သတင်းဆောင်းပါး

နွေဦးမှာပွင့်တဲ့ပန်း

“ပုံမှန်လိုဖြစ်နေတဲ့ ဓာတ်ပုံတွေရိုက် တိုင်းပြည်ကြီးက အဆင်ပြေသလိုနေရင် ကျွန်တော့ဘဝကျွန်တော် သတ်ထားသလိုဖြစ်တဲ့အတွက် လက်ရှိလျှောက်လှမ်းနေတဲ့ လမ်းအောင်မြင်မှပဲ ဝါသနာပါတဲ့ ပျော်တဲ့အလုပ်တွေကို ပြန်လုပ်မယ်လို့ စဉ်းစားထားပါတယ်။ ဒါတွေမပြီးမချင်းကတော့ ဘာမှဆက်လုပ်ဖို့တော့ စိတ်ကူးမရှိပါဘူး”

ရေခဲတောင်ပေါ်က အာဂအမျိုးသမီးများ

"အစကတည်းက လူကကြောက်ပြီး တုန်နေတာ အဒေါ်ကျသွားတော့ ပိုပြီးကြောက်သွားတော့ ခြေမလှမ်းနိုင် တော့ဘူး၊ ရေခဲပျော်တဲ့အချိန်ဆို အန္တရာယ်အများဆုံးထဲပါတယ်။ လမ်း မကြည့် တတ် ရင် ကျွံကျ တတ် တယ်"

အိမ်ပြန်ချင်နေတဲ့ ကချင်ပြည်ရောက် စစ်ရှောင် အညာသူအမယ်အို

“ အိမ်ကဘုရားလေးကိုလည်း လွမ်းတယ်... အိမ်ကလေးက ခုမှ ဆောက်ထားတာ အသစ်ရှိသေးတာ။ အသက်ကြီးမှ အဘွားအခုလို စစ်ပြေးနေရတယ်။ နိုင်ငံရေးကိုလည်း ဒီလောက်ထိဆိုးရွားသွား လိမ့်မယ်လို့ထင်မထားဘူး”

အဝေးကနေ ကျရတဲ့ရင်ကွဲနာ

“ ရွာလုံးကျွတ်နီးပါး မီးထဲပါကုန်တာ ကိုယ့်လိုပဲအလားတူသူများနိုင်ငံမှာ ခက်ခက်ခဲခဲစုဆောင်းပြီးဆောက်ထားတဲ့ အိမ်တွေ လည်းအကုန်ပါကုန်တယ်”

နေအိမ်ထဲက စစ်ဘေးဒုက္ခသည်တွေ

“ဆန်နှစ်ဗူးက သားမိနှစ်ယောက်တစ်နေကုန်စာပဲ။ ဖျားရင် ကွမ်းရွက်ကိုခွက်ထဲထည့်၊ ရေနွေးလောင်းထည့် တစ်မိနစ်လောက်နှပ်ထား ပြီးရင်သောက်လိုက်ရင် သက်သာ တယ်”

ရှေးအစဉ်အလာအောက်က ရုန်းထွက်ခဲ့တဲ့ ဟိန္ဒူအမျိုးသမီး

“သည်းခံလို့ရသလောက် သည်းခံခဲ့တယ်။ သည်းမခံနိုင်တဲ့အဆုံး ရုန်းထွက်ခဲ့တယ်။ ဘဝကို အသစ်ကပြန်စတဲ့ အခါ သုညကနေစရတော့ ပင်ပန်းတာပေါ့။ ဒါပေမယ့် စိတ်လွတ်လပ်တယ်။ ”

ရှေးဟောင်းအမွေအနှစ်ကြားက သဟဇာတ ပြယုဂ်

"ရခိုင်မှာရရှိထားတဲ့ ရခိုင်နဲ့ မွတ်ဆလင်တွေအကြား ချစ်ကြည်ရင်းနှီးမှုတွေကို ဆက်လက် ထိန်းသိမ်းထားဖို့ အတွက် လူမျိုးပေါင်းစုံဟာ စည်းစည်းလုံးလုံးနဲ့ နေထိုင်ကြဖို့လိုပြီး အယူသည်း၊ အစွဲအလန်းကြီးတာတွေကို လျှော့ချ ဖို့လိုတယ်။"

စစ်အာဏာရှင်ကိုတွန်းလှန်ဖို့ လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ အစ္စလာမ်ဘာသာဝင်အမျိုးသမီးရဲဘော်

“အုတ်နံရံမှန်းတော့သိတယ်။ ခေါင်းမာလို့တိုက်နေတာမဟုတ်ဘူး။ အသည်းမာလို့တိုက်နေတာ။ ဒီစနစ်ကို အပြီး တိုင်တိုက်မှဖြစ်မှာမို့ နှမ်းတစ်စေ့နဲ့ဆီမဖြစ်ပေမယ့် ဆီဖြစ်မယ့်အထဲမှာ၊ နှမ်းစေ့မြောက်များစွာထဲမှာ ကိုယ်ပါဝင် ခွင့်လေးတော့ ရချင်မိတယ်”

ပွဲကိုမျှော်လင့်နေကြတဲ့ ဆယ့်နှစ်ပွဲဈေးသည်တွေ

" ပွဲဈေးရှိတဲ့ကာလတွေကတော့ ဈေးသည်တိုင်း ငွေရွှင်တာပေါ့။ ဘာရောင်းရောင်း စားကြဝယ်ချမ်းကြတာပါပဲ။ ပွဲမရှိတဲ့ကာလကတော့ တော်တော်ခက်ခဲတာပေါ့။ ဈေးတွေမှာ သွား‌ရောင်းလည်း ရောင်းရတဲ့ပိုက်ဆံက စားလို့မလောက် ဘူး။ လမ်းစရိတ်တောင် ရှုံးတယ်"

ဒလန်ရှင်းလင်းရေးခေါင်းစဥ်အောက် အသက်ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီးတစ်စု

"စိတ်မကောင်းစရာ အဖြစ်အပျက်ဖြစ်သလို ကျနော်တို့ သင်ခန်းစာယူစရာ အဖြစ်အပျက်လည်း ဖြစ်ပါလိမ့် မယ်။ ဘာကြောင့်လည်းဆိုတော့ အရပ်သားတွေ ပါဝင်မှုလည်း ရှိတယ်။ နောက်တစ်ခါ မိသားစုတစ်စုထဲ ကလေး သူငယ်ပါ ပါဝင်နေတဲ့ကိစ္စလည်း ဖြစ်တယ်။ ဒါက ကျနော်တို့ ဘယ်လိုမှ မလုပ်သင့် မလုပ်ထိုက်သော လုပ်ရပ်မျိုး ဖြစ်ပါတယ်"