Entries by Yu Nge

ငလျင်ကယ်ဆယ်ရေးမှာ တစ်တပ်တစ်အားပါဝင်ခဲ့တဲ့ အသက် ၁၂ နှစ်အရွယ် နန်းဒေဝီ

“ကပ်ဘေးကြီး ကြုံတွေရတဲ့သူတွေအတွက် တကယ့်ကို စိတ်မကောင်းပါဘူး။ ဖြစ်သွားတာက ချက် ချင်းကြီးဆိုတော့ ဘယ်သူမှပြင်ဆင်ချိန်မရသလိုပြင်ဆင်ဖို့လည်း ဘယ်သူမှမတွေးထားဘူး။ အဲဒီအတွက်လည်းဝမ်းနည်းတယ်” လို့သူကဆက်ပြော ပါတယ်။

မန္တလေးက “မီနီအိုးဝေ” သုံးဘီးမောင်းတဲ့ ခွန်အားရှိသူ မရွှေစင်သူ….

“ကိုယ့်အမျိုးသမီးအချင်းချင်းကူညီပေးတာမျိုးဆိုတော့ ကျွန်တော်တို့အတွက် စည်းစည်း လုံးလုံးရှိမယ်။ တစ်ယောက်နဲ့တစ်ယောက် အခက်အခဲတွေ ကူညီဖြေရှင်းပေးနိုင်မယ်လေ၊ အဖွဲ့ကို သေချာလေးလုပ် ချင်တယ်၊ ခုလောလောဆယ်တော့ စည်းရုံးရေးဘဲ လုပ်နိုင်သေးတယ်။ အဖွဲ့ကို အကောင်အထည် မဖော်နိုင်သေးဘူး၊ အမျိုးသမီးသုံးဘီးမောင်းသမားစစ်စစ်တွေရှာနေသေးတယ်”

အမျိုးသမီးအဖွဲ့များကို ပြည်နယ်အစိုးရက ပိုထိန်းချုပ်နေသလား..

“ကယားပြည်နယ်မှာတော့ မြို့ပေါ်မှာဘဲလုပ်လုပ် ကျေးရွာမှာဘဲလုပ်လုပ် အစိုးရက ပိတ်ပင် တာမျိုး ခဏခဏကြုံရတယ်။ အစိုးရစာထုတ်တာမျိုး၊ ကျေးရွာအုပ်ချုပ်ရေးမှုးကိုယ်တိုင်က ခွင့် မပြုဘူး။ ဘာလို့လဲဆိုရင် ဘယ်အဖွဲ့ဘဲလာလာ လက်မခံဖို့ ထွေအုပ်က ထုတ်ပြန်ထားတယ်လို့ ပြောတယ်။ ကယားပြည်နယ်မှာ အဓိက ပိုပြီးကြုံတွေ့နေရတယ်”

ပြတ်သွားတာကခြေတစ်ဖက်၊ ပျက်သွားတာက အနာဂတ်မျှော်လင့်ချက်..

ယုငယ်။ ။ ညှို့မှိုင်းသော တောင်တန်းကြီးများက ကျောက်မဲမြို့၏ အရပ်ရှစ်မျက်နှာကို စက်ဝိုင်းပုံစံ ကာရံထားကြပြီး နေကြာပန်းရိုင်းများကလည်း ထိုတောင်တန်းတွေနှင့်အတူ ကျောက်မဲမြို့ကို လှသည်ထက်လှအောင် သူ့ထက်ငါအပြိုင် အလှဆင်နေကြသည်။ မြန်မာနိုင်ငံ၏ ကုန်သွယ်ခွန်အများဆုံးရရှိရာ ရှမ်းပြည်နယ် မြောက်ပိုင်း ပြည်ထောင်စုလမ်းမကြီးဘေးတွင် တည်ရှိနေသော ကျောက်မဲမြို့သည် ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်တွင် တည်ရှိသည်။ နေကြာပန်းရိုင်းများအကြား ကုန်သွယ်ရေးလမ်းမတလျှောက် ကုန်ကားများနှင့် ရောင်စုံကားကြီး၊ ကား လေးတို့ဖြင့် နေ့ညမပြတ် စည်ကားလျက်ရှိသည့် ကွေ့ကောက်သော ထိုလမ်းမကြီးနှင့် တောင်တန်းများ၊ အဝါရောင်တောပန်းများကို တွေ့ရသည်မှာ သဘာဝလွန်ပန်းချီကားတစ်ချပ်ကို မြင်တွေ့ရသကဲ့သို့ ခရီးသည်များ၏စိတ်ကို ကြည်နူးအေးချမ်းစေသော်လည်း အချို့နေရာများတွင် စိုးရွံ့ဖွယ်ရာ စစ် အရိပ်အငွေ့များကိုတော့ သေချာပေါက်ခံစားရမည်ဖြစ်သည်။ မကြာခဏဆိုသလို ဆက်ကြေးကောက်ခြင်း၊ တံတားများကို မိုင်းခွဲဖျက်ဆီးခြင်း၊ လမ်းမကြီးပေါ်တွင် ကားများဖြင့် လမ်းပိတ်ထားခြင်း၊ ကုန်ကားများနှင့် ခရီးသွားကားလေးများကို […]