“စစ်အာဏာသိမ်းမှုက လူ့အခွင့်အရေး၊ တရားမျှတမှုနဲ့ လွတ်လပ်မှု ရိုက်ချိုးလိုက်သလိုပါပဲ”
အင်တာဗျူး ရှင်ငြိမ်း “ကျမတို့ မြန်မာပြည်သူပြည်သားတွေအားလုံးကို Australia နိုင်ငံမှာလို လူ့အခွင့်အရေး၊ တရားမျှတမှုနဲ့ လွတ်လပ်မှု အပြည့်အဝရစေချင်တာ၊ ဒီစစ်အာဏာသိမ်းမှုဟာ ဒါတွေအားလုံးကို ရိုက်ချိုးလိုက်သလိုပါပဲ” ဒီစကားကတော့ နာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဋ္ဌ ဦးကျော်သူနဲ့ ဒေါ်ရွှေဇီးကွက်တို့ရဲ့သမီးဖြစ်သူ ဒေါက်တာမြင့်မိုရ်ဦးက မြန်မာ့သမိုင်းရဲ့အလှည့်အပြောင်းကာလတွေကြားကနေ ဖြတ်သန်းခဲ့ရတဲ့ ရဲ့ခံစားချက်ကို ထုတ်ဖော်ပြောပြတာဖြစ်ပါတယ်။ သူရဲ့မိဘနှစ်ပါးကလည်း ရွှေဝါရောင်သံဃာအရေးအခင်းမှာ သံဃာတော်တွေကို ဆွမ်းကပ်၊ ရေကပ်ခဲ့တာကြောင့် ၇ ရက်ကြာ စစ်ဆေးမေးမြန်းခံခဲ့ရသလို အသက် ၁၉ နှစ်အရွယ် မမြင့်မိုရ်ဦးလည်း ဆေးကျောင်းစာမေးပွဲကြီးဖြေခါနီးမှာ လုံခြုံရေးအရ တိုင်းပြည်ကနေ ရုတ်တရက်ထွက်ခွာခဲ့ရပါတယ်။ အခုလည်း သူဟာ သြဂုတ်လ ၃၀ ရက် ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာပြုလုပ်တဲ့ (Sydney Marathon 2025) ပြိုင်ပွဲမှာ မြန်မာဝတ်စုံ ထမီနဲ့ ရင်ဖုံးအကျီဝတ်ကာ နိုင်ငံတကာက အပြေးသမား သုံးသောင်းခွဲကျော်နဲ့အတူ ပါဝင်ယှဉ်ပြိုင်ပြီး ဂင်းနစ် ကမ္ဘာ့စံချိန် မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့တဲ့အမျိုးသမီးတစ်ယောက်ပါ။ ဒါကလည်း စစ်တပ်က အပြစ်မဲ့ပြည်သူတွေအပေါ် […]


