ မရှိဘူး။ စုရတာ မရှိဘူး။ မိသားစု စားဖို့အတွက် ဖူလုံမှုလောက်ပါပဲ” လို့ မသွယ်က ပြောပြပါတယ်။

မိုခါမုန်တိုင်းကြားက မယိုင်မလဲ ရုန်းထခဲ့ကြတဲ့ မသန်စွမ်း အမျိုးသမီးတွေ

“ကျမတို့အိမ်လေးသာ ပြိုခဲ့မယ်ဆိုရင် အသက်အန္တရာယ်အတွက် တော်တော် စိုးရိမ်ရတယ်။ မတွေးရဲစရာပါပဲ”လို့ မဝင်းဝင်းက စိုးရိမ်မကင်း ဖြစ်ခဲ့ရတဲ့အကြောင်း ပြန်ပြောပြပါတယ်။

အနာဂတ်တွေကို သတ်ဖြတ်နေတဲ့ စစ်ကောင်စီ

" ကျွန်မတို့ စစ်ကိုင်းကတော့ ကလေးသေဆုံးမှု အမြင့်ဆုံးထဲပါတယ်။ ကလေးတွေက စစ်ပွဲကြောင့် သေဆုံးတာအပြင် ဖျားနာ ပြီး ဆေးမကုနိုင်လို့ သေဆုံးတာတွေလည်းရှိတယ်။"

သမီးလေး နေပြန်ကောင်းမယ့်ရက် ဆုတောင်းရင်း စောင့်နေရတဲ့ ရိုဟင်ဂျာမိခင်

“အမေမှာလည်း နို့ကောင်းကောင်းမထွက်ဘူး။ နို့ဘူး ဝယ်တိုက်ဖို့ကလည်း ပိုက်ဆံ မရှိဘူး။ ဆေးခန်းသွားမယ် ဆိုရင်တောင် တက္ကစီခပေးဖို့ ပိုက်ဆံ မရှိဘူး။” လို့ သူက ပြောပါတယ်။

ပြာပုံတွေကြားက တော်လှန်ပန်းခင်းတစ်စုံ

အညာမြေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရွာလုံးကျွတ် မီးရှို့ လူ့အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ပြုလုပ်နေပေမဲ့လည်း ပြည်သူတွေအနေနဲ့ နောက်ဆုတ်သွားမှာ မဟုတ်ဘဲ တော်လှန်ရေးဟာ အောင်မြင်မယ်လို့ သူက ယုံကြည်ပါတယ်။

ရိုးမတောမှာ ကြွေခဲ့ရတဲ့သူနာပြုဆရာမလေး

“ကျနော်တို့က ဆရာမလေးအလောင်းကို သေပြီးတပတ်လောက်ကြာမှတွေ့တာဆိုတော့ အတော်ကိုအခြေအနေဆိုးနေ ပြီ။ နံရိုးတွေဆိုလည်း ခွေးတွေဆွဲထားတယ်။ လက်တွေပေါင်တွေဆို ဟိုတပိုင်းဒီတစနဲ့ဗျာ”

စစ်ကြောရေးမှာ ပျောက်ဆုံးနေတဲ့ အမျိုးသမီးလေးတွေ

“ သူတို့(စစ်တပ်)လက်ထဲရောက်လို့ကတော့ ပုဒ်မအမျိုးမျိုးတပ်ပြီး စိတ်ကြိုက်နှိပ်စက်ခွင့်ပေးထားသလိုရက်စက်တာ။ မိန်း ကလေးတွေဆို စစ်ကြောရေးတွေမှာ မိန်းမကိုယ်ကိုမီးနဲ့ရှို့၊ အောက်ပိုင်းအဝတ်မပါဘဲ ကြိုးကိုခွထိုင်ခိုင်းပြီး ဆွဲချတာမျိုး တွေအထိလုပ်တာ။”

ငရဲခန်းကို ဖြတ်သန်းခဲ့ရတဲ့ ကလောင်ကိုင်သူတွေ

“ထောင်ထဲမှာ လေဖြတ်သူဆိုရင် ဆေးရုံပြခွင့် မရှိသလို စစ်ကြောရေးမှာ ရိုက်လို့ အရိုးကျိုးတဲ့သူ တယောက်ဆိုရင် ဓာတ်မှန်ရိုက်ခွင့် ဆေးခန်းပြခွင့်လည်း မရဘူး။ သွေးအန်လည်း မရဘူး။ ဘာမှ မဖြစ်ဘူးဆိုတဲ့ စကားတခွန်းနဲ့ အမြဲတမ်း ပြီးသွားတယ်”