တောင်သူအမျိုးသမီးများရဲ့ ပန်းထိမ်ငိုပန်းစိုက်ပျိုးမှု ဓာတ်ပုံရသ

“ ပန်းဖိုးက ဈေးကောင်းရပေမယ့် ခါတိုင်းလေးသောင်းခွဲပေးရတဲ့ ဆန်တစ်အိတ်က အခုတစ်သိန်းကျော်တယ်လေ ဘာမှ မထူးဘူး” လို့ အဒေါ်က ညီးတွားပြောပါတယ်။

တောင်ပေါ်အမျိုးသမီးဈေးသည်များ၏ ဓာတ်ပုံရသ

သျှန်ကီခမ်း ။ ။ တောင်ကြီးမြို့ဟာ…

ပင်လောင်းက လက်ဖက်စိုက်တောင်သူတွေဘ၀ ဓါတ်ပုံရသ

လက်ဖက်လုပ်ငန်းကို အဓိကလုပ်ကိုင်ကြသူအများစုဟာ အမျိုးသမီးတွေသာ ဖြစ်တယ်လို့ဆိုပါတယ်။ လက်ဖက်ခူးတာ၊ လက်ဖက်လှော်တာ၊ နေလှန်းတာတွေဟာ အလေးမ ရတာတွေ မရှိတာကြောင့် အမျိုးသမီးတွေက ပိုလုပ်ဖြစ်တယ်လို့ ဆိုပါ တယ်။ ငယ်ငယ်ကတည်းက လက်ဖက်လုပ်ငန်းလုပ်ကိုင် အသက်မွေးဝမ်းကျောင်းပြုနေတဲ့ မွိုးအိန်းကလည်း လက်ဖက်လုပ်ငန်းကို လုပ်ကိုင်တာဟာ အများကြီး စုဆောင်းရတာမျိုးမရှိပေမယ့် မိသားစုစားဝတ်နေရေးမှာ လိုအပ်တဲ့ ဆား၊ ဆီ၊ ဝယ်တဲ့ နေရာမှာ အသုံးပြုဖြစ်တယ်လို့ ဆိုပါတယ်။

ဆီဆိုင်က ဘုရားဖြူစစ်ရှောင်စခန်းမြင်ကွင်းများ

ဆီဆိုင်မြို့နယ်၊ ဘုရားဖြူရှိ စစ်ရှောင်စခန်းဆိုလျှင် ဇန်နဝါရီလအစောပိုင်းမှာ စစ်ရှောင်ဦးရေ နှစ်သောင်းကျော်တဲ့ အထိ ရှိခဲ့ပါတယ်။ စစ်ရှောင်တချို့တွေဟာ နေအိမ်ကို ပြန်သွားကြတာလည်း ရှိတာကြောင့် လက်ရှိမှာ ထိုစစ်ရှောင်စခန်းမှာ လူဦး ရေ လေးရာအထိ ကျန်ရှိနေပါသေးတယ်။ ထိုစစ်ရှောင်စခန်းကို HI က ရောက်ရှိခဲ့ပြီး စစ်ရှောင်တွေရဲ့ အခက်အခဲကြားက နေထိုင်မှုတွေကို လေ့လာမိခဲ့သလောက် ဖော်ပြပေးလိုက်ရပါတယ်။

ရှမ်းတောင်တန်းကဟိုပုံးကော်ဖီ

ဟိုပုံးမြို့နယ်ထဲက ဒေသခံအများစုဟာ အရင်အချိန်တွေတုန်းကတော့ ဘိန်းစိုက်ပျိုးတဲ့ လုပ်ငန်းကို လုပ်ကိုင်ကြပါတယ်။ ဘိန်းခင်းတွေကို အစိုးရအဆက်ဆက် မကြာခဏလာဖျက်စီးတာနဲ့ ဥပဒေကြောင်းအရ ပြဿနာတွေရင်ဆိုင်ရတာကြောင့် စားဝတ်နေ‌ရေး အပါအဝင် အခက်အခဲမျိုးစုံ ရင်ဆိုင်ခဲ့ကြရပါတယ်။ ဒါ့ကြောင့်နောက်ပိုင်းမှာ ဘိန်းအစားထိုးသီးနှံအဖြစ် ကော်ဖီကို ရွေးချယ်စိုက်ပျိုးခဲ့ကြပါတယ်။ ဓာတုဆေးဝါးတွေမသုံးဘဲ သဘာဝနည်းအတိုင်း ရှမ်းတောင်တန်းတွေပေါ်မှာစိုက်တဲ့ ဟိုပုံးကော်ဖီဟာ စျေးကွက်မှာ တဖြည်းဖြည်း နေရာရလာ ပါတယ်။ အခုဆိုရင် ဟိုပုံးဒေသခံ အမျိုးသမီးတွေ စိုက်ပျိုးထုတ်လုပ်တဲ့ ဟိုပုံးကော်ဖီဟာ ပြည်တွင်းစျေးကွက်မှာလည်း စျေးကွက် ဝင်လာပြီး ပြည်ပပို့ကုန်အဖြစ် နယ်သာလန်အထိ ခြေဆန့်လာနိုင်ပါပြီ။

ဆန်ရရှိနိုင်ဖို့ စပါးကို ကိုယ်တိုင်ထောင်းပြီး လုပ်ကိုင်စားသောက်ကြသော ပအိုဝ်းအမျိုးသမီးများ ဓာတ်ပုံရသ

ဓလေ့ထုံးတမ်းတွေကြားထဲက ကြီးပြင်းလာတဲ့ အမျိုးသမီးအများစုကလည်း ဒီလို မီးဖိုချောင်ကိစ္စတွေဟာ အမျိုးသမီး တွေရဲ့ အလုပ်သာဖြစ်ကြောင်း လက်သင့်ခံထားကြပါတယ်။ ဒါကြောင့် ဆန်စပါး စစိုက်တဲ့အချိန်ကစပြီး စပါး ၊ဆန်ကြမ်း ၊ ဆန်ချော ရသည်အထိ အမျိုးသမီးတွေပဲ လုပ်ကိုင်ကြပါတယ်။

ပအိုဝ်းရိုးရာ ပဲပုတ်လုပ်ငန်း လှုပ်ရှားမှု ဓာတ်ပုံရသ

ပဲပုတ်လုပ်တာက ချက်ရပြုတ်ရတာဖြစ်တာကြောင့် အမျိုးသမီးအလုပ် တစ်ခုလိုပင် သတ်မှတ်ကြပါတယ်။ အမျိုးသားတွေက အထူးတလည် လုပ်တာမျိုး မရှိပါဘူး။ တစ်ချို့တွေဆို ပဲပုတ်ချက်ပြီး ‌‌ရောင်းရတဲ့ဝင်ငွေကို တစ်ချို့အိမ်ထောင်ဦးစီးတွေက အသိအမှတ်မပြုကြပါဘူး။ ဘာကြောင့် လဲဆိုတော့ များပြားတဲ့ ဝင်ငွေမဟုတ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

မုန့်ကြွပ်လုပ်ငန်းလုပ်ကိုင်နေသော ပအိုဝ်းတောင်သူတွေရဲ့ လှုပ်ရှားမှုဓာတ်ပုံရသ

ကျောက်တလုံးကြီးမှာ ပအိုဝ်းတိုင်းရင်းသား အများစုနေထိုင်ကြပြီး သနပ်ဖက်၊ပြောင်း၊ စပါး၊ ကြက်သွန်၊လုပ်ငန်းတွေကို လုပ်ကိုင်ကြပါတယ်။ တဖက်မှာလည်း တနိုင်တပိုင် ကိုယ်ပိုင်လုပ်ငန်းဖြစ်တဲ့ ပအိုဝ်းရိုးရာ လွယ်အိတ်၊ ပလိုင်း၊ မုန့်ကျွတ်၊ မုန့်လက်ကောက် စတဲ့ ဒေသထွက်အစားအသောက်တွေကိုလည်း လုပ်ကြပြီး အသက်မွေးဝမ်းကျောင်း ပြုကြပါတယ်။ မိနစ် ၂၀ လောက် မောင်းလာလိုက်မယ်ဆိုရင် နောင်ဟဲင်းကျေးရွာကို ရောက်ရှိ လာမှာ ဖြစ်ပါတယ်။ ရွာအဝင်မှာ ပထမဆုံးတွေ့ရမှာက မိသားစုသုံးယောက် တနိုင်တပိုင်မုန့်ကြွပ်လုပ်ငန်း လုပ်ကိုင်နေ တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ပအိုဝ်းတိုင်းရင်းသားတွေရဲ့ ရိုးရာခမောက်ရက်တဲ့ လုပ်ငန်းခွင် ဓာတ်ပုံရသ

ခမောက်တွေကို အော်ဒါမှာသူမရှိလဲ တောင်ယာထဲ ဆင်းလို့ မရတဲ့ အချိန်တွေဆို သူငယ်ချင်း အချင်းချင်းဖွဲ့ပြီး ပြုလုပ်ကြ လေ့ရှိပါတယ်။ ခမောက်တွေကို ရက်လုပ်လာတာဟာ နှစ်ပေါင်း ၂၀ ကျော်လာခဲ့ပါပြီ။ တစ်ဆင့်ပြီး တစ်ဆင့် လက်ဆင့် ကမ်းပြီး လက်ရှိအချိန်ထိ တည်ရှိနေဆဲပါ။