
စိုက်ပျိုးလိုက် ပြေးလွှားလိုက်နဲ့ သောကပွေနေရတဲ့ တောင်သူတွေ
"နိုင်ငံရေးအခြေအနေ ပြန်ကောင်းစေချင်ပါတယ်။ ဒါမှသာ ဆုံးရှုံးခဲ့သမျှကို ပြန်လည်ကြိုးစားနိုင်မှာဖြစ်တယ်။ အခုကတော့ ဆုံးရှုံးသွားတဲ့ ကျန်ဧကတစ်ဝက်ကို ပြန်ပြုပြင်နိုင်ဖို့ရယ်၊ ဒီနှစ်ကုန် ပေးဆပ်ရမယ့်ငွေကြေးတွေကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ဆပ်နိုင်ဖို့သာ ကြိုးစားရုန်းကန်ဦးမယ်"

“သုံးနှစ်သုံးမိုးဒုက္ခဆိုး”
“အခြေအနေက ဘာမှ ရစရာကိုမရှိတဲ့ဘဝပဲ။ အမျိုးသမီးတွေရဲ့ဘဝတွေ တော်တော်ကို ခက်တယ်။ ငွေမရှိတာ မီးဖိုချောင် ကိစ္စတွေ၊ ကျမတို့ဆိုင်က ရောင်းမရ၊ ဝင်ငွေမရှိပေမယ့် လက်နက်ကိုင်တွေက အခွန်တိုးကောက်တယ်လေ။”

“တိမ်းရင်းရှောင်ရင်း အခက်အခဲကြားက သတင်းတင်ဆက်နေတဲ့အမျိုးသမီးများ”
“တိမ်းရှောင်ရင်းသတင်းလုပ်ရတာ အရမ်းခက်ခဲပါတယ်။ ဖုန်းလိုင်း အင်တာနက်လိုင်းမရတဲ့နေရာရောက်သွားရင် ဘာမှ လုပ်လို့မရဘူး။ ညကြီးမိုးချုပ် တောင်တွေပေါ်တက်ပြီး လုပ်ရတာလည်းရှိတယ်။ တက်ရတဲ့တောင်ဆိုတာ ဘယ်နှစ်လုံး မှန်းတောင် မသိတော့ဘူး။ တော်တော်လေးခက်ခဲပါတယ်။ ဒါပေမယ့် ရအောင်တော့လုပ်တယ်”

မီးလျှံကြားက ပြန်လည်ရုန်းထလာမယ့် ထန်တလန်ဇာမဏီတွေ
“ မီးလောင်ပြီး အကုန်ပါသွားတော့ ခဏလေးအတွင်းမှာ ကျမတို့မိသားစုတွေ ဒုက္ခတွင်းထဲထိုးကျသွားတယ်။ ကျမဆုံးရှုံး ရတာတွေမှတ်ထားတယ်။ ဘယ်တော့မှမကျေဘူး။ အခွင့်အရေးရရင် ပြန်ချေမှာ”

စက်ယန္တယားကြီးတွေအောက်မှာ နင်းခြေခံလိုက်ရတဲ့ကျောတစ်ခင်းစာပိုင်ရှင်များ
" ခွေးတစ်ကောင်လိုမောင်းထုတ်တာလားလို့ သူတို့ကိုပြောချင်ပေမယ့်ကြားအောင်မပြောရဲဘူး ကိုယ့်ကိုပစ်သတ်မှာစိုးလို့။"

“ပြည်သူ့ဘက်ကိုမျက်နှာမူခဲ့ကြတဲ့ ပြည်သူ့စစ်သားဇနီးများ “
“ဘဝဖြတ်သန်းပုံကတော့ အထဲနဲ့အပြင်အရမ်းကိုကွာဟပါတယ်။ လွတ်လပ်သွားသလိုခံစားရတယ်။ ဘယ်သူ့မျက်နှာမှ ကြည့်နေစရာမလိုဘဲ ကိုယ်ပြောချင်တာကို ပြောခွင့်ရှိတဲ့ လူတစ်ယောက်ဖြစ်လာတယ်လို့ခံစားရတယ်” လို့မသဇင်က ဖွင့်ဟပါတယ်။

အခက်အခဲကြားက လောကဓံကို ရင်ဆိုင်နေကြသူများ
"တနေကုန်ရှာပြီး ဒိုင်ဝင်စံချိန်မှီအကောင်ကြီးတွေရရင် တနေ့ကို ငွေသား ၄၀၀၀ လောက်ရတတ်ပါတယ်။ တစ်ခါတစ်လေကျတော့လည်း ၁၀၀၀ လောက်တည်းပဲ ရတတ်ပါတယ်။ ရွှံ့ထဲနွံထဲမှာ သဘာဝအတိုင်းနေနေတဲ့ ဂုံးတွေကိုရှာရတာဆိုတော့ ပုံမှန်ဝင်ငွေရယ်လို့တော့ မရှိဘူးပေါ့”

“သူများတွေက သတ်တယ် စစ်စတာက ပြန်မွေးပေးတယ် “
“ဆရာဝန်မဟုတ်ဘဲ ဒီလိုမျိုးတွေ လုပ်နေတယ်ဆိုပြီး ဝေဖန် အပြောခံရတာတွေတော့ရှိတာပေါ့ ။ ဒါပေမယ့် စစ်စတာရဲ့ စိတ်ထဲမှာ စီးပွားရေးလုပ်တာမဟုတ်ဘူး။ တကယ့်လူနာရဲ့ လိုအပ်ချက်ကို ကိုယ်တတ်တဲ့ပညာ၊ ဘုရားပေးတဲ့ အရည် အချင်းနဲ့ ကူညီလိုက်တာပဲ”

“ပုခက်လွဲသောလက်ဖြင့်အာဏာရှင်ကို တိုက်ထုတ်မည့် စစ်သည်တော်များ”
"မြောင်အမျိုးသမီးပြောက်ကျားစစ်သည်တော်အဖွဲ့အနေနဲ့ အမျိုးသားတွေနဲ့တန်းတူ၊ အာဏာရှင်ကို တော်လှန်တဲ့ နေရာ တွေမှာ အားအင်အပြည့်ပါဝင်သွားမှာဖြစ်ပြီး စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်တစ်ရပ် ပေါ်ပေါက်လာရေး အတွက် စွမ်းစွမ်းတမံပါဝင်မယ့်အပြင် အနာဂတ်မှာ ကျား-မတန်းတူညီမျှမှုနဲ့ ခွဲခြားဆက်ဆံခြင်းကင်းပြီး အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကိုမြှင့်တင်သွားမယ်လို့ ဆုံးဖြတ်ထားကြပါတယ်"

“ပြေးစရာမြေမရှိ၊ ပေးစရာငွေမရှိသော မိသားစုများ”
“ဒုက္ခသည်စခန်းမှာ အာဆာရဲ့ရန်ကို ကြောက်လန့်နေရသလို မြန်မာနိုင်ငံကိုဝင်လာရင်လည်း အာဏာသိမ်းထားတဲ့ စစ်တပ်ရဲ့ ရန်ကိုလည်း စိုးရိမ်နေတယ်လို့ ပြောကြပါတယ်”


