Entries by webmaster

ရေလုပ်ငန်းအတွက် အရေးပါတဲ့ အမျိုးသမီးအခန်းကဏ္ဍ

ရိုက်ကူးတည်းဖြတ် – သန့်ရှင်းထွန်း စားနပ်ရိက္ခဖူလုံမှုကို ထောက်ပံ့ပေးရုံသာမက စီးပွါးရေးဖွံဖြိုးမှုနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေအတွက်လည်း အရေးပါတဲ့ ငါးဖမ်းလုပ်ငန်းမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ ထိရောက်မှုနှင့် ရေရှည်တည်တံ့မှုကို မြှင့်တင်ပေးရာမှာ အဓိကပါဝင်နေတယ်လို့ Citizen Action for Transparency အဖွဲ့က ပြီးခဲ့တဲ့ ဇွန်လက ထုတ်ပြန်ခဲ့တဲ့ စစ်တမ်းတခုမှာ ဖော်ပြထားပါတယ်။ ငါးဖမ်းလုပ်ငန်းမှာ အမျိုးသမီးတွေ ပါဝင်မှုဟာ လူမှုရေး၊ စီးပွါးရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဓလေ့ထုံးစဉ်စတဲ့ အကြောင်းအရာအသီးသီးပေါ်မှာ မူတည်နေတာလို့ ဆက်လက်ဖော်ပြထားပါတယ်။ ငါးဖမ်းလုပ်ငန်းမှာ အမျိုးသားတွေဟာ ပင်လယ်ထဲမှာ ငါဖမ်းတဲ့အလုပ်ကို လုပ်ကိုင်ကြသလို အမျိုးသမီးတွေဟာလည်း ဖမ်းဆီးရမိလာတဲ့ ငါးတွေကို ကုန်းပေါ်မှာ အမျိုးအစားခွဲခြားတာ၊ ပြုပြင်ထုတ်လုပ်တာ၊ ဖြန့်ဖြူးရောင်းချတာနဲ့ စီမံခန့်ခွဲတဲ့ အလုပ်တွေကို အဓိကတာဝန်ယူ လုပ်ကိုင်နေကြတာဖြစ်ပါတယ်။ ဒါ့အပြင် ရောင်းချတဲ့အခါမှာလည်း ကုန်သည်တွေနဲ့ […]

ကုန်ဈေးနှုန်းအဆမတန်မြင့်တက်မှုတွေကြောင့် အခက်ကြုံတွေ့နေတဲ့ အမျိုးသမီးတွေရဲ့ ရင်ဖွင့်စကားသံများ

“မဖြစ်မနေသုံးရမယ် အရာမျိုးကိုတောင် ပြန်ပြီးလျှော့ချရမယ်ဆိုလို့ရှိရင် အဲ့လိုအခြေအနေမျိုးက ဘယ်ဟာကိုလျှော့ရမလဲဆိုတဲ့ ဆုံးဖြတ်ရခက်ခဲတာမျိုးတွေရှိတယ်…”  ———– “စစ်အာဏာသိမ်းပြီးနောက်မှာ ငွေကြေားဖောင်းပွမှု၊ ကုန်ဈေးနှုန်းအဆမတန်မြင့်တက်မှုတွေကြောင့် အခက်အခဲတွေကြုံတွေ့နေရတဲ့ မြို့ကြီးတွေမှာနေထိုင်တဲ့ အမျိုးသမီးတွေရဲ့ ရင်ဖွင့်စကားသံများ”

လိင်အခြေပြုအကြမ်းဖက်မှုအားလုံးရပ်တန့်ရေး WLB၏ အမြင်သဘောထား – အပိုင်း ၅

အမျိုးသမီးများအပေါ် နှင့် ဂျဲန်ဒါအခြေပြု လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု၊ အမြတ်ထုတ်စော်ကားမှု၊ လိင်အကြမ်းဖက်မှုများအားလုံး ပပျောက်ရေးအမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)၊ အဖွဲ့ဝင်အဖွဲ့အစည်းများ၏ အမြင်နှင့်ရပ်တည်ချက်

ယဉ်တစ်ကိုယ်မယ် – ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ

“အမျိုးသမီးတွေအတွက် ကိုယ့် ကိုယ်ကိုယ်ယုံကြည်မှု၊ တန်ဖိုးတွေဆိုတာ ခန္ဓာကိုယ်လှမှဆိုတဲ့ မှားယွင်း တဲ့ အတွေးအခေါ်တွေကို လူ့အဖွဲ့အစည်း အတွင်းမှာ စိမ့်ဝင်သွားအောင်နဲ့ အသားကျသွားအောင် ထပ်ပြီး လက်ဆင့်ကမ်း ထည့်သွင်းပေးလိုက်သလို ဖြစ်စေပါတယ်။”  —- ဒီတစ်ပတ်ရဲ့ ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ အစီအစဉ်မှာတော့ မြို့မငြိမ်းရေးစပ်ထားပြီး ခင်မောင်တိုးသီဆိုထားတဲ့ ” ယဉ်တစ်ကိုယ်မယ် ” ဆိုတဲ့ သီချင်းကို ဂျဲန်ဒါရှုထောင့်ကနေ သုံးသပ်ဆွေးနွေးသွားမှာဖြစ်ပါတယ်။

တောတောင်အထပ်ထပ်ဆီက ထမင်းတနပ်

 —  ရိုက်ကူး၊တည်းဖြတ်- ညီထွေး ရခိုင်ပြည်အတွင်းက စစ်ဘေးရှောင်အမျိုးသမီးတွေဟာ ရိက္ခာအထောက်အပံ့မရတာတွေကြောင့်အသက်ရှင်ရပ်တည်ဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ ရုန်းကန်လှုပ်ရှားနေကြရတယ်။ အဲ့ရုန်းကန်မှုတွေထဲမှာ တောတောင်အထပ်ထပ်ကို ကျော်ဖြတ်ပြီး ဝမ်းရေးအတွက် တနေကုန်တောတက်မျှစ်ချိုးနေကြရတဲ့ စစ်ဘေးရှောင်မိခင်တွေလည်းရှိပါတယ်။  ” အလုပ် လုပ်လို့မရဘူး။ အဆင်မပြေဘူးဆိုရင်စိတ်ညစ်ရတယ်။ မခံစားနိုင် ဘဝတွေကို။ စစ်ဘေးရှောင်ဘဝတွေကိုလည်း ညစ်ညူးနေပြီးဒီပြသနာတွေကိုလည်း ပြီးဆုံးသွားစေချင်ပြီ” စစ်ဘေးရှောင်မိခင်တဦးပြောပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် WFP ကလည်းမြန်မာနိုင်ငံအတွင်း လူ ၃ ဦးမှာ ၁ဦးနှုန်းဝမ်းရေးမဖူလုံတာကို ရင်ဆိုင်နေရတယ်လို့ ထုတ်ပြန်ထားပါတယ်။

ညဖက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းသူ ၂ဦး သေဆုံး

ကျောက်တော်မြို့နယ်၊ သရက်တပင် ကျေးရွာရှိ ကိုယ်ပိုင်အထက်တန်းကျောင်း နှစ်ခုကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၉ဦးသေဆုံးရာ ကျောင်းသူ ၂ဦးပါဝင်ကြောင်း အာရက္ခတပ်တော် AA ထုတ်ပြန်ချက်အရသိရပါတယ်။

အနာဂတ်မဲ့ဘဝတွေနဲ့ လွယ်လွယ်ရတဲ့ မူးယစ်ဆေး

“ဆေးလစ်ပြီးကနေတဲ့ ဗီဒီယိုဖိုင်ကို သူငယ်ချင်းတွေက ရယ်စရာအနေနဲ့ ရိုက်ထားတာကို ပြန်ကြည့်ပြီး တော် တော့်ကို အံ့သြသွားတယ်၊ ကိုယ့်ကိုယ်ကို ဒီလောက်ထိရူးကြောင်ကြောင်နဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတာလည်း မသိခဲ့ဘူး“

ကုလသမဂ္ဂရဲ့ထုတ်ပြန်တာနဲ့ပတ်သက်ပြီးထိုင်းနိုင်ငံရောက် မြန်မာအမျိုးသမီးတချို့ရဲ့ သဘောထားများ

” တချိန်ချိန်မှာ သေချာပေါက်ပြန်ရမယ် ပြန်တဲ့အခါမှာလည်း တိုက်ပွဲဝင်နေတဲ့သူတွေရော ထောက်ခံနေတဲ့သူတွေရော အတူတူလက်တွဲပြီး အိမ်ပြန်ကြမယ်ဆိုတဲ့ စိတ်နဲ့ အိမ်ပြန်ချင်စိတ်ကို မေ့ဖျောက်ထားပါတယ်လို့ “ —– ဒီတပတ်ပေါ့ကတ်စ်အစီအစဉ်မှာတော့ “နိုင်ငံပြင်ပရောက်နေသူ လူငယ်တွေရဲ့ ၉၀ရာခိုင်နှုန်းလောက်ဟာ နိုင်ငံရေးနဲ့ စီးပွားရေးအခြေအနေတွေ ကောင်းမွန်လာပါက နိုင်ငံကိုပြန်လာလိုကြတယ်ဆိုတဲ့ ကုလသမဂ္ဂရဲ့ထုတ်ပြန်တာနဲ့ပတ်သက်ပြီးထိုင်းနိုင်ငံရောက် မြန်မာအမျိုးသမီးတချို့ရဲ့ သဘောထားများ”ကို မေးမြန်းတင်ဆက်ထားပါတယ်။

“လိင်အခြေပြု ဖိနှိပ်မှုနှင့် အတွေးအခေါ်တော်လှန်ရေး ” နိုင်ငံရေးစကားဝိုင်း

(၂၀၂၅ခုနှစ်၊ စက်တင်ဘာ ၁၀ရက်က Facebook Liveကို ပြန်လည်ဖော်ပြသည်။) Moderator တင်ဇာအောင် (Founder, MWiM) Speaker – ဖြိုးသစ်လူ (Activist Gender and LGBTIQA+) – စီရယ်လို (နိုင်ငံရေးလေ့လာသုံးသပ်သူ၊ သုတေသီ) – Liliane (Founder, Politics for Women Myanmar)