Entries by webmaster

တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) တည်ထောင်ခြင်း ၂၅နှစ်ပြည့် အခမ်းအနား ကျင်းပ

HI – Honest Information မြန်မာနိုင်ငံ ရှမ်းမြောက်ဒေသတွင် အခြေချကာ အမျိုးသမီးအရေး ဆောင်ရွက်လျှက်ရှိသည့် တအာင်းအမျိုးသမီး အဖွဲ့အစည်း (TWO)၏ ငွေရတုအခမ်းအနားကို အောက်တိုဘာ ၁၄ ရက်တွင် အွန်လိုင်းမှတဆင့် ကျင်းပပြုလုပ်ခဲ့ပြီး လက်ရှိနိုင်ငံရေး အခင်းအကျင်းနှင့် ပတ်သက်၍ သဘောထား ထုတ်ပြန်ချက် တစောင် ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ချက်တွင် စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ်အားလုံးကို အမြစ်ဖြတ်ရေးအတွက် တော်လှန် တိုက်ပွဲဝင်မည်ဖြစ် ပြီး ဖိုဝါဒကြီးစိုးရေးကို ဦးတည်သည့် မည်သည့်အဖွဲ့အစည်း လှုပ်ရှားမှုမျိုးကိုမဆို တော်လှန် သွားမည်ဟု ဖော်ပြထားသည်။ အလားတူ နိုင်ငံရေးနှင့် ဆုံးဖြတ်ချက်ချမှတ်သည့် အဆင့်တိုင်းတွင် အမျိုးသမီးများ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်ရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး၊ အမျိုးသမီးစွမ်းရည်မြှင့်တင် ရေးနှင့် […]

စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာလထဲ အနည်းဆုံး အမျိုးသမီး ၄၇ ဦး သေဆုံးခဲ့

အာဏာသိမ်းစစ်အုပ်စုရဲ့ လက်ချက်ကြောင့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလမှာ အမျိုးသမီး ၄၇ ဦး သေဆုံးခဲ့ပြီး အဲဒီမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးနဲ့ အသက် ၁၈ နှစ်အောက် ကလေး ၃ ဦးလည်း ပါဝင် တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရခိုင်အမျိုးသမီး ၃၂ ရာခိုင်နှုန်းမှာ အလုပ်အကိုင်၊ ပညာရေး၊ သင်တန်းတွေက ဖယ်ကျဉ်ခံထားရတယ်လို့ UNDP စစ်တမ်းမှာဖော်ြပ

“တိုက်ပွဲတွေဖြစ်တော့ လခစားတွေအကုန် အလုပ်လက်မဲ့ဖြစ်ခဲ့တယ်၊ ကြုံရာကျပန်း အလုပ်လုပ်ရင်း စားဝတ်နေရေးကို အဓိကဖြေရှင်းနေရတယ်၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းဆိုတာ ဘာမှမရှိဘူး၊ မျှော်လင့်ချက်မဲ့နေတယ်”

အာရက္ခပြည်က အမျိုးသမီးဦးဆောင်မှုကဏ္ဍအပေါ် အမြင်နဲ့ အကြံပြုချက်တွေ

ခေတ်အဆက်ဆက်မှာ အမျိုးသမီးခေါင်းဆောင်တွေကို မြင်ရခဲပါတယ်၊ ဒီမိုကရေစီခေတ် ဖြစ်ခဲ့တဲ့ ၂၀၁၀ ကနေ ၂၀၂၀ ထိ ရခိုင်ပြည်နယ် အစိုးရအဖွဲ့အကြီးကဲထဲမှာ အမျိုးသမီးတွေ မတွေ့ခဲ့ရဘူး၊ အခု ခေတ်သစ်စနစ်သစ်တခုမှာ အမျိုးသမီးအကြီးအကဲတွေ မြင်ချင်ပါတယ်။

တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

စက်တင်ဘာ ၂၇ရက်ကနေ အောက်တိုဘာ ၃ ရက်နေ့အထိ တပတ်တာအတွင်း အမျိုးသမီး ဖြစ်ရပ်များထဲမှ ထူးခြားတဲ့ အကြောင်းအရာတွေကို HI – Honest Information က စုစည်းဖော်ပြလိုက်ပါတယ်။

စစ်အုပ်စုလက်ထက် တရားမဝင်ကုန်ပစ္စည်းဖြစ်နေတဲ့ အမျိုးသမီးလစဉ်သုံးဂွမ်းထုတ်တွေ

ဒေဝီ မြန်မာစစ်တပ်ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာကတည်းကစတင်ခဲ့တဲ့ ပြည်တွင်းစစ်ကာတလျှောက်လုံး ပဋိပက္ခဒေသတွေ၊ တိုင်းရင်းသားနယ်မြေတွေမှာ စစ်ကြောင်းထိုးတဲ့အခါတိုင်း “ဖြတ်လေးဖြတ်” ဆိုတဲ့ နည်းဗျူဟာတခုကို ကျင့်သုံးခဲ့ပါတယ်။ ဒီ “ဖြတ်လေးဖြတ်” မူဝါဒကြောင့် အရပ်သားပြည်သူတွေရဲ့ နေ့စဉ်ဘဝတွေအပေါ် ဆိုးရွားစွာတိုက်ရိုက် ထိခိုက်နေပြီး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေလည်း ဖြစ်ပေါ်စေခဲ့ပါတယ်။ ဖြတ်လေးဖြတ်နည်းဗျူဟာဆိုတာ လမ်းပန်းဆက်သွယ်ရေး၊ စားနပ်ရိက္ခာ၊ ငွေကြေး၊ သတင်းအချက်အလက်၊ လူသားအရင်းအမြစ်အပါအဝင် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ အရပ်သားပြည်သူလူထုကြားက ဆက်သွယ်မှုတွေကို ဖြတ်တောက်ပြီး တော်လှန်ရေးကို အားလျော့သွားစေဖို့ရည်ရွယ်တဲ့ စနစ်တခု ဖြစ်ပါတယ်။ ဒီအတွက်ကြောင့်လည်း တော်လှန်ရေးအင်အားစုတွေ စိုးမိုးထားတဲ့ဒေသကပြည်သူတွေမှာ ဝင်ငွေရ အလုပ်အကိုင် မရှိကြတဲ့ကြား၊ ဆေးဝါးနဲ့ စားနပ်ရိက္ခာ၊ လူသုံးကုန်ပစ္စည်းအချို့ပြတ်လပ်မှုနဲ့ ကုန်စျေးနှုန်း အဆမတန် ကြီးမြင့်မှုတွေကို ဆိုးဆိုးရွာရွား ကြုံတွေ့ နေကြရပါတယ်။ စစ်ဇုန်ဧရိယာတွေထဲကတခုဖြစ်တဲ့ စစ်ကိုင်းတိုင်းကို ပြီးခဲ့တဲ့ သြဂုတ်လကစလို့ […]

စားဖိုဆောင်ဆိုတာ မေတ္တာနဲ့ ဖွဲ့နွဲ့ထားတဲ့နေရာ

“မနက်လင်း အိပ်ရာနိုးတာနဲ့ ကလေးတွေစားဖို့၊ အမျိုးသား ထမင်းချိုင့်ဖို့ အပြေးအလွှားချက်ပြုတ် ပြင် ဆင်ရတယ်၊ မနက်တကြိမ်၊ ညနေတကြိမ် မီးဖိုချောင်ဆိုတာ ကိုယ့်အတွက်သီးသန့်နေရာပါပဲ၊ ချက်ပြုတ်ပြီး လည်း တနေကုန်အနားမရပါဘူး၊ အိမ်ရှင်း၊ ကလေးထိန်း၊ အဝတ်လျှော်နဲ့ တနေ့ ဘယ်လိုကုန်သွားမှန်းမသိဘူး၊ ဒါတွေလုပ်နေရပေမဲ့ ကိုယ်က အိမ်ထောင်စုဇယားမှာ အလုပ်အကိုင်က မှီခို”