သန့်ရှင်းထွန်း ရခိုင်တပြည်နယ်လုံးနီးပါးကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်အာရက္ခတပ်တော်(ULA/AA) ဟာ နိုင်ငံရေးနှင့် ဦးဆောင်မှုအခန်းကဏ္ဍတွေမှာ အမျိုးသမီးတွေ တန်းတူပါဝင်နိုင်ဖို့ မူဝါဒတွေကို ပြင်ဆင် ရေးဆွဲနေတယ်လို့ ULA/AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက အသိပေးပြောကြားပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ULA/AA ရဲ့ (၁၀) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲရဲ့ အဖွင့်မိန့်ခွန်းမှာ အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ “အမျိုးသမီးဆိုင်ရာ မူဝါဒတွေ ရေးဆွဲတဲ့အခါ အာရက္ခပြည်တွင်း နေထိုင်သူ လူမျိုးစုနောက်ခံအားလုံးဟာ နိုင်ငံရေးနှင့် ဦးဆောင်မှုအခန်းကဏ္ဍတွေမှာ တန်းတူပါဝင်နိုင်မှု၊ ခေါင်းဆောင်မှု အခွင့်အလမ်းတွေကို မြှင့်တင်ပေးမှုတွေ ပါဝင်တယ်” အဲဒီနောက် အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနှင့် အမျိုးသမီးတွေ စွမ်းဆောင်ရည်မြင့်မားလာ စေဖို့ အာရုံစူးစိုက်ပြီးတော့ မူဝါဒတွေကိုလည်း ULA/AA က ဦးဆောင်ရေးဆွဲနေတယ်လို့ ဦးခိုင်သုခ […]